ရိုဟင်ဂျာဒုက္ခသည်တွေ အကြမ်းဖက်ခံရတဲ့ အဖြစ်အပျက်တွေဟာ သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့အကြောင်း အမေရိကန် ဒုသမ္မတ Mike Pence က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ စင်ကာပူနိုင်ငံမှာ သီးခြား တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ မသိဂီၤထိုက်က တင်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုတိယ သမ္မတ Mike Pence တို့ ဒီကနေ့ စကာၤပူမှာ တွေ့ဆုံဆွေးနွေးမှု အတွင်း ရိုဟင်ဂျာ အရေး၊ ဖမ်းဆီးခံ သတင်းထောက်တွေ အရေးကို အလေးထား ဆွေးနွေးကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေး မူဘောင် သဘောတူညီချက်ကို ဒီကနေ့ နေပြည်တော်မှာ မြန်မာနဲ့ တရုတ်ကြား လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
အမေရိကန် သမ္မတ Donald Trump အပေါ် လူထုဆန္ဒ ခံယူပွဲ အဖြစ် ရှုမြင်ကြတဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွေ မနေ့က ကျင်းပခဲ့တာမှာတော့ အောက်လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရက်တွေဘက်က အများစု အနိုင်ရသွားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒီကနေ့ သွားရောက်ပြီး ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ရှင်းလင်းပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုရေးနဲ့ နိုင်ငံသား ဖြစ်ရေး အပါအဝင် စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို အခြေခံပြီး မြန်မာနိုင်ငံ အပေါ်မှာ အဆိုးမြင်နေပြီး ကြိုးကြောင်းခိုင်လုံမှု မရှိဘဲ ဝေဖန် စွပ်စွဲနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေ အရ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်က မြို့တွေမှာ နေထိုင်နေကြတာပါ။ ကမ္ဘာတလွှား မြို့တွေမှာ လူဦးရေ တိုးများလာမှုကြောင့် ဖွံ့ဖြိုးလာတဲ့ တချို့ မြို့ပြဒေသတွေမှာ အိမ်ယာ ပြသနာနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ Mike O’Sullivan က သတင်းပေးပို့ထားတာကို မသိဂီ ၤထိုက် တင်ပြပေးမှာပါ။
ရန်ကုန်တိုင်းတွံတေးမြို့နယ်တွင်းကဗောင်းတော်ချုပ်သာသနာ့နယ်ထဲမှာဒါဇင်နဲ့ချီတဲ့မြွေတွေရှိတဲ့ဘုရားကိုဘုရားဖူးတွေလာပြီးအဓိဌာန်ဝင်ကြပါတယ်။ဗုဒ္ဓဘုရားကျောင်းဆောင်ကြမ်းပြင်ပေါ်မှာအမိုးအကာတွေအပေါ်မှာမြွေတွေနဲ့ဘုရားကအဓိဌာန်အောင်တယ်လို့ကိုးကွယ်သူတွေကယုံကြည်နေကြတာပါ။AFPသတင်းကိုအခြေခံပြီးမသိင်္ဂ ီထိုက်ပြောပြမှာပါ။
မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်ထဲ စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြဖို့ ရှိနေပါတယ်။
AIDSရောဂါကိုအမြစ်ဖြုတ်တိုက်ဖျက်နိုင်ရေးအစိုးရတွေနဲ့လူမှုအသိုင်းအဝိုင်းတွေကြား ဆက်ပြီး အလေးအနက်မလုပ်ရင် AIDSဖြစ်ပွားမှုပြန်နိုးထလာနိုင်တယ်လို့သတိပေးပါတယ်။အထူးသဖြင့်လက်လှမ်းမမီတဲ့လူမှုအသိုင်းအဝိုင်းတွေအတွက်အစိုးရိမ်ရဆုံးဖြစ်ကြောင်းပြောပါတယ်။Carol Pearsonသတင်းပေးပို့ထားတာကို မသိဂီ ၤထိုက် ပြောပြပေးမှာပါ။
ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာဆယ်ကျော်သက်မိန်းကလေးက ကမ္ဘာပေါ်မှာပညာတတ်ရိုဟင်ဂျာအမျိုးသမီးတဦး ဖြစ်ဖို့ ရည်မှန်းချက်နဲ့ကြိုးစားနေပါတယ်။လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လေ့လာလိုပြီး ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရိုဟင်ဂျာမိန်းကလေးအကြောင်း AP ဆောင်းပါးကို မသိင်္ဂ ီထိုက်က တင်ပြပေးမှာပါ။
ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဆယ်ကျော်သက် မိန်းကလေး တဦးကတော့ ကမ္ဘာပေါ်မှာ ပညာတတ် ရိုဟင်ဂျာ အမျိုးသမီး တဦး ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကြိုးစားနေပါတယ်။
အင်္ဂါနေ့ညချမ်း တိုက်ရိုက်လေလှိုင်း အစီအစဉ် (အောက်တိုဘာလ ၉ ရက် ၂၀၁၈)
ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ ဂျူး ဘုရားကောျင်းတွေမှာ ဘုရားရဲ့ဘုန်းတော်ဘွဲ့တွေကိုပန်းချီတွေ၊ ရောင်စုံမှန်တွေနဲ့ရေးဆွဲအလှဆင်ကြပေမယ့်အစ္စလာမ်ဘာသာရေးမှာပုံတွေကိုတားမြစ်ထားတာကြောင့် ကိုအာရ် ကျမ်းစာပါ စာသားတွေကိုအလှရေးပြီးအလှဆင်ကြတာမျိုးလည်း ရှိပါတယ်။ဒီအကြောင်း Rebaz Majeed ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက်ပြောပြမှာပါ။
ဟောလိဝုဒ်လုပ်ငန်းရှင်ကြီးHarvey Weinsteinက သူ့အတွက် အလုပ်လုပ်ပေးခဲ့တဲ့အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ စွပ်စွဲချက်တွေကို လွန်ခဲ့တဲ့ တနှစ်ကျော်က New York Times က အသေးစိတ်ဖော်ပြခဲ့တာပါ။ MeToo လှုပ်ရှားမှုပေါ်ပေါက်လာတဲ့အပြောင်းအလဲကို Dora Mekouar ကတင်ပြထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အကူအညီ အလုံအလောက်ပေးဖို့ ဘင်္ဂလားဒေရှ့်ဘက်က တောင်းဆိုလိုက်ပြီး ဒီလူတွေ ဌာနေပြန်ရေး မြန်မာဘက်က ထိထိရောက်ရောက်မလုပ်ဘူးလို့လည်း ပြောဆို သွားပါတယ်။ ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ ပယ်ဖျက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဆူလာဝေဆီကျွန်းမှာ သောကြာနေ့က ပြင်းအား ၇.၅ မဂ္ဂနီကျူရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းဒဏ်သင့်ခဲ့ပြီးနောက် သေဆုံးသူ ၈၀၀ ကျော်ရှိနေပြီဖြစ်ပြီး နောက်ထပ်အရေအတွက်တိုးလာနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အမေရိကန်နဲ့ တရုတ်ကြား အပြန်အလှန် သွင်းကုန်ခွန်တွေ တိုးမြှင့်ကောက်ခံ နေကြတဲ့ ကုန်သွယ်ရေး စစ်ပွဲ အတွင်း အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ စီးပွားရေးမှာတော့ အမြတ်ထွက်နိုင်တယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံတွင်းက စက်မှုလုပ်ငန်းတွေ ရွှေ့လာနိုင်သလို ဈေးတက်လာမယ့် အမေရိကန် ကုန်ပစ္စည်းတွေ နေရာမှာ အစားထိုး တင်ပို့နိုင်ရင် အကျိုးရှိနိုင်မယ်လို့ စီးပွားရေး အဝန်းအဝိုင်းကလည်း ခန့်မှန်းနေကြတာပါ။
ရခိုင်မြောက်ပိုင်း ပဋိပက္ခတွင်း ကြမ်းကြုတ်ရက်စက်မှုတွေ အပေါ် တာဝန်ခံမှုနဲ့ တရားမျှတမှုရှိမှ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဒေသကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ရခိုင်အရေးပြသနာ၊ ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေ အရေးတို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့တာပါ။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံရေး အကျဉ်းသားတွေ အရေး လေ့လာဆွေးနွေးခဲ့သလို မနက်ဖြန်မှာတော့ ရိုဟင်ဂျာ ပဋိပက္ခကို လေ့လာဖို့ ရခိုင်ပြည်နယ်ကို သွားရောက်မှာပါ။စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တချို့နဲ့လည်းတွေ့ဆုံဖို့လည်း ရှိနေတာပါ။
နောက်ထပ်ကြည့်ရှုရန်