ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ စစ်တွေကို ခုတ်မောင်းလာတဲ့ခရီးသည် ၂၀၀ ကျော်လိုက်ပါလာတဲ့ နှစ်ထပ်သဘောၤ နစ်မြုပ်မှုကြောင့် လူပေါင်းသုံးဆယ်ကျော် သေဆုံးပြီး တဒါဇင်လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို အာဏာပိုင်တို့ အကြမ်းဖက် ဖြိုခွင်းခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့"We are Students. Respect our rights " ဆိုတဲ့ လက်ပတ်ဖြူလှုပ်ရှားမှု ရန်ကုန်မှာ စတင်။
“သတင်းစာမှာဖော်ပြချက်တွေက ကွဲလွဲနေတယ်။ ပညာရေးဝန်ကြီးဌာနဘက်ကတင်ပြချက်တွေ ကွဲလွဲတယ်။ တက္ကသိုလ်တွေမှာ လေးပွင့်ဆိုင်သဘောတူထားတဲ့ ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ တွေ့နေရတယ်။ ဥပဒေကြမ်းမှာပါဝင်တာတွေကို အဓိပ္ပာယ်လွဲမှားဖော်ပြပြီးတော့ တိုက်ခိုက်နေတာတွေရှိတယ်။" (ဒေါက်တာသိန်းလွင်-NNER)
ရန်ကုန်မြို့က ကျောင်းသားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သားတွေ အသုံးပြု ဖြိုးခွင်းခဲ့မှုဟာ တည်ဆဲ ဥပဒေတွေကို လိုက်နာကျင့်သုံး ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရက ပြောပါတယ်။
စစ်ဖြစ်နေတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွေ ပြန်လည်စတင်နိုင်အောင် စစ်ပွဲကို ဖန်တီးခဲ့ကြသူတွေအားလုံး ယာယီ အပစ်အခတ် ရပ်စဲပေးဖို့ ကုလ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ UNICEF က ပြောလိုက်ပါတယ်။
တိုက်ပွဲတွေကြောင့် စစ်အုပ်ချုပ်ရေးကျင့်သုံးနေရတဲ့ လောက်ကိုင်မြို့ အခြေအနေတည်ငြိမ်လာပြီး ဒေသခံတွေနဲ့ အလုပ်သမားတွေ ပြန်ဝင် လာနေပြီလို့ မြန်မာ့တပ်မတော်က ပြောလိုက်ပါတယ်။
ပြည်တွင်း စစ်ရှောင်ကြသူတွေကတော့ မြန်မာ အစိုးရ အကူအညီနဲ့ ဌာနေတွေကို ပြန်နေကြပြီး ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန် လည်း ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်တွေကို သွားကြည့်ခဲ့ပါတယ်။
ဖုန်ကြားရှင်ရဲ့ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့မှာလည်း လောက်ကိုင်ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဆက်နေချိန်မှာပဲ မြန်မာ့တပ်မတော် ရှေ့တန်းရောက်တပ်မတော်သားတွေအတွက် နိုင်ငံတဝန်းက အလှူငွေထည့်ဝင်မှုတွေ ရှိလာတဲ့အတွက် အလှူခံစခန်းတွေ ဖွင့်ပေးထားတယ်လို့ မြန်မာ့တပ်မတော်ဘက်က ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲတွေအတွင်း ကြက်ခြေနီအလံလွှင့်ထူထားတဲ့ ကယ်ဆယ်ရေးယာဉ် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ ၊ သတင်းထောက်တွေအပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကွန်းလုံမြို့နယ် တောက်ရွှေကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေ စတင်ခဲ့ရဖြစ်ကြောင်း ဒီနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကနေ မြန်မာနိုင်ငံကိုကန့်လန့်ဖြတ်ပြီး တရုတ်ပြည်ဘက်ကိုတင်ပို့မယ့် တနှစ်ကို ရေနံတန်ချိန် သန်း ၂၀ ကျော် တင်ပို့မယ့် ရေနံပိုက်လိုင်း စီမံကိန်းကြီးကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဘယ်လောက်ဖန်တီးပေးနိုင်မလဲ။
"အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်း ပဲ ကျနော်တို့ ကြေညာထားတာပါခင်ဗျာ။ ကျနော်တို့ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်းကိုးဆယ်အတွင်းမှာ ကျနော်တို့ ကြေညာပေးပါ့မယ်။"
ပညာရေးဝန်ကြီးရဲ့ အမိန့်အရ ဆိုပြီး တက္ကသိုလ်၊ ကောလိပ်တွေမှာ ဆရာ၊ ဆရာများ ယူနီယံ ကို အာဏာပိုင်တို့က ဖွဲ့စည်းလိုက်တဲ့အပေါ် လက်ရှိ အလုပ်သမား ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။
V Gastro Bar ကြော်ငြာ အင်တာနက် Facebook မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာတော့V Gastro Bar ရဲ့ အထွေထွေမန်နေဂျာ Phillip Blackwood၊ ဆိုင်ပိုင်ရှင် ကိုထွန်းသူရိန်၊ ဆိုင်ရဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ကို အာဏာပိုင်တွေက ဖမ်းဆီးပြီးနောက် ဒီကနေ့မှာတော့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။
"ပြည်ထောင်စုလုံခြုံမှုကို ဖျက်ဆီးမှု ပြည်ထောင်စုလုံခြုံရေးကို လက်နက်ခဲယမ်း မီးကျောက်နဲ့ ဖျက်ဆီးမှု စတဲ့ ပုဒ်မတွေတပ်ပြီး တောင်ကြီးမြို့မှာ ဖမ်းဆီးခံထားသူတချို့ကို ဒီကနေ့ တရားရုံးထုတ် စစ်ဆေးခဲ့ချိန် တရားခံတွေဘက်က တင်ပြတဲ့ သက်သေထဲက တချို့ကို တရားရုံးက ပယ်ချခဲ့သလို တရားကြားနာမှု အတွင်း လုံခြုံရေးစိုးရိမ်ရ"
မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကုလ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
"အမျိုးသားလွှတ်တော်မှာ ကျင့်သုံးဖို့ဆုံးဖြတ်ထားတဲ့ မဲအချိုးကျ ကိုယ်စားပြုစနစ် PR စနစ်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး အမျိုးသားလွှတ်တော်တွင်းက တိုင်းရင်းသား လွှတ်တော် အမတ်အများစုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကတဆင့် တင်"
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု၊ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားဆဲစစ်ပွဲတွေအပေါ် စိုးရိမ်ချက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာအမြင်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ မဲ အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် အများစုရဲ့ ထောက်ခံမဲနဲ့ အတည်ပြုလိုက်ပါတယ်။
ဗြိတိသျှကိုလိုနီလက်ထက်က ကန့်သတ် ချုပ်ခြယ်မှုတွေနဲ့ အဆင့်အတန်းခွဲခြားတဲ့ တက္ကသိုလ်အက်ဥပဒေကို စတင်တော်လှန်ခဲ့ကြတဲ့ (၉၄) နှစ်ပြည့်မှာ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက လူငယ်တွေရဲ့စိတ်ထဲမှာ အမျိုးသားနေ့ရဲ့အနှစ်သာရ၊ အမျိုးသားရေးစိတ်ဓာတ်ကို ပြန်ပြီးလှုပ်နှိုးဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်