စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ခြမ်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက် နယ်မြေရှင်းရာမှာ ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးပြီး၊ ကျေးရွာသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးစစ်ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီနဲ့အပြိုင် နယ်မြေစိုးမိုးရေး မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ကားလမ်းတလျှောက်မှာ ဒေသခံတော်လှန်ရေး အင်အားစုတွေက အသွားအလာယာဉ်တွေကို စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလို ရှာဖွေစစ်ဆေးတာကနေ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် တချို့ကို ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေ မီးရှို့ခံနေရတာ ၁ လနီးပါးရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ အကာအကွယ်မရတာကြောင့် အရှေ့တောင်အာရှ လုပ်သားဈေးကွက်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနဲ့ အဓမ္မခိုင်းစေခံရမှုတွေကို ဦးတည်သွားစေတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီး ILO က ပြောဆိုထားပါတယ်။ ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ အကာအကွယ်မရတာကြောင့် အရှေ့တောင်အာရှဒေသ လုပ်သားဈေးကွက်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနဲ့ အဓမ္မ ခိုင်းစေခံရမှုတွေကို ဦးတည်သွားစေတယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO က ပြောဆိုထားပါတယ်။
ထိုင်းအစိုးရ စီစဉ်တဲ့ ဝန်ကြီးအဆင့် မြန်မာ့အရေးအလွတ် သဘောဆွေးနွေးပွဲ ကတော့ ရလဒ်အဖြေတစုံတရာမရှိပြီး ပြီးသွားခဲ့ပါတယ်။
နိုင်ငံတကာ ကုန်သွယ်ရေးမှာ အဓိက သုံးငွေ အမေရိကန် ဒေါ်လာ အပြင် တခြားသော ငွေကြေးတွေ အသုံးပြု ကုန်သွယ်ရေးကနေ ငွေကြေးလွှဲပြောင်းမှု ပိုပြီး လွယ်ကူလာစေမလား ဆိုပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်း Ice လို့ခေါ်တဲ့ crystal meth မူးယစ်ဆေးဝါး ၁၀ တန်ပိုပြီး ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။
ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က မေလ ၃၁ ရက်နေ့ကို ဆေးလိပ် ကင်းရှင်းရေးနေ့ အဖြစ် သတ်မှတ်ထားတာနဲ့ အတူဘဲ ဆွီဒင်နိုင်ငံဟာဆိုရင် နိုင်ငံတဝန်း လူထုရဲ့ ၅ ရာခိုင်နှုန်းအောက်သာ နေ့စဉ် ဆေးလိပ်သောက်သုံးတဲ့ နိုင်ငံ အဖြစ် ကြေညာဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ်တွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတဦး ဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အဲဒီ စစ်ကြောင်းဟာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုရှိပြီး အထိအခိုက်ရှိတယ်လို့လည်း သိရပါတယ်။
အသက်မွေးဝမ်းကျောင်း အတွက် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်သူတွေ နည်းလမ်းရှာ ကြိုးပမ်းနေကြတဲ့ အကြောင်း ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ဆိုင်ကလုန်း မုန်တိုင်း မိုခါဒဏ်သင့် မြန်မာပြည်သူတွေကို ကူညီပေးနိုင်ရေး အတွက် အကူအညီလိုအပ်နေတဲ့ လူထုထံ သွားလာခွင့်၊ အကူအညီ ပစ္စည်းတွေ အတွက် အကောက်ခွန် ကင်းလွတ်ခွင့်နဲ့အတူ ရံပုံငွေလည်း လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက အင်အားသုံး နယ်မြေရှင်းနေတာကြောင့် အနည်းဆုံး ကျေးရွာ ၃၀ ကျော် စစ်ရှောင်နေကြရပြီး ဒေသခံတချို့ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အွန်လိုင်းပေါ်ကနေ လိမ်လည်ပြီး ငွေညှစ်တဲ့လုပ်ငန်းတွေမှာ လူကုန်ကူးခိုင်းစေခံရမှုတွေဟာ အာဆီယံဒေသတွင်းမှာ အဓိက ပြဿနာတရပ်ဖြစ်လာပြီး ဒီကိစ္စကို တိုက်ဖျက်ရေး အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မေလ ၁ ရက်နေ့ ကျရောက်တဲ့ အလုပ်သမားနေ့မှာ ကမ္ဘာတဝန်း လုပ်သားတွေက လုပ်ခလစာ တိုးတက်ရရှိရေးနဲ့ အလုပ်အကိုင် အခြေအနေ တိုးတက်ကောင်းမွန်ရေး တောင်းဆို ချီတက်ခဲ့ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာဘက်ခြမ်း ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထိုင်း - မြန်မာ ကုန်စည် စီးဆင်းမှုတွေ တုံ့နှေးသွားသလို နိုင်ငံတဝန်းမှာလည်း ပိုပြီး တင်းကြပ် စစ်ဆေးလာတာကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာနေရပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့ကြားက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက် နယ်မြေရှင်းနေတာကြောင့် အနည်းဆုံး ကျေးရွာ ၈ ရွာလောက်က ဒေသခံ တသောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
“ လမ်းပိုင်းတွေမှာတော့ ပြုပြင်တာတွေ ရှိတယ်။ ကျောင်းတွေ ဘာတွေ လှူဒါန်းတာတွေတော့ နည်းနည်း ရှိတာပေါ့။ ”
“V Power စက်ရုံကရပ်တန့်လိုက်တယ်လေ။ အဲဒီမှာ ဖြုတ်ကြတာ။ ပြီးရင် China Power က လူခေါ်မယ်ဆိုပြီး လူက အဲလောက်ထိ မခေါ်ဘူး။ ကိုယ့်ပြည်နယ်တွင်းက လူတွေ အလုပ်အကိုင်မရကြဘူး။”
မြန်မာ စစ်ကောင်စီဟာ တရုတ်ရဲ့ ခါးပတ်လမ်း - ပိုးလမ်းမ BRI စီမံကိန်းတွေကို အရှိန်မြှင့် ဆောင်ရွက်လာနေပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ အရှိန်မြှင့် ဆောင်ရွက်လာတဲ့ ဒီစီမံကိန်းတွေကြောင့် ဒေသခံ လူထုရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာမှုတွေ အပေါ် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်