ထိုင်းနိုင်ငံတွင်း COVID 19 ကူးစက်မှု တိုးလာတာဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ်က တနလာၤနေ့မှာ အပြစ်တင်လိုက်ပြီး လက်ရှိ အချိန်ထိ အသွားအလာ ကန့်သတ်ပိတ်ပင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ မရှိသေးကြောင်းနဲ့ ပြည်သူတွေ စိတ်အေးအေးထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဗီယက်နမ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ခဲ့မှု၊ ပို့ကုန်တင်ပို့မှု တိုးများလာမှုနဲ့ အများပြည်သူ သုံးစွဲမှုကလည်း ကောင်းမွန်မှုတွေကြောင့် ၂၀၂၀ ပြည့်နှစ် စီးပွားကျမှုဒဏ် မခံရအောင် ဗီယက်နမ်ကို အထောက်အကူ ဖြစ်စေပြီး စီးပွားရေးလည်း အမြန် ပြန် နားလန်ထလာပါတယ်။
ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီး နောက်ပိုင်းမှာ ဥရောပ နိုင်ငံတွေရဲ့ ငါးဖမ်း လုပ်ငန်း ကဏ္ဍမှာ အပြောင်းအလဲ တရပ် ဖြစ်လာဖို့ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားကို ပို့ဆောင်ပေးတဲ့ လူကုန်ကူးမှုဟာ ဆန်းပြား ရှုပ်ထွေးပြီး စခန်းတွင်းက လူတွေ အဓိက ပါဝင်ပတ်သတ်နေတဲ့ ဒေါ်လာ သန်းချီတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာကို ဒီ လူကုန်ကူးမှု ကွန်ရက်ထဲမှာ ပါတဲ့ သူတွေနဲ့ စုံစမ်း မေးမြန်းမှုကနေ ထွက်ပေါ်လာပါတယ်
ဘင်္ဂလားဒေရှ့် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားကို ပို့ဆောင်ပေးတဲ့ လူကုန်ကူးမှုဟာ ဒေါ်လာ သန်းချီတဲ့ လုပ်ငန်းဖြစ်တယ် ဆိုတာကို ဒီ လူကုန်ကူးမှု ကွန်ရက်ထဲမှာ ပါတဲ့ သူတွေနဲ့ စုံစမ်း မေးမြန်းမှုကနေ ထွက်ပေါ်လာပါတယ်။ AFP ရဲ့ စုံစမ်းဖော်ထုတ်ထားတဲ့ ဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စုမှာ တနလာနေ့က ကျန်းမာရေး ဝန်ထမ်းတွေကို COVID 19 ကာကွယ်ဆေး စပြီး ထိုးပေးနေပါပြီ။ Pfizer BioNTech ရဲ့ COVID 19 ကာကွယ်ဆေးကို တနိုင်ငံလုံး ဖြန့်ချိပေးနေတာနဲ့ အတူဘဲ လူထုကြား ကာကွယ်ဆေးရဲ့ ဘေးကင်းထိရောက်မှု အပေါ် ယုံကြည်လာဖို့လည်း ဆောင်ရွက်နေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။
ဒီနေ့ကိုရောက်ဖို့ စောင့်လိုက်ရတာရှင်။ ကျမ သိပ်ပြီး ပျော်ပါတယ်။ ကာကွယ်ဆေး ထိုးခွင့်ရတဲ့ အတွက် သိပ်ပြီး ကျေးဇူးတင်ပါတယ်။ လာမယ့် လတွေ အတွင်းမှာ ကမ္ဘာ တလွှားက လူတွေလည်း ဒီထက်ပိုပြီး ကာကွယ်ဆေး ထိုးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။
နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Nagorno Karabakh ဒေသနဲ့ ပတ်သက်ပြီး အာမေနီးယား နဲ့ အဇာဘိုင်ဂျန်နိုင်ငံကြား ဆယ်စုနှစ်ပေါင်းများစွာဖြစ်နေတဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရုရှားနိုင်ငံက ကြားဝင်ဆွေးနွေးပြီး ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်သူ အဖြစ် ပါဝင်လာပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏ တန်ချိန် သန်း ၂၅၀ လောက် လျှော့ချဖို့ ရည်မှန်းကြောင်း Climate Ambition Summit ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကတိကဝတ်ပြုကြတဲ့ ထိပ်သီးညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ်မှာ ဘာရောဂါမှန်း မသိရတဲ့ ဖျားနာမှုကြောင့် လူပေါင်း ရာချီ ဆေးရုံတင်ခဲ့ရပြီး ဒီလူနာတွေရဲ့ သွေးနမူနာ စစ်ဆေးတာမှာ ခဲ နဲ့ နီကယ် ဓာတ်တွေ တွေ့ရပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဖြစ်ပွားသူ ၂ သောင်းလောက်ကို ကုသပေးနေရသလို ဒေသတိုင်း လိုလိုက Quarantine စင်တာတွေမှာပါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ခြေကုန်လက်ပန်းကျနေပါပြီ။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဖြစ်ပွားသူ ၂ သောင်းလောက်ကို ကုသပေးနေရသလို ဒေသတိုင်း လိုလိုက quarantine စင်တာတွေမှာပါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ခြေကုန်လက်ပန်းကျနေပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိခိုက်ရတဲ့ ကမ္ဘာ့ စီးပွားရေးမှာ လာမယ့်နှစ် အတွင်း ၄ ဒသမ ၂ ရာခိုင်နှုန်းထိ ဖွံ့ဖြိုးလာပြီး ပြန်လည် ဦးမော့လာမယ်လို့ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ OECD က ခန့်မှန်းထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်က ဝေးလံခေါင်သီတဲ့ ကျွန်းကို ရွှေ့ပြောင်းမှုဟာ ဆန္ဒအလျောက် ဖြစ်စေဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့က ပြောပါတယ်။
အမေရိကန် Pfizer နဲ့ ဂျာမနီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုနိုင်ဖို့ ဗြိတိန်နိုင်ငံက ပထမဆုံး ခွင့်ပြုလိုက်ပါပြီ။ ဗြိတိန်ပြည်သူတွေကြားမှာတော့ ကာကွယ်ဆေးထိုးလိုသူတွေ ရှိသလို မယုံကြည်သူတွေလည်း ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း HIV/AIDS တိုက်ဖျက်ရေးမှာ လူထုကြား ခွဲခြားဆက်ဆံမှု၊ ရှက်ရွံ့မှု မရှိစေဘဲ ကုသ စောင့်ရှောက်မှု ခံယူနိုင်ရေး အတွက် ဆောင်ရွက်ဖို့ အမေရိကန် သံရုံး ယာယီ တာဝန်ခံကလည်း တိုက်တွန်းသွားပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် HIV ကူးစက်ခံရနှုန်းက ၃၆ ရာခိုင်နှုန်းကျဆင်းလာကြောင်း မြန်မာ အစိုးရဘက်က ပြောဆိုပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမှာ ဒီဇင်ဘာလ အတွင်း ကိုရီးယား - မြန်မာ စက်မှုဇုန်ကို စပြီး အုတ်မြစ်ချမယ့် ကိစ္စ အပါအဝင် တခြား အစိုးရ စီမံကိန်းကြီးတွေလည်း ရှိနေပါတယ်။
COVID 19 ကပ်ရောဂါဘေး ကာလမှာ အွန်လိုင်းပေါ်ကနေ စီးပွားရေး အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ရေး အစိုးရက စတင် ဆောင်ရွက်ဖို့ ရှိနေပြီး COVID လွန် ကာလ စီးပွားရေးမှာ အထောက်အကူ ဖြစ်ဖို့ အထိပါ ရည်မှန်းနေတာပါ။ COVID လွန်ကာလ အတွက်ရည်မှန်းပြီး ဈေးကွက်သစ် ရှာဖွေနေသူတွေလည်း ရှိနေပါပြီ။ မသိင်္ဂ ီထိုက်စုစည်းတင်ပြပါမယ်။
ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး စာချုပ်ဖြစ်တဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEPမှာ မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးလိုက်ပါတယ်။ မြန်မာနိုင်ငံကထုတ်ကုန်တွေတင်ပို့ရောင်းချနိုင်ရေး အတွက် ပြင်ဆင်ရမယ့်ကိစ္စတွေကိုစီးပွားရေး လုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းနဲ့ မသိင်္ဂ ီထိုက် မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်