ကိုးကန့်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေမှာ တိုင်းရင်းသားလူမျိုးရေး ခွဲခြားတဲ့ အမုန်းစကားတွေ လူမှုကွန်ယက်တွေမှာ အများဆုံးပြန့်ပွားခဲ့ပြီး ရွေးကောက်ပွဲအကြိုကာလတွေမှာ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေပျံ့နှံ့ခဲ့တယ်လို့ PEN Myanmar အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ၁၂မျိုး နဲ့ ပြည်ပြန်ဝင်ခွင့်ဗီဇာ ၃မျိုး တိုးလိုက်တာဟာ အာဆီယံဒေသတွင်း နိုင်ငံအားလုံးအတွက် အကျုံးဝင်တဲ့ Asean Single Entrance Visaအတွက်ပြင်ဆင်တာဖြစ်နိုင်တယ်လို့သုံးသပ်။
ကာလုံဥပဒေကြမ်းဟာ အခုထိ တရားဝင် တင်သွင်းထားခြင်းမရှိသေးတာကြောင့် လွှတ်တော် ၂ ရပ်လုံးမှာ ဆွေးနွေးအတည်ပြုဖို့ အချိန်လုံလောက်မှု မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်ထားတဲ့ဓါတ်ပုံ မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
လှေစီးပြေးဒုက္ခသည် ကူညီရေးစခန်းတွေကို အပြီး ပိတ်သိမ်းလိုက်ပြီလို့ လဝက ဦးစီးဌာနက ပြောပါတယ်။ နောက်ဆုံးကျန်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၈ ဦးဟာ စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့နောက် အခုလို ပိတ်သိမ်းလိုက်တာပါ။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ၂၀၁၅ ရဲ့ ဆောင်ပုဒ်က "Our Rights, our freedoms, Always!" အခွင့်အရေးနဲ့ လွတ်လပ်မှုဟာ ထာဝရအတွက်ပါ လို့ သတ်မှတ်ထားပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံတဝှမ်း ကျင်းပနေကြပါတယ်။
ပြည်တွင်းပြည်ပစောင့်ကြည့်အဖွဲ့တွေလေ့လာနိုင်တာ ၂၀၁၀ နဲ့ယှဉ်ရင် တိုးတက်မှုဖြစ်ပေမယ့် စည်းမျဉ်းတွေနဲ့ စောင့်ကြည့်နေရတဲ့အတွက် ဒီမိုကရေစီဆန်ဆန် မဖြစ်သေးဘူးလို့ Carter Center က ပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နိုင်ငံ တည်ဆောက်ရေးဆိုင်ရာ Institutions တွေ အားကောင်းမောင်းသန် မဖြစ်သေးတာဟာ အရှိတရား ပဲဖြစ်ပါတယ်။”
ရွေးကောက်ပွဲ ရလဒ် အသိအမှတ် မပြုခဲ့ရင် ဒီမိုကရေစီ အသွင် ကူးပြောင်းရာက နောက်ကြောင်းပြန်တယ်လို့ ကန် ယူဆမည်
“နိုဝင်ဘာလက စတင်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” WFP မြန်မာဌာနေကိုယ်စားလှယ် Dom Scalpelli
မြန်မာနိုင်ငံသားတွေသာ ဂရုတစိုက်နဲ့ လေးလေးနက်နက် အကဲခတ်စောင့်ကြည့်နေမယ် ဆိုရင် မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ အခွင့်အလမ်းရှိတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI က ပြောဆိုလိုက်ပါတယ်။
“ရွေးကောက်ပွဲဆိုတာဟာ ပြုပြင်ပြောင်းလဲရေးကာလမှာ အရေးကြီးတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ အကောင်အထည်ဖော်မှု တစ်ခုသာဖြစ်ပါတယ်။”
ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး အမေရိကန်သံအမတ် ကွင်းဆင်းလေ့လာပြီးတဲ့နောက် လယ်ယာမြေပြန်လည် ထူထောင်ရေးကို စိုးရိမ်မိကြောင်း အမေရိကန်ပြည်ထောင်စုဖွံ့ဖြိုးမှု အေဂျင်စီ မြန်မာရုံးခွဲက ပြောဆို။
ရွေးကောက်ပွဲ တရားမျှတဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကူညီပံ့ပိုးသွားဖို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ မြန်မာနိုင်ငံကို လာမယ့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
"အစကတည်းက ကန့်သက်ချက်တွေ ရှိမယ်ဆိုတာကို ကျနော်တို့ ခန့်မှန်းထားပြီးသားပါ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲဖြစ်စဉ် တိုးတက်မှုရှိအောင်လို့ ဒီကန့်သက်ချက်တွေကြားကပဲ အကောင်းဆုံး ကြိုးစား စောင့်ကြည်သွားမှာ ဖြစ်ပါတယ်။"
"လက်ရှိ စနစ်အရ အချို့ ကြိုတင်မဲပေးတဲ့ နေရာတွေမှာ လေ့လာစောင့်ကြည့်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဥပမာ တပ်မတော်သားတွေ ကြိုတင်မဲပေးတာမျိုးပေါ့။ ကြိုတင်မဲပေးမယ့်ရက် ကို သေသေချာချာ မသတ်မှတ်ရသေးဘူး။ ပြီးတော့ တပ်ထဲမှာ ကြိုတင်မဲ ဘယ်လိုပေးမလဲ၊ ဘယ်တော့ပေးမလဲ ဆိုတာကလည်း တပ်ရင်းမှူးတွေပဲ စီစဉ်မှာ ဖြစ်ပါတယ်"
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံတကာ သတင်း အချက်အလက်အစီအစဉ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Llenda Jackson-Leslie က မြန်မာပြည်သူတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့ လိုချင်တဲ့ အဖြေရအောင် တောင်းဆိုတတ်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။
"ပြန်လည်ထူထောင်ရေးကလည်း အချက်အချာကျပါတယ်။ လူတော်တော်များများက လယ်မြေတွေ ဆုံးရှုံးသွားတာမျိုးတွေရှိတော့ သူတို့ရဲ့ သက်မွေးဝမ်းကျောင်းမှုမှာ အခက်အခဲတွေ ဖြစ်နေပါ တယ်။ ကျနော်တို့အဖွဲ့ကတော့ ပြီးခဲ့တဲ့သီတင်းပတ်မှာ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့ပြီး အခုတော့ ပြန်လည်ထူထောင်ရေးကို အားစိုက်နေပါတယ်"
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အမှန်တကယ် လွတ်လပ်ပြီး တရားမျှတစေဖို့ဆိုရင်တော့ နိုင်ငံသား အားလုံးပါဝင်ပြီး မဲပေးနိုင်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Ms. Yang Hee Lee က မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ်နေ့မှာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်