အစားထိုး ဈေးကွက်ရှာဖို့ ကြိုးစားနေပေမယ့် ရေရေရာရာ မရှိသေးတဲ့ အခြေအနေကြောင့် ပြည်ပ ဆန်တင်ပို့မှုက သိသိသာသာကျဆင်းသွားမယ်လို့ သုံးသပ်ထားကြပါတယ်။
ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံခဲ့ရတာ ၅၁ နှစ်ရှိခဲ့ပါပြီ။ အာဖရိကန် နွယ်ဖွား အမေရိကန် တရားဟောဆရာ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှု က နိုင်ငံကို အပြောင်းအလဲ ဖြစ်စေခဲ့သလို ကမ္ဘာတလွှားကိုပါ ဂယက်ရိုက်ခတ်ခဲ့တာပါ။ Mariama Diallo ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂဘက်က တိုက်တွန်းပါတယ်။
အမေရိကန်အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားတာ အခုဆိုရင် သတင်းသုံးပတ်ကျော်လာခဲ့ပြီ ဖြစ်တာကြောင့် လစာမရတဲ့ စစ်မှုထမ်းဟောင်းမိသားစုတွေက အခြေအနေတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနေကြရသလဲ ဆိုတာအမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ဆိုင်ရာ VOA သတင်းထောက် Carla Babb သတင်းပေးပို့တာကို မသိင်္ဂ ီထိုက်ကတင်ပြပါမယ်။
အိန္ဒိယက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကြီးက ကျေးလက်ဒေသမှာ ကြီးထွားလာတဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်စေပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းက အမြတ်မရှိတော့တာကြောင့် အကြွေးနွံနစ်စေတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ Anjana Pasricha က သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။
5G ဝိုင်ယာလက် နည်းပညာက ကမ္ဘာ့ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းကြီးတခုလုံးကို ပြောင်းလဲသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ကို အဆင့်မြင့်နည်းပညာရဲ့ အထွဋ်အထိပ်နေရာက ဖယ်ဖို့ တရုတ်ဘက်က ရည်မှန်းထားတဲ့အကြောင်း Jela de Franceschi ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အမေရိကန်လွှတ်တော်မှာ ၂၀၁၈ တနှစ်တာ အတွင်း အခြေအနေတွေကို စုစည်းထားတဲ့ ဗွီအိုအေရဲ့ လွှတ်တော် ဆိုင်ရာ သတင်းထောက် Katherine Gypson ရဲ့ ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာအစိုးရစစ်တပ်ရဲ့ နှိမ်နှင်းခဲ့မှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အောက်လွှတ်တော်က တခဲနက်မဲခွဲအတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို မသိကျိုးကျွံပြုလိုက်တာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက တုံ့ပြန်လိုက်ပါတယ်။
ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျ စစ်တပ် ပါဝင်ပတ်သက်မှုအပေါ် အမေရိကန်ထောက်ခံမှု အဆုံးသတ်မယ့် ဆုံးဖြတ်ချက်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အမေရိကန်ရဲ့ ရေရှည်မဟာမိတ် ဆော်ဒီအပေါ် အထက်လွှတ်တော်ရဲ့ သမိုင်းဝင် ပြစ်တင်မှုလည်း ဖြစ်ပါတယ်။ Michael Bowman ရဲ့ သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့သုံးဖွဲ့တို့ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာဆိုရင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အရေးကြီးတဲ့ တိုးတက်မှု ဖြစ်တယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းက ပြသနာ အများစုရဲ့ အရင်းခံက စစ်တပ်ကြောင့် ဖြစ်နေရတာလို့ ဗြိတိန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှု အဖွဲ့ Burma Campaign UK က စွပ်စွဲလိုက်ပြီး စစ်တပ်နဲ့ စီးပွားဖက် နိုင်ငံတကာ လုပ်ငန်း ၅၀ နီးပါးကို နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။
