" ဖြစ်ပွားတဲ့ Case တွေကလည်း အများကြီးပါဘဲ။ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးမှုတွေ အားနည်းတဲ့ အတွက်ကြောင့်မို့လို့လဲ ထပ်ထပ်ပြီးတော့ ဖြစ်နေတယ်လို့ ကျမတို့ကတော့ သုံးသပ်တယ်။ ပြစ်မှု ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။ "
ရုရှားဘက်ကတော့ လျော်ကြေးမဟုတ်ဘဲ ဂရုဏာကြေး အဖြစ် သေဆုံးသူတွေကို တဦး ဒေါ်လာ ၁ သောင်းခွဲ၊ အသက်ရှင် ကျန်ရစ်သူတွေကို တဦး ဒေါ်လာ ၃၀၀၀ ပေးမယ်လို့ ပြောထားပါတယ်။ မြန်မာ့ အာမခံ လုပ်ငန်းဘက်ကလည်း သေဆုံးသူတွေကို ကျပ်သိန်း ၅၀ ပေးလျော်ဖို့လည်း ရှိပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌကို အမေရိကန် အစိုးရက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကနေ ဖယ်ရှားပေး လိုက်တာဟာဆိုရင် ကုန်သည် စက်မှု အသင်းချုပ် အတွက် အကျိုးရှိတဲ့ လုပ်ဆောင် ချက် ဖြစ်တယ်လို့ UMFCCI က ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီးနားကျွန်းပေါ်မှာ လုပ်ခလစာမရဘဲ တံငါသည်တွေအဖြစ် စေခိုင်းခံထားရသူ မြန်မာနိုင်ငံသား ၂ဝဝ လောက် ထပ်ပြီး ရှာဖွေ တွေ့ရှိခဲ့တာကြောင့် အင်ဒိုနီးရှားမှာ လတ်တလောသောင်တင်နေတဲ့ မြန်မာနိုင်ငံသားတံငါသည် စုစုပေါင်း ၅ဝဝ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
၄၃၆ (က) ပါ အချို့ပုဒ်မများကိုလည်း အသေးစိတ်နီးပါးလောက် သူ့ဘက်ကိုယ့်ဘက် ပြောင်းလဲဖို့ ညှိနှိုင်းပြီးမှ ကိုယ်တောင်းချင်တာ-ကိုယ်ပြောင်းချင်ပေမယ့်လို့ ပြောင်းသင့်မှပြောင်း၊ ကိုယ်မပြောင်းချင်ပေမယ့်လည်း ပြောင်းသင့်ရင်ပြောင်း စသဖြင့်ပေါ့- (ဒေါက်တာအေးမောင်-၆ပါတီဆွေးနွေးပွဲ -တိုင်းရင်းသားကိုယ်စားလှယ်)
လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုဝန်ထမ်းတို့က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး မြန်မာနိုင်ငံ သားတွေကို နိုင်ငံကူး လက်မှတ်ထုတ်ပေးဖို့၊ လူကုန်ကူးခံရမှုကြောင့် ဒုက္ခရောက်သူတွေ ဟုတ်မဟုတ်စစ်ဆေးပြီး ဌာနေပြန်ရေး လျော်ကြေးရရေး ဆောင်ရွက်မည်။
နစ်မြုပ်ခဲ့တဲ့ရုရှားငါးဖမ်းသဘောၤပေါ်ကို သဘောၤသားတွေ မရိုးမဖြောင့်တင်ပို့ပေးခဲ့တဲ့ ပြည်တွင်း နိုင်ငံခြားသသောၤသားကုမ္ပဏီတွေကို ပို့ဆောင်ရေး ဝန်ကြီးဌာနက သဘောၤသားတင်ပို့ခွင့်ယာယီပိတ်ထားပြီး သဘောၤသားတွေအတွက်လျော်ကြေးရရှိရေး၊ ဌာနေပြန်ရေးတို့အတွက် ရုရှား အရေးပေါ်ဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံသား ၄၂ ဦး လိုက်ပါ အလုပ်လုပ်နေတဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniu Votsok ပေါ်က အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရှာဖွေတွေ့ရှိပြီး ရုပ်အလောင်းတွေ သယ်ဆောင်လာတဲ့ ကယ်ဆယ်ရေးသဘောၤ ၂ စင်းတို့ဟာလည်း ရုရှားနိုင်ငံ ဆာခါလင်မြို့က ကောဆက်ဖ်ကော့ ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းလာနေပါပြီ။
ကိုးကန့်ဒေသက စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးကြရသူတွေထဲ မြန်မာနိုင်ငံသား တချို့ဟာ နှစ်ရက်ကြာ တောလမ်းခရီးကို လမ်းလျှောက်ပြီး ဌာနေပြန်နေကြပါတယ်။
