မြန်မာနိုင်ငံဒေသတချို့မှာ နွေရာသီအပူလွန်ကဲတာ ပုံမှန်ဖြစ်လေ့ရှိတယ်ဆိုပေမဲ့ အခုနှစ်မှာတော့ ဖြစ်သင့်တဲ့ပျမ်းမျှအပူချိန်ထက် ပိုများနေကြောင်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
လူမျိုးဘာသာပေါင်းစုံ နွှဲပျော်လေ့ရှိတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံတွင်းက အခြေအနေတွေကြောင့် အရင်လို စည်ကားတာမျိုးတော့ မရှိခဲ့ပါဘူး။ နိုင်ငံတွင်း အတာသင်္ကြန်ရေကစားပွဲနေရာတချို့ ဗုံးကွဲမှုတွေလည်ဖြစ်ခဲ့ပါတယ်။
မကြာခင်ကပဲပြီးဆုံးသွားတဲ့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ထုံးစံအတိုင်း ကျင်းပခဲ့ပေမဲ့ နိုင်ငံရဲ့ မတည်ငြိမ်မှုနဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် ပြည်သူလူထုလည်း သေချာပါဝင်မဆင်နွှဲနိုင်ခဲ့ကြပါဘူး။ ရန်ကုန်ကပေးပို့တဲ့သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ပြောပြပါမယ်။
မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ် တကောင်းတိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား သင်္ကြန်ကာလက တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ကျေးရွာ ၇ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးနဲ့ အရပ်သားအများအပြားအပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးရတာကို ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီကတော့ အရပ်သားကိုတိုက်ခိုက်တာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြပေးပါမယ်။
မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာပါတယ်။ စစ်ကိုင်းတိုင်းထဲက ပဇီကြီးကျေးရွာမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ဖြစ်စဉ်ဟာ သင်္ကြန်ရက်မတိုင်ခင်လေး ဖြစ်ခဲ့တာပါ။
“ည ၃ နာရီခွဲလောက်ကို ဝင်စီးတယ်။ ပကဖကိုကျတော့ ၁၀ ယောက်၊ ၁ ယောက်ကတော့ ကျည်ထိထားတယ်ထင်တယ်။ ဆေးကုနေတယ်လည်းကြားတယ်။ သူတို့မိသားစုဝင်တွေ ဆွေမျိုးတော်စပ်တဲ့ ၂၃ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားပြီးတော့ (နေ့လည်) ၂ နာရီ ၃၀ အချိန်မှာ ပြန်ဝင်တယ်။..” (ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ရှိသူ)
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားများသေဆုံးကြရတဲ့အပေါ် ကုလသမဂ္ဂတာဝန်ရှိသူတွေကပြင်းပြင်းထန်ထန်ဝေဖန်ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံတကာစစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။ ကိုသားညွန့်ဦး ပြောပြပါမယ်။
“ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူရပါမယ်။ ကုလအတွင်းရေးမှူးချုပ်ရုံးအနေနဲ့ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ကြေကွဲရပြီး ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ လိုလားပါတယ်။ အရေးကြီးတာက ဒီလူတွေအတွက် အရေးပေါ်ဆေးဝါးကုသခွင့်ရဖို့ လိုပါတယ်။”(ကုလအတွင်းရေးမှူးချုပ်)
မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်မှုတွေ တိုးလာနေချိန် ကုလလုံခြုံရေးကောင်စီ၊ ကုလအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီတွေမှာ မြန်မာ့အရေးဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံတကာရဲ့ မြန်မာ့အရေးတုံ့ပြန်ချက်တွေကို ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုမှာ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မတ်လ ၈ ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို စစ်ဘေးဒုက္ခတွေကြားက မြန်မာအမျိုးသမီးတွေ ကျင်းပခဲ့ပါတယ်။ အာဏာမသိမ်းခင်ကလို စည်စည်ကားကား မဟုတ်ပေမဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတောင်းဆိုပြီး ကျင်းပခဲ့တာပါ။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ပြောပြမှာပါ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ရွေးကောက်ပွဲကော်မရှင်ကို ကချင်ပြည်နယ်အခြေစိုက် ပါတီအချို့လည်း မှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က၂၀၂၃ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းထားတာကြောင့် ကချင်နိုင်ငံရေးပါတီတွေနဲ့ KIO ကြား ပဋိပက္ခတွေမြင့်တာလာမှာကို စိုးရိမ်နေပါတယ်။
မြန်မာပြည်တွင်းစစ်ကြောင့်နဲ့၊ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်ဆီပြန်နိုင်ဖို့ ခက်ခဲပြီး အရပ်သားထိခိုက် သေဆုံးမှုတွေလည်း များပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နဲ့ မြင်းမူမြို့နယ်အစပ်က ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရသလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ် ၃ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၄၁၉ အရဆိုပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာပါ။ အခုလို ကြေငြာလိုက်တဲ့အတွက် မြို့နယ်အတွင်းက သွားလာ လုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးဟာ ၈၈ လှုပ်ရှားမှုထက်ပိုပြီး တနိုင်ငံလုံးလွှမ်းခြုံနိုင်သလို၊ မြန်မာ့လူမှုစနစ် အပြောင်းအလဲ၊ လူနည်းစု အခွင့်အရေး တရားမျှတမှုတွေအတွက်ပါ လှုပ်ရှားမှုဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ကိုသားညွန့်ဦး တွေ့ဆုံ မေးမြန်းထားပါတယ်။
“ သူတို့ဖက်က စွပ်စွဲ ထုတ်ပြန်ထားသလိုမျိုး မြေပြင်မှာ တကယ်ကျုးလွန်တာ ရှိမရှိဆိုတာကို ကျနော်တို့ဖက်က ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာတွေရှိတယ်၊ ဒါကြောင့်မလို့ အခုလောလောဆယ် သူတို့ဖက်က ထုတ်ပြန်ထားသလိုမျိုး မြေပြင်မှာ ကျူးလွန်တာရှိမရှိဆိုတာကိုတော့ လောလောဆယ်ပြောဖို့တော့ အချိန်စောသေးတယ်ဗျာ”
ချင်းပြည်နယ် ထန်တလန်ရဲစခန်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်ကောင်စီတပ်ကို CNA နဲ့ ချင်းကာကွယ်ရေးအဖွဲ့ CDF ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲပြင်းထန်တဲ့အတွက် မြန်မာစစ်တပ်က ညတွင်းချင်း လေကြောင်းကနေ တန်ပြန် တိုက်ခိုက်ခဲ့ပါတယ်။
“သွားတာ နှစ်စီးပေါ့ အရှေ့တစ်စီးက ဘာမှမဖြစ်ဘူး အနောက်တစ်စီးကျမှပေါက်သွားတာပေါ့။ ဒဏ်ရာရတာက ယောကျာ်းလေး ၆ယောက်ဗျ၊ ၆ ယောက်မှာ ၄ ဦးသေတယ် ၂ ဦးဒဏ်ရာရတယ်ပေါ့ ဒဏ်ရာရတဲ့ နှစ်ဦးကလည်း လောလောဆယ်တော့ ဆေးရုံမှာ အခြေအနေတော့ မကောင်းတော့ဘူးသိရတယ်ဗျ။”
“မနေ့က ညနေညပိုင်းပေါ့နော် ၈နာရီနာရီဝန်းကျင်မှာ စပြီးတော့မှ ရှောင်ကြတယ်လို့တော့ ပြောတယ်၊ လူဦးရေက သုံးထောင်နီးပါးတော့ ပြောတာပဲ အဲ့လောက်ဝန်းကျင်နဲ့ဖြစ်နိုင်ခြေရှိပါတယ်။ နောက်ပြီး မနေ့ကလည်း မိုးဗြဲဖက်မှာလည်း လက်နက်ကြီးတွေကျတယ်လို့တော့ အသံတော့ကြားတယ် ဒါပေမယ့် အတိအကျနေရာမသိနိုင်သေးဘူးပေါ့။”
နောက်ထပ်ကြည့်ရှုရန်