အီရတ်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ကို နှင်ထုတ်ဖို့ အီရတ်လွှတ်တော်က အစိုးရကို တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
(Zawgyi/ Unicode) ၂၀၁၉ ခုနှစ်မှာ မြန်မာ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အား ဖြစ်တဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်ပ တင်ပို့မှုမှာ အခက်တွေ့ရတဲ့နှစ်ဆိုရင် မမှားပါဘူး။
ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ညီလာခံမှာတော့ ဂျီနီဗာ ကုသလဂ္ဂ ဌာနချုပ်ရဲ့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေပြီး မြန်မာဘက်က ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
(Zawgyi/ Unicode) စစ်တပ် ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မယ့် ဥပဒေကြမ်း တခုက အမေရိကန် လွှတ်တော်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ အထက်လွှတ်တော် အမတ် Mitch McConnell က ဒါကို ထိန်းထားပါတယ်။ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို သူက ခွင့်မပြုပါဘူး။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ဂမ်ဘီယာ နိုင်ငံက အင်္ဂါနေ့မှာ နိုင်ငံတကာ တရားရုံး ICJ မှာ ထွက်ဆိုပါတယ်။
ရိုဟင်ဂျာတွေ အပေါ် မျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာ အမှုဖွင့်ခံရမှုက တာဝန်ယူမှု တာဝန်ခံမှု အတွက် အရေးကြီးတဲ့ အဆင့်တရပ် ဖြစ်တယ်လို့ ကမ္ဘာတလွှား ဒုက္ခသည်တွေ အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ Refugees International က ပြောဆိုပါတယ်။
(Zawgyi/ Unicode) ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲတွေ အပြီးမှာ သီပေါမြို့က ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်ပြီး အလုပ်ဖြစ်လာပါတယ်။
ကမ္ဘာတလွှား မြို့တော်ကြီးတွေမှာ ခရစ်စမတ် မီးရောင်စုံတွေ ထွန်းညှိလိုက်ကြပါပြီ။ အလှဆင်ထားတဲ့ ဧရာမ ခရစ်စမတ် သစ်ပင်ကြီးတွေက အစ Santa ဘိုးဘိုးကြီးတွေလည်း အားလပ်ရက်ပွဲတော်ကို တရားဝင် စတင်လိုက်ကြပါပြီ။ ကမ္ဘာတလွှား ခရစ်စမတ်ပွဲတော်တွေ ဆင်နွှဲနေကြပုံတွေကို AP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြပါမယ်။
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်း ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူမ အနေနဲ့ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ဗြိတိန်နိုင်ငံ လန်ဒန်ကို ဒီသီတင်းပတ်ထဲမှာ သွားရောက်ပြီး မြောက်အတ္တလန္တိတ်စစ်စာချုပ် အဖွဲ့ NATO ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မှာပါ။ VOA သတင်းထောက် Patsy Widakuswara က လန်ဒန်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
အမေရိကန်သမ္မတ Donald Trump က ဗြိတိန်နိုင်ငံ လန်ဒန်ကို ဒီသီတင်းပတ်ထဲမှာ သွားရောက်ပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မှာပါ။
(Zawgyi / Unicode) ဘင်္ဂလားဒေရှ့် နိုင်ငံမှာ အဓိက စားသောက်ကုန် ကြက်သွန်နီ ပြတ်လပ်ပြီး ဈေးတက်သွားတာကြောင့် ရခိုင်နယ်စပ်မှာ ကြက်သွန်နီ တင်ပို့မှု အလုပ်ဖြစ်နေပါတယ်။
မော်တော်ယာဉ် ပိုင်ရှင်တွေ အခွန်ဆောင်မှ ယာဉ် မှတ်ပုံတင်ခွင့် ပေးမယ့် ကညန - ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြေညာချက်က လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့က စလို့ သက်ရောက်မှာ ဖြစ်ပါတယ်။
ဟောင်ကောင်ကျွန်းက district ကောင်စီ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အပေါ် တရုတ် အစိုးရ အာဘော် သတင်းစာက ကြိုးကိုင်ချယ်လှယ်ခံရတဲ့ မမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ပြောဆိုပြီး ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်မြင်မှုကို မှေးမှိန်အောင် ပြောဆိုလိုက်ပါတယ်။
(Zawgyi/ Unicode) လနဲ့ချီပြီး ပြည်ပ ထွက်ခွာ တိမ်းရှောင် နေနိုင်ခဲ့တဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် ဧက ၆၀၀၀ ကျော် လုပ်ပိုင်ခွင့် ရခဲ့သူ၊စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးကို အခုလို ဖမ်းဆီးလိုက်တာဟာဆိုရင် မြန်မာ့ စီးပွားရေး လုပ်ပုံ ကိုင်ပုံ အခင်းအကျင်း ပြောင်းလဲလာတဲ့ သဘောလား၊
(Zawgyi/ Unicode) လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အမှုဖွင့်ခံရတဲ့ အပြင် အာဂျင်တီးနား နိုင်ငံမှာလည်း မြန်မာ့ ခေါင်းဆောင်တွေကို အမှုဖွင့်လိုက်တာကြောင့် အမေရိကန် အပါအဝင် အထူးသဖြင့် အနောက် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေပါသလား။
တရုတ်ပိုင်နက်အတွင်းက တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းမှာလာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့မှာ ဟောင်ကောင်ပြည်သူတွေအနေနဲ့ မဲဆန္ဒပေးပွဲကနေ တဆင့် သူတို့ သဘောထားကို ဖော်ပြနိုင်မယ့် အခွင့်အလမ်းတခု ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် Bill Gallo ရဲ့သတင်းကို မသိဂီ င်္ထိုက် တင်ပြပေးပါမယ်။
(Zawgyi/ Unicode) ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းတွေ အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတဲ့ အခြေအနေမှာ ပြန်ပြည့်မြဲစွမ်းအင်ကို ပြောင်းလဲ အသုံးပြုဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။
အမေရိကန် တရားရုံးချုပ်က ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကြားနာမယ့် အမှု တခုဟာဆိုရင် အမေရိကန် ပြည်ထောင်စုကို ကလေးဘဝမှာ တရားမဝင် ရောက်ရှိခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ လူတွေ အပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဗွီအိုအေ သတင်းထောက် Warangkana Chomchuen ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာ အစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ ပင်မ တရားရေး အဖွဲ့ကြီး ဖြစ်တဲ့ ICJ မှာ အမှုတင်သွင်း လိုက်တာမှာ ဥပဒေ အရ လုပ်လာရင် ဥပဒေကြောင်းအရ ပြန်တုံ့ပြန်မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်