အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံအတွင်း အာရှ ပစိဖိတ် ၁၉ နိုင်ငံ အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းလာရေး ကြိုးပမ်းမှု အနေနဲ့ အမေရိကန် သမ္မတ Joe Biden က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ခိုင်မာအားကောင်းမှုကို အလေးထား ပြောဆိုခဲ့သလိုပဲ တရုတ်သမ္မတကလည်း အလားတူ ကြိုးပမ်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးရုံး (FCDO) ရဲ့ အခုနောက်ဆုံး နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း၊ ဒီနေရာတွေကိုသာ အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ပေးထားပြီး ခရီးမသွားခင် အကြံပြုချက်တောင်းခံကြဖို့ လည်း သတိပေးထားပါတယ်။
အမေရိကန်မှာ စိုက်ပျိုးရေး လုပ်ငန်း စတင်တာမှာ လွယ်ကူသလို ဈေးကွက်ကလည်း သေချာတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ စိုက်ပျိုးရေး လုပ်ငန်း စတင်လိုက်တဲ့ Zaw Farm လုပ်ငန်းရှင် ဦးဇော်နိုင်က ဗွီအိုအေကို ပြောပါတယ်။
AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကို လူ့အခွင့်အရေးဆိုင်ရာ Tulip ဆု ထိုင်းနိုင်ငံ နယ်သာလန်သံရုံးကနေ ချီးမြှင့်ခဲ့ပါတယ်။
မြန်မာ့ နိုင်ငံခြားဝင်ငွေ ထက်ဝက်နီးပါးလောက် ရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပြီး တချိန်တည်းမှာဘဲ ဗြိတိန်နဲ့ ကနေဒါတို့ကလည်း စစ်ကောင်စီနဲ့ ဆက်စပ်တယ်ဆိုတဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းကြီးတွေကို အရေးယူ ဒဏ်ခတ်ပါတယ်။
အီတလီ နိုင်ငံ ရောမ မြို့တော်မှာ တည်ရှိတဲ့ FAO ဌာနချုပ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က ကမ္ဘာ့လူငယ် စားနပ်ရိက္ခာနေ့ကို ကျင်းပတာမှာ လူငယ် တက်ကြွ လှုပ်ရှားသူတွေ၊ ကျော်ကြားသူတွေ ၊ စားဖိုမှူးတွေနဲ့ စွန့်ထွင်သူတွေ တက်ရောက်ခဲ့ကြပြီး ရေ အရင်းအမြစ် ကာကွယ်ရေး ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၉ ရက် ကြာသပတေးနေ့က ဝင်ရောက်ပြီး ကျေးရွာအနည်းဆုံး ၄ ရွာက နေအိမ် ၆၀ ဝန်းကျင်လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်မှာတော့ ကမ္ဘာမှာ စိန် အများဆုံး ထုတ်လုပ်တဲ့ ရုရှားထွက် စိန်တွေကို တားမြစ် ပိတ်ပင်ရေး စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံ G7 အဖွဲ့ဝင် နိုင်ငံတွက ကြိုးစားနေကြပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်စတင်ခဲ့ပြီး နောက်ပိုင်း ယူကရိန်းရဲ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ ၃၀၀ နီးပါး ပျက်စီးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာ ၂ ခုကတော့ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာဘဲ UNESCO ရဲ့ အန္တရာယ်ကျရောက်နေတဲ့ ဒေသများ စာရင်းကို ထည့်သွင်းဖို့ အလားအလာ ရှိနေပါတယ်။
အမေရိကန်တက္ကသိုလ်တွေကို နှစ်စဉ် နိုင်ငံတကာကျောင်းသား ထောင်ချီ လာရောက် တက်ကြပါတယ်။ ဝါရှင်တန် မြို့တော်တဝိုက်က တက္ကသိုလ်တွေကို ရောက်လာခါစ ကျောင်းသား ၄ ဦးနဲ့ တွေ့ဆုံပြီး ဗွီအိုအေ သတင်းထောက် Laurel Bowman က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြမှာပါ။
