အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ SEA Games မှာ အသက် ၂၃ နှစ်အောက် ဘောလုံးအကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ဗီယက်နမ် အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပြီးနောက် သောကြာနေ့မှာတော့ တရုတ် နိုင်ငံရဲ့အဓိက စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက်လေ့လာပါတယ်။
အိန္ဒိယစစ်တပ်က မြန်မာ့နယ်နိမိတ်ကို ကျော်လွန်ပြီး နာဂ သူပုန် တွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲအိန္ဒိယ ဘက်ခြမ်းမှာသာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မြန်မာဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက လာရောက် ရှင်းလင်းပြောဆိုခဲ့တဲ့ အကြောင်း မြန်မာ အစိုးရက ပြောဆိုလိုက်ပါတယ်။
၆၅ နှစ်တိုင်ခဲ့သည့်တိုင် နှစ်နိုင်ငံကြား ရင်းနှီးမှုဟာ မပြောင်းလဲပဲ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အကျိုးအမြတ်တွေလည်း ခံစားခဲ့ကြရပြီး ဖြစ်ပြီး နှစ်နိုင်ငံကြား တည်ရှိနေတဲ့ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက် တည်တံ့သွားစေချင်တဲ့ အကြောင်း တရုတ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကိုပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက လှေစီးပြေး ဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံဘက်က ၂၀၀ နီးပါး ပါဝင်ပြီး ကျန်တဲ့သူတွေကိုတော့ ဒီကနေ့မှာဘဲ ဘင်္ဂလားဒေရှ့် သံအဖွဲ့က နိုင်ငံသား ဟုတ်မဟုတ် စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
၀ပြည်သွေးစည်း ညီညွတ်ရေးတပ် ထိန်းချုပ်ရာ ဝပြည်တောင်ပိုင်းဒေသတွင်း သစ်ခိုးထုတ်လုပ်မှုကို ဝင်ရောက် ဖမ်းဆီးရင်း တပ်စခန်းချထားတဲ့ မြန်မာ စစ်တပ်ကို ဝပြည်သွေးစည်း ညီညွတ်ရေး တပ်က ဝိုင်းထားတာကြောင့် နှစ်ဘက်တို့ကြား စစ်ရေးတင်းမာနေကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာ နိုင်ငံရေး ပါတီတွေကြား တန်းတူ အခွင့်အရေး ရရှိရေး၊ ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးမပြုရေး အပါအဝင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေး ပါတီတွေကြား သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။
လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို ဦးတည်သွားရင်း ကမ်းကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာ မျောပါနေခဲ့တဲ့ လှေစီးပြေး ဒုက္ခသည် ၇၀၀ ကျော်တို့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင်းက မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက် အတွင်းကနေ မြန်မာ့ ရေတပ်က ထပ်မံကယ်ဆယ်လိုက်ရတာ ဖြစ်ပါတယ်။
မြန်မာ့ ငြိမ်းချမ်းရေး နဲ့ ပြည်လည် ရင်ကြားစေ့ရေးကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ချက် နဲ့ ကုလသမဂ္ဂ ပညာရေး သိပ္ပံ နဲ့ ယဉ်ကျေးမှု အဖွဲ့ရဲ့ ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker မြန်မာနိုင်ငံကို ရောက်ရှိနေပြီး နိုင်ငံရေး နဲ့ လူမှုရေး နယ်ပယ် က ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ကယ်တင်ထားတဲ့ လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်တို့ကို ဘင်္ဂလားဒေရှ့် သံရုံးက နိုင်ငံသား စိစစ်နေပြီး ပြန်လည် ခေါ်ယူဖို့လည်း အဆင်သင့်ရှိတယ်လို့ မြန်မာအစိုးရကို အကြောင်းပြန်ထားပါတယ်။
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ဒေသတွင်း နယ်စပ်ရေးရာ ကော်မတီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံရေး၊ လူကုန်ကူးမှုနဲ့ မူးယစ်ကုန်ကူးမှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ အပါအဝင် သဘောတူညီချက် ၁၂ ချက် ရခဲ့ပါတယ်။
ပင်လယ်ပြင်ထဲမှာ လှေတွေနဲ့ မျောပါနေကြတဲ့ လှေစီးပြေးတွေကို ကယ်တင်နိုင်ရေး အတွက် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတွေ နေပြည်တော်ကို လာရောက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
"ယတိပြတ် ပယ်ချ ငြင်းပယ်ထားပြီးသား ဖြစ်တယ်ပေါ့နော်။ အဲတော့ ဒီကိစ္စကို ခေါင်းစဉ်တင်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့က လက်မခံဘူး။ အဲဒီ ရိုဟင်ဂျာက ကျနော်တို့က အသိအမှတ်မပြုဘူး။ ကျနော်တို့ဆီမှာ မရှိဘူး ပြောထားတဲ့အတွက် ရိုဟင်ဂျာ ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ဆိုရင် ကျနော်တို့က မတက်နိုင်ဘူး။"
ဒီရက်ပိုင်းအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်ကနေ ကယ်ဆယ်လိုက်ရတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေလို့ သုံးနှုန်းရင်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က စိစစ်ဆောင်ရွက်ဖို့ မရှိဘူးလို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
“ဗဟိုဘဏ် ငွေလဲလှယ်နှုန်းအပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်တဲ့ Plus or Minus 0.8% ဘောင်ထဲကနေ ရောင်းဝယ်ရမယ် ဆိုတဲ့ဟာကတော့ ညွှန်ကြားချက် ထုတ်ထားပြီးသား ရှိပါတယ်။ အရင်ကတည်းက ထုတ်ထားတာပေါ့။”
စိုက်ပျိုးရေးထွက်ကုန်တွေအပါအဝင် ပြည်တွင်းဘဏ်တွေရဲ့ အပေါင်ခံပစ္စည်းတွေကို လက်ခံသိုလှောင်ပေးမယ့် ဝန်ဆောင်မှုအတွက် အိန္ဒိယလုပ်ငန်းကြီး SLCM နဲ့ CB ဘဏ်တို့ ညှိနှိုင်းနေကြပါတယ်။
အီရန်ဘက်က ဖမ်းထားတဲ့ သဘောၤ ပြန်လွှတ်လိုက်ပြီ ဆိုတာကို ကမ္ဘာ့ အကြီးဆုံး ကုန်တင်သဘောၤ လိုင်း ဒိန်းမတ်နိုင်ငံရဲ့Maersk သဘောၤလိုင်းကို စီမံခန့်ခွဲနေတဲ့ Rickmers Shipmanagement ကလည်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ကိုးကန့်လက်နက်ကိုင် တပ် MNDAA ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို ပြည်တွင်းမီဒီယာတွေမှာဖော်ပြရင် တည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့ တပ်မတော်က ပြည်တွင်းသတင်းဌာနတွေကို သတိပေးချက် ထုတ်လိုက်ပါတယ်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် နောက်ဆုံးရက်အထိ တရားဝင် နိုင်ငံရေးပါတီပေါင်း ၇၀ ကျော် ရှိပြီး စိစစ်ဆဲ ၁၀ ပါတီကျော် ရှိနေတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိတဲ့ နိုင်ငံရေး ပါတီပေါင်း ၈၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေကို သာယာဝတီ တရားရုံးမှာ ရုံးထုတ်ခဲ့တာမှာတော့ အဖမ်းမခံဘဲ ထွက်ပြေးနေတဲ့ ကျောင်းသား ၃ ဦးကို အမှုက ပိတ်သိမ်းလိုက်သလို တချို့ကိုတော့ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်