နိုင်ငံတော် ဘဏ္ဍာ အတွက် ရွှေပိဿ ၁၂၀၀ ကျော် ပေးရန်ရှိနေတဲ့ မိုးထိမိုးမိ ရွှေတွင်းတွေ လုပ်ကိုင်ခွင့် ရခဲ့သူ၊ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လနဲ့ချီပြီး ပြည်ပ ထွက်ခွာ တိမ်းရှောင် နေနိုင်ခဲ့တဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် ဧက ၆၀၀၀ ကျော် လုပ်ပိုင်ခွင့် ရခဲ့သူ၊စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးကို အခုလို ဖမ်းဆီးလိုက်တာဟာဆိုရင် မြန်မာ့ စီးပွားရေး လုပ်ပုံ ကိုင်ပုံ အခင်းအကျင်း ပြောင်းလဲလာတဲ့ သဘောလား၊ ဒီ ဖမ်းဆီးမှုက စီးပွားရေး လောကမှာရော ဂယက် ရိုတ်ခတ်မှု ရှိပါသလား ဆိုတာတွေကို စီးပွားရေး လုပ်ငန်းရှင် ဦးမင်းခင်နဲ့ မသိင်္ဂ ီထိုက် ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။
(Unicode)