"၅၀ ကျော် ဝန်းကျင်က ၁၈ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခြင်းခံရတဲ့ နေရာတွေကြည့်လိုက်တော့ ရွာတွေ၊ IDP Camps တွေ၊ ဆေးရုံ ဆေးပေးခန်းတွေ၊ ကျောင်းတွေ ပိုပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရတာပေါ့နော်။" (ကိုဗညား- ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ)
ဥရောပသမဂ္ဂက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကြိုးစားနေတဲ့အတွက် ဥရောပမှာ လာမယ့်နှစ်တွေအတွင်း ဘက်ထရီတွေနဲ့ လောင်စာဆဲလ်တွေ အကြီးအကျယ် လိုအပ်လာဖို့ ရှိနေပြီး ဒီပစ္စည်းတွေအတွက် ဥရောပဟာ တရုတ်ကို မှီခိုရမယ့် အန္တရာယ် ရှိလာကြောင်း ရိုက်တာသတင်းအေဂျင်စီက ရရှိထားတဲ့ ဥရောပသမဂ္ဂရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်း ကဏ္ဍမှာ မြန်မာနိုင်ငံသားတွေ အတွက် စီးပွါးရေး အခွင့်အလမ်း အလားအလာတွေနဲ့ ပတ်သက်ပြီး Great Burma International Thailand ကုမ္ပဏီရဲ့ ဒါရိုက်တာ မစုမွန်တိုးကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
“မောင်တောဘက်မှာ ဒီလိုမျိုး ကားတွေမီးရှို့လိုက်၊ ပြန်ပေးဆွဲလိုက်လုပ်နေတဲ့ ဟာတွေကို တွေ့ရတဲ့အခါကျတော့ ARSA ရဲ့ သွားလာလှုပ်ရှားမှုတွေ မြင်တဲ့အခါကျတော့ လူတွေက တဘက် မြန်မာ့တပ်မတော်ကလည်း စစ်ကြောင်းတွေထွက်လာတော့ တိုက်ပွဲဖြစ်မှာတို့၊ ကြားညှပ်မှာကို စိုးရိမ်ကြတာပေါ့။” (မောင်တောဒေသခံမွတ်ဆလင်)
မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ထိခိုက်သက်ရောက်မှု ရှိပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုမှာ ချွင်းချက် အရ ခွင့်ပြုထားချက်ကို အသုံးပြုပြီး နိုင်ငံခြားငွေ ရရှိရေး ကြိုးပမ်းမယ့် အကြောင်း စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။
“ အဓိကတော့ ဒီ Pheu Thai ပါတီက ဘာကိုပဲ ဦးတည်တာလဲ ဆိုတော့ တိုင်းပြည် စီးပါွးရေး ကျနေတယ်။ ဒါကို ဘယ်လို မြှင့်တင်မလဲ ဆိုတဲ့ ကိစ္စတွေ ပြောတယ်။ နောက်တခုက သူ့တိုင်းပြည် ကိစ္စတွေ အဓိကထားပြီး ပြောတာကြောင့် မြန်မာပြည်ကိစ္စက သိပ်တော့ စဉ်းစားနိုင်ဦးမယ်လို့မထင်ဘူး။” (ဦးအောင်သူငြိမ်း)
"အခု လမ်းပျက်ပြီးနောက်ပိုင်း ဓာတ်ဆီက ရေသန့်ဘူး တဘူးကို ၄ ထောင်နဲ့ ဝယ်နေကြရတယ်။ ၅ ထောင်စျေးအထိ ရှိတယ်။" (မတူပီဒေသခံ)
မြန်မာနိုင်ငံပိုင်ဘဏ် ၂ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားပြီး သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထား လိုက်နာဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။ အမေရိကန်ရဲ့ မြန်မာ နိုင်ငံပိုင် ဘဏ်ကြီး ၂ ခု အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ သက်ရောက်မှု အတိုင်းအတာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက အိမ်ယာ တချို့ကို ဖယ်ရှား ဖျက်စီးမှုတွေ ဆက်တိုက် လုပ်လာနေပါတယ်။ ဒီထဲမှာ လယ်ယာမြေပေါ်မှာ အိမ်ယာဆောက်လုပ် နေထိုင်သူတွေလည်း ပါဝင်လာပါတယ်။ ဒီသီတင်းပတ် စီးပွါးရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ရှိနေပြီးစစ်ရေးတင်းမာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်