ဒီကနေ့မှာတော့ ဘင်္ဂလားဒေရှ့် မြန်မာ နှစ်နိုင်ငံ တံတား၊ နောက် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေး တိမ်းရှောင်သူတွေကို ပြန်လည် လက်ခံမယ့် တောင်ပြိုလက်ဝဲ လက်ခံရေး စခန်းကို သွားရောက်ခဲ့သလို၊ နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ တိမ်းရှောင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ပဋိပက္ခ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ သတင်းမီဒီယာတွေအပေါ် သံသယအမြင်တွေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဒေသခံတချို့ရဲ့ အမြင်သဘောထားတွေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာအာဏာပိုင်တွေရဲ့ အစီအစဉ်တွေကို ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း ကိုယ်တိုင်သွားရောက်သတင်းယူနေပါတယ်။
ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာ ၆ နှစ်ကျော်ကြာ နေထိုင်နေရတဲ့ မူဆလင်တွေ နေရပ်ရင်းတွေ ပြန်လည် အခြေချနိုင်ရေး မရေမရာ အခြေစိုက်နေပြီး လက်ရှိ နေထိုင်နေရတဲ့ စခန်းတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်လည်း မရှိလို့ စားဝတ်နေရေး မပြေလည်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
အမေရိကန်ကိုလာပြီးပညာသင်ကြားကြတဲ့ နိုင်ငံခြားသားကျောင်းသားတွေကြောင့် အမေရိကန်စီးပွားရေးအတွက် ဒေါ်လာသန်းထောင်နဲ့ချီ ဝင်ငွေရရှိနေပါတယ်။ ဒါပေမယ့်အခုတော့ နိုင်ငံခြားကျောင်းသား အများအပြားကတခြားနိုင်ငံတွေကို ရွေးဖို့ စစဉ်းစားလာကြတဲ့အကြောင်း Kathleen Struck သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ကူတူပါလောင် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို BRAC လို့ခေါ်တဲ့ NGO အဖွဲ့က စာရင်းကောက်ယူပြီးအပြန်မှာ ကား၂စီးပေါ်ပါလာတဲ့ အမျိုးသမီးဝန်ထမ်းတွေ အောက်ဆင်း လမ်းလျှောက်စဉ်- ဒုက္ခသည်တချို့က ဝိုင်းဝန်းနောက်ပြောင်ရာက အပြန်လှန် ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို နိုင်ငံတဝန်းက လာရောက်ပါဝင် ဆင်နွှဲကြပါတယ်။ တောင်ကြီး မီးပုံပျံပွဲတော်က ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သလို မီးပုံးတွကို ပုံဆန်းတွေ လုပ်လာတာကြောင့် ပွဲတော်လာ ပရိသတ် ဘေးကင်းလုံခြုံမှု အတွက် စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြပါမယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မူဆလင် ဒုက္ခသည်တွေကို ထားရှိရာ အနောက်ရဲ ဒုက္ခသည် စခန်းကနေ ဖမ်းဆီးထားသူ နှစ်ဦးကို ပေါက်တောမြို့မှာ ထိန်းသိမ်းထားပြီး လူကုန်ကူးမှု ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
ဘင်္ဂလားဒေရှ့် အစိုးရဘက်က ဘတ်စ်ကားတွေ စီစဉ်ပေးပါတယ်။ ဒါ့အပြင် ဌာနေပြန်ရေးဆိုင်ရာ ဘင်္ဂလားဒေရှ့် ကော်မရှင်နာမင်းကြီးလည်း ဒီကနေ့ အစောပိုင်းတုန်းက စခန်းမှာ ရှိနေခဲ့ပါတယ်။ တွေ့ဆုံ မေးမြန်းရသလောက် ဆန္ဒအလျောက် ဌာနေပြန်လိုတဲ့ ဒုက္ခသည် တဦးမှ မရှိဘူး။
ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲက ပထမ အသုတ် အဖြစ် မနက်ဖြန်မှာ ဌာနေပြန်ရေး လုပ်ငန်းစဉ် စတင်ဖို့ ရှိနေချိန်မှာဘဲ ဖိအားပေးပြီး ဌာနေပြန်ခိုင်းမယ့် အရေးကို ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်