အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုကို ဖော်ထုတ် ဆန့်ကျင်တဲ့ Hashtag MeToo နဲ့ Hashtag NO MORE ဆိုတဲ့ လူမှုကွန်ယက်ပေါ်က လှုပ်ရှားမှုတွေဟာ နိုင်ငံတကာအမျိုးသမီးနေ့ရဲ့ အဓိက လှုပ်ရှားမှုတွေဖြစ်လာပါတယ် မတ်လ ၈ ရက်နေ့ဟာဆိုရင် အသားအရောင်၊ လူမျိုး၊ ဘာသာစကား လူမှုစီးပွားနောက်ခံ မခွဲခြားပဲ အမျိုးသမီးအားလုံးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။
အသားအရောင်၊လူမျိုး၊လူမှုစီးပွားနောက်ခံမခွဲခြားဘဲ အမျိုးသမီးအားလုံးရဲ့အောင်မြင်မှုတွေကိုအသိအမှတ်ပြုတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ VOA Plugged In အစီအစဉ်မှာ Greta Van Susteren မေးမြန်းထားတာကို အခြေခံပြီး Steve Redischက နိုင်ငံတကာအမျိုးသမီးနေ့အစီအစဉ်အဖြစ် ရေးသားထားတာကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း အစိုးရတပ်စစ်ဆင်ရေးတွေနောက်ပိုင်း ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေရ်ှနိုင်ငံဖက် ထွက်ပြေးနေကြရတာ ၆ လအချိန်အထိ ကြာလာပေမယ့်၊ အဲဒီဒေသမှာ အခုအချိန်အထိကို လူမျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရပ်မျိုးတွေ စနစ်တကျ ဆောင်ရွက်နေတုန်းပဲလို့ ကုလသမဂ္ဂ လူအခွင့်အရေးအကြီးအကဲက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းအစိုးရတပ်စစ်ဆင်ရေးတွေနောက်ပိုင်း ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေရ်ှနိုင်ငံဖက်ထွက်ပြေးနေကြရတာ ၆ လထိရှိလာပေမယ့် ခုထိလူမျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ်တွေ စနစ်တကျဆောင်ရွက်နေတုန်းပဲလို့ ကုလလူအခွင့်အရေးအကြီးအကဲကပြောလိုက်ပါတယ်။ ကိုသားညွန့်ဦးက ပြောပြမှာပါ။
၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ထိန်းချုပ်ရာဒေသတွင်းမှာ လူသတ်မှုစွဲချက်နဲ့ လူနှစ်ဦး သေဒဏ်အပြစ်ပေး ကွပ်မြတ်ခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပေမယ့် တရားစီရင်ရေးအရ ဒီလုပ်ပို်င်ခွင့်မပေးထားတာကြောင့်၊ ဒီလုပ်ရပ်ဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ဝါရင့်ရှေ့နေ ဦးသိန်းသန်းဦးက ဝေဖန်ပါတယ်။
ဘယ် ဘာသာတရားကိုပဲဖြစ်ဖြစ် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုတာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာမှာ ကြီးကြီးမားမား လုံ့လထား အားစိုက်လုပ်ဆောင်နေတဲ့ အမေရိကန်တို့ရဲ့ စံတန်ဖိုး တခုဖြစ်ပါတယ်။ VOA သတင်းထောက် Steve Redisch ရေးသားထားတဲ့ သတင်းကို ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ စီစစ်ပြန်လက်ခံရေးအစီအစဉ်မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အကူအညီကို ရယူဖို့ရှိနေပြီး၊ ဒီအကူအညီဟာလည်း UEHRD ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး ၊ပြန်လည်နေရာချထားရေးနဲ့ ဖွံဖြိုးရေးစီမံကိန်းရဲ့ လမ်းညွှန်ထားချက်တွေအောက် မှာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်အရေးနိုင်ငံတကာ အပြုသဘောချဉ်းကပ်ဖို့ မြန်မာတိုက်တွန်း
