မြန်မာ ဘင်္ဂလားဒေရ်ှနယ်စပ်မျဉ်းပေါ်က ထောင်ဂဏန်းရှိတဲ့ ဒုက္ခသည်တွေဟာ မြစ်ချောင်းဘေး ရွက်ဖျက်တဲတွေ ထိုးနေကြတာကြောင့် မိုးတွင်းမှာ အခက်အခဲတွေဖြစ် လာနိုင်တယ်လို့ အဲဒီကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။
မနှစ်တုန်းက ရခိုင်မြောက်ပိုင်းပဋိပက္ခတွေပြီးတဲ့နောက် မြန်မာ ဘင်္ဂလားဒေ့ရ်ှနယ်စပ် မျဉ်းနေရာကို ထွက်ပြေးပြီး၊ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာတဲ့ မွတ်ဆလင် မိသားစုဝင် ငါးဦးကို ဗွီအိုအေ သတင်းထောက်ကိုမိုးဇော်က မောင်တောမြို့မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်း မောင်းတောမြို့နယ်ထဲက ဒုက္ခသည်တွေကို ယာယီလက်ခံမယ့် လှဖိုးခေါင်စခန်းမှာ လုံခြုံရေးပြင်ဆင်မှုအပြင် လာမယ့်ဒုက္ခသည်တွေအတွက် ကျန်းမာရေး လူမှုဖူလုံရေး နိုင်ငံသား စီစစ်ရေးတွေကို ဆောင်ရွက်ဖို့ ပြင်ဆင်ထားတာတွေ တွေ့ခဲ့ရတယ်လို့ လှဖိုးခေါင်စခန်းကို ရောက်ခဲ့တဲ့ ဗွီအိုအေ သတင်းထောက်ကပြောပါတယ်။
မြန်မာနိုင်ငံတွင်းလူနည်းစုလူမျိုးတွေရဲ့ဘာသာစကားသင်ကြားမှုကိုစစ်အစိုးရလက်ထက်တလျှောက်လုံး ပိတ်ပင်ခဲ့ပေမယ့်၂၀၁၂ မှာတော့ ပြန်လည်ခွင့်ပြုပေးခဲ့ပေမယ့်ကျာင်းချိန်ပြင်ပမှာ ပြင်ပဆရာတွေနဲ့ သင်ကြားကြရတာများပါတယ်။
ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာအစီအစဉ်မှာ စာရွက်လို့ အဓိပ္ပါယ်ရတဲ့ Paper ကို အခြေခံတဲ့ အီဒီယံအသုံးတွေကို ဒေါ်လှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်းလာနေ့တုန်းက ဆွေးနွေးတဲ့ “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု” ဆိုတဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း လူနည်းစုရိုဟင်ဂျာအမျိုးသမီးတွေအပေါ် မြန်မာတပ်မတော်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ ခိုင်မာတဲ့ အထောက်အထားမရှိဘူးလို့ မြန်မာဘက်က တုန့်ပြန်ပါတယ်။
မဟာမိတ်တပ်တွေရဲ့ ဆီးရီယားကို လေကြောင်းကနေ ဒုံးလက်နက်နဲ့တိုက်ခိုက်မှုဟာ ဆီးရီယားသမ္မတ Bashar al-Assad ရဲ့ တရားမဝင် ဓါတုလက်နက်စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။
ရခိုင်မြောက်ပိုင်းဒေသတွင်း ဒုက္ခသည်တွေပြန်လည်နေရာချထားရေး ပြင်ဆင်ဆောင်ရွက်မှုတွေကို မတွေ့ရတာကြောင့်၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ အဆင်သင့်မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်တာ ခရီးသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Ursula Mueller က ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို မြန်မာအစိုးရဖက်က ပထမဆုံးအကြိမ်အဖြစ် အခု ဧပြီလထဲ ပြည်ထောင်စုဝန်ကြီးတဦး ဦးဆောင်ပြီး သွားရောက်ဖို့ရှိနေပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ မြန်မာဖက်က ဆောင်ရွက်နေမှုတွေကို ရှင်းလင်းနိုင်ဖို့ သွားရောက်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသ မြောင်းမြမြစ်ကူးကြိုးတံတားဟာ ဧပြီလ ၁ ရက်နေ့ မနက်လင်းအားကြီး တနာရီကျော်အချိန်မှာ မြစ်တွင်းက ပြတ်ကျသွားတာကြောင့် ကုန်ကားတစင်းရေထဲပြုတ်ကျပြီး လူနှစ်ဦး ပျောက်ဆုံးခဲ့ရာမှာ အခု တဦးရဲ့ ရုပ်အလောင်းကို ညနေပိုင်းက ရှာဖွေတွေ့ခဲ့ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီယား ထိပ်သီးဆွေးနွေးပွဲဆိုတာဟာ ဘာမှ သတ်မှတ်မှုမရှိနိုင်သေးတာကြောင့် အခြေအနေတွေ တကယ်တမ်း တိုးတက်ကောင်းမွန်လာဖို့ကတော့ ပတ်သက်နေသူအားလုံးအပေါ် တည်တယ်လို့ Greta Van Susteran ရဲ့ Plugged In အစီအစဉ်မှာ သုံးသပ်ထားကြပါတယ်။ Robert Raffaele ရဲ့ ရေးသားချက်ကို ကိုသားညွန့်ဦး ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်က မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကနေ စာအုပ်တအုပ်ထုတ်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ဆိုင်းငံထားဖို့ဆိုပြီး၊ သြစတေးသျှနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းတွေ တွေ့ဆုံစဉ်မှာ အကြံပြုတင်ပြတာရှိခဲ့ပါတယ်။ သြစတေးသျှနိုင်ငံ New South Wales တက္ကသိုလ်က ဒေါက်တာသိန်းမိုးဝင်းက တင်ပြခဲ့တာဖြစ်ပြီး၊ အဲဒီမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အကြံပြုစာတမ်းကို လက်ခံယူခဲ့ပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ သြစတေးလျ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး ဒီအရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး ပြောပြမှာပါ။
ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ သြစတေးလျ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး၊ ဒီအရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
ဖလော်ရီဒါ ပြည်နယ် Parkland က ကျောင်းမှာ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရမှု အပြီး တလ အကြာ ကျောင်းတွေရဲ့ အောက်မေ့ သတိရခြင်းနဲ့ သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တောင်းဆိုတဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု တဝန်းမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ သပိတ်မှောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ပေးပို့လာတဲ့ ဒုက္ခသည်စာရင်းတွေထဲက လူလေးရာနီးပါးကို မြန်မာ ဘက်က စီစစ် အတည်ပြုပြီးသွားပြီမို့၊ ဒီလူတွေအနေနဲ့ အချိန်မရွေးပြန်လာနိုင်ပြီဖြစ်ပြီး ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးနဲ့ နေရာချထားရေးကိစ္စတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နဲ့လည်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှဖက်က ပေးပို့လာတဲ့ ဒုက္ခသည်စာရင်းတွေထဲက ၄၀၀နီးပါးကို မြန်မာဖက်က စိစစ် အတည်ပြုပြီးသွားပြီ ဖြစ်တာကြောင့် အချိန်မရွေးပြန်လာနိုင်ပြီဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ ကိုသားညွန့်ဦးက ပြောပြမှာပါ။
သိပ္ပံပညာမှာတော့ Stephen Hawking လုပ်ခဲ့တဲ့ ဘာသာရပ်ကတော့ Theoretical Cosmology ဒီ စကြာဝဠာကြီး ဘယ်လိုစသလဲ ၊ ဘာတွေဖြစ်သလဲ ၊ ဘာကြောင့်ဒါတွေဖြစ်သလဲ ဘာတွေရှိသလဲ ဆိုတာကို သူက လေ့လာတာပေါ့ ။ အဲဒီမှာ အရေးအကြီးဆုံး သူတွေ့ခဲ့တာကတော့ Hawking Radiation ပေါ့နော် Black hole ပေါ့လေ တွင်းနက်တွေကနေ ဘယ်လိုလုပ်ပြီးတော့ Radiationတွေ ထွက်တယ်ဆိုတာကို ရှင်းပြခဲ့တာ
ရခိုင်မြောက်ပိုင်းအခြေအနေဟာ Genocide မျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ရာရောက်တဲ့အနေအထားအထိ မြင်လာရတာကြောင့်ဒါကို စုံစမ်းအရေးယူကိုင်တွယ်သွားဖို့၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ကုလသမဂ္ဂကို တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ရခိုင်မြောက်ပိုင်းအခြေအနေဟာ Genocide မျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ရာရောက်တဲ့အနေအထားအထိ မြင်လာရတာကြောင့် ဒါကို စုံစမ်းအရေးယူကိုင်တွယ်သွားဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်က ကုလသမဂ္ဂကို တိုက်တွန်းသွားပါတယ်။ လွတ်လပ်တဲ့တရားစီရင်ရေးတရပ်ဖြစ်လာဖို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့တဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှမှာထားပြီး အချက်အလက်တွေ စုဆောင်း စီစစ် သုံးသပ်ဖိုကကိုလည်း အကြံပြုတိုက်တွန်းသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်