မြန်မာသဘောၤသား ၄၂ ဦးပါတဲ့ ရုရှားငါးဖမ်းသဘောၤ နစ်မြုပ်ခဲ့ရာမှာ ပျောက်ဆုံးနေဆဲ သဘောၤသား ၁၃ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ရုရှားဆိုင်ရာ မြန်မာသံရုံးက နောက်ဆုံးရ အချက်အလက်တွေကို ထုတ်ပြန်တာမှာတော့ မြန်မာသင်္ဘောသားတွေအနက် ၂၂ ဦး အသက်ရှင်၊ တဦးသေဆုံးပြီး ကျန်တဲ့ ၁၉ ဦးတို့ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ ပါတီကြီးနှစ်ရပ်တို့က လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း ဧပြီလ ၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့တလက ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း ကြက်ခြေနီယာဉ်အပစ်ခံရမှုမှာ ဒဏ်ရာရခဲ့သူ စေတနာ့ဝန်ထမ်း ဦးမိုးကျော်သူဟာ ဆေးကုသခဲ့ပေမယ့် အခုတော့ ရရှိထားတဲ့ သေနတ်ဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ပါပြီ။
မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ကွတ်ခိုင်နဲ့ကျောက်မဲမြို့တို့မှာလည်း တအာန်း ပလောင်တပ်တွေနဲ့ မြန်မာ့ တပ် မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွက်းက ကချင်လွတ်မြောက်ရေးအဖွဲ့ KIA စခန်းတခုကို မြန်မာ အစိုးရတပ်တွေက စနေနေ့ကတည်းက စတင် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIA ဘက်က VOA မြန်မာပိုင်းကို ပြောပါတယ်။
ဒီကနေ့ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာတပ်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတာ နှစ်ကြိမ်ရှိခဲ့ကြောင်း KIA ပြောခွင့်ရ ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။
ဒီနေ့အတွက် မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေကြား အသင့်အနေအထားနဲ့ တိုက်ပွဲငြိမ်သက်နေပြီး ကိုးကန့်ပြောခွင့်ရသူက သူတို့ဆီမှာ စစ်သုံ့ပန်းတဦးရှိနေပြီး မကြာခင် သူ့အကြောင်းကို ဘလော့ဂ်မှာ ဖော်ပြသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။
ကိုးကန့်လက်နက်ကိုင်တပ်တို့နဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က တောင်ကုန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား ၁၁ ဦး ကျဆုံးခဲ့တယ်လို့သတင်းထုတ်ပါတယ်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးသင့်တယ်လို့ အကြံပြုထားတဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ဒီကနေ့မှာပဲ လွှတ်တော်ကို တင်သွင်းခဲ့ ပါတယ်။
တရုတ်နယ်နိမိတ် အတွင်း မြန်မာဘက်ကကြဲချတဲ့ဗုံး ကျရောက်ပေါက်ကွဲပြီး ၂ ရက်အကြာ ဒီနေ့မှာတော့ ကိုးကန့်လက်နက်ကိုင်တပ်အပေါ်မြန်မာ့ တပ်မတော်က ထိုးစစ်တွေကို ပြန်ပြီး အရှိန်မြှင့်တိုက်ခိုက်နေပါတယ်။
မြန်မာအစိုးရတပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်တို့ကြား တရုတ်နယ်စပ်မှာဖြစ်တဲ့တိုက်ပွဲတွေအတွင်း တရုတ်ဘက်ကို နှစ်ကြိမ် ဗုံးကျခဲ့ပြီး တရုတ်အရပ်သားတချို့ သေဆုံးရမှုနဲ့ အိုးအိမ်တွေ ဆုံးရှုံးရတဲ့အပေါ် ကာကွယ်ပေးဖို့တာဝန်ရှိကြောင်း တရုတ်ဝန်ကြီးချုပ်က ဒီကနေ့မှာပဲ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်