မြန်မာနိုင်ငံတွင်း ရခိုင်အရေးပြဿနာကို နိုင်ငံတကာက အပြုသဘောချည်းကပ်ဖို့နဲ့ ဒီလိုမဟုတ်ဘူးဆိုရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်ပြီး ပြဿနာဖြေရှင်းနေမှုတွေကို ထိခိုက်နိုင်တယ်လို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဒီနေ့ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ သတိပေးပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင် စာသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း ပစ်ခတ်မှုတွေဖြစ်ခဲ့မှုမှာ ကိုယ်တွေ့ကြုံခဲ့တဲ့ ကျောင်းသားတွေ မိဘတွေ ဆရာတွေနဲ့ သမ္မတTrump တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နိုင်ငံတလွှား ကျောင်းသားတွေဟာ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ပြောပြမှာပါ။
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ် တံတိုင်းကာရံမယ့် ကုန်ကျစရိတ်ကိစ္စကို လွှတ်တော်မှာ ဆက်လက် ဆွေးနွေးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက နယ်စပ် Rio Grande မြစ်ကို ဖြတ်ပြီး Jesus Sanchez က အမေရိကန်ပြည်ထောင်စုထဲကို လွယ်လွယ်ကူကူ ဝင်ရောက်လာခဲ့ပါတယ်။ Mehmet Sumer ပေးပို့တဲ့သတင်းကို ကိုသားညွှန့်ဦး တင်ပြထားပါတယ်။
EU ဥရောပသမဂ္ဂရဲ့ သံတမန်တွေနဲ့ ကုလသမဂ္ဂအရာရှိအချို့ပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့တဖွဲ့ဟာ ရခိုင်မြောက်ပို်င်း ဒုက္ခသည်လက်ခံရေးစခန်းတွေကို ဒီကနေ့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်တွေ ချောချောမွေ့မွေ့ဖြစ်အောင် EUဘက်ကလည်း အကူအညီပေးလိုတယ်လို့ ဆန္ဒပြုတဲ့ အကြောင်း အဲဒီ အဖွဲ့ကို လိုက်လံပို့ဆောင်ရှင်းပြခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက ဖြစ်ပျက်သွားတဲ့အခြေအနေအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည့်ပြည်စုံစုံသိရှိထားပုံမရဘူးလို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။
ရခိုင်မြောက်ပိုင်းက ဖြစ်ပျက်သွားတဲ့အခြေအနေအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည့်ပြည်စုံစုံသိရှိထားပုံမရဘူးလို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က ပြောခဲ့ပါတယ်။
သမ္မတ Trump ရဲ့ ပထမဆုံးအကြိမ် နိုင်ငံတော်အခြေခံပြမိန့်ခွန်းအပေါ်မှာ ယေဘူယျအားဖြင့်တော့ အကောင်းမြင်တုန့်ပြန်မှုတွေရခဲ့တယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။ ဒီမိုကရက်တွေကတော့ သမ္မတရဲ့တကယ့်ရည်ရွယ်ရင်းအပေါ် သံသယရှိနေကြပါတယ်။ Jim Malone က စုစည်း ရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာဖြစ်ခဲ့တဲ့ အရေးအခင်းနဲ့ လုံခြုံရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ၊ အခု NLD အစိုးရလက်ထက် သွေးစွန်းခဲ့ရတဲ့ဖြစ်ရပ်တခုလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ စိုးရိမ်စရာတွေရှိနေတာမို့ အလွယ်တကူဖြစ်နိုင်ချေမရှိသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောပါတယ်။ သံအမတ်ကြီး Nikki Haley ကို GRETA VAN SUSTEREN က တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ စိုးရိမ်စရာတွေရှိနေတာမို့ အလွယ်တကူဖြစ်နိုင်ချေမရှိသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကပြောလိုက်ပြီး မြန်မာနိုင်ငံအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အထူးတလည် စောင့်ကြည့်နေသလို၊ ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ကျနော် အခုကြားရတဲ့ သတင်းကတော့ လူုငယ်လေး တဦး ဆုံး သွားပြီ။ ကျည်ဆန် အစစ်နဲ့ ပစ်လို့။ နောက် ၁၀ ဦးလောက် ဒဏ်ရာရနေတယ်ဆိုတာ ကျနော် ရပါတယ်။ လက်ရှိလည်းဘဲ လူငယ်တွေက ခုန ပြောသလိုပေါ့ ပွဲပိတ်တဲ့ ပုဂ္ဂိုလ်တွေကို ဆက်ပြီးတော့ ဆန္ဒဖော်ထုတ်နေကြတာပေါ့။
နောက်ထပ်ကြည့်ရှုရန်