စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရာမှာ အများပြည်သူရဲ့အခဲမကြေ မုန်းတီးမှုတွေဖြစ်လာစေမလား၊ သြစတြေးလျ စီးပွားရေးပညာရှင်အမှု၊ မြန်မာနိုင်ငံအကြပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ကမ်းလှမ်းမှုစတဲ့ မေးခွန်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းလင်းပွဲမှာ VOA က မေးမြန်းခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် ထွန်တုံးမြို့သစ် အောင်သာယာ မြို့သစ်တို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီကနေ့ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်လို့ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
တနိုင်ငံလုံးက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေတဲ့ စစ်အုပ်ချုပ်ရေးကောင်စီဟာ အုပ်ချုပ်ရေးယန္တရားခိုင်မာဖို့အတွက် အောက်ခြေပိုင်းမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့နိုင်ဖို့ကြိုးပမ်းလာပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်တာကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ဆက်ဖြစ်ပွားနေရာမှာ မန္တလေးမှာ သပိတ်ပေါင်းစုံ ထိုင်သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တနိုင်ငံလုံး အုံကြွမှုတွေဖြစ်လာချိန် တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းက သူ့ရဲ့ ရေရှည်စီမံကိန်းတွေအတွက် စိုးရိမ်ပူပန်နေကြောင်း အရပ်ဘက် နိုင်ငံရေး၊ စီးပွားရေး စောင့်ကြည့် လေ့လာသူတွေက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ပြန်လည်ထိစပ်ဆက်ဆံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအခြေအနေ ဆုတ်ယုတ်လာတဲ့အခြေအနေကို ပထမဆုံးကိုင်တွယ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြောင်း နဲ့ ရှေ့အလားအလာတွေ ကို ဗီအိုအေ အယ်ဒီတာ ကိုသားညွန့်ဦး နဲ့ မခင်ဖြူထွေးတို့ ဆွေးနွေးထားပါတယ်။
လက်ရှိမြန်မာနိုင်ငံအခြေအနေ အကြပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးနောက်၊ အစိုးရသစ်အောက်မှာ မဲစာရင်းစနစ်ကို ပြန်လည်စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဦးတင်မောင်သန်းက ရှုမြင်ပါတယ်။
မြန်မာပြည်နဲ့ တယ်လီဖုံးအဆက်အသွယ် နောက်ဆုံးရလိုက်တဲ့ ဌာနမှူး ဦးသန်းလွင်ထွန်း နောက်ဆုံးသိထားသမျှ ဗွီအိုအေပရိသတ်ကို သတင်းမျှဝေဖို့ ကိုသားညွန့်ဦးက ဦးသန်းလွင်းကို မေးမြန်းထားပါတယ်။
လက်ရှိ နိုင်ငံတကာရဲ့ ဝေဖန် ပစ်တင်မှုတွေ ကနေ အရေးယူမှုတွေ ဘယ်လောက်ရှိလားမလဲ ဆိုတာ နဲ့ ပြည်တွင်းမှာ ဆိုရင်လည်း အာဏာဖီဆန်ရေး လှုပ်ရှားတွေ ဘယ်လောက်ရှိလာ မလဲ ဆိုတဲ့အကြောင်း ကိုသားညွန့်ဦး နဲ့ မခင်ဖြူထွေးတို့ မေးမြန်းဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်းမှာ မဲ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကနေ နေပြည်တော်မှာ အထူးသတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ပြုလုပ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေ လုပ်ခြင်းအားဖြင့် ရခိုင်ဒေသ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်သလို ရခိုင်အနာဂတ်အိပ်မက်ကိုလည်း အကောင်အထည်ဖော်ရာ ရောက်တယ်လို့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa က ဗွီအိုအေနဲ့ သီးခြားမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အများစုအနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အစိုးရဖွဲ့စည်းရေးအတွက် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်တွေအပြင် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုပါယူပြီး အသင့်လျော်ဆုံးပုဂ္ဂိုလ်များ ရွေးချယ်နိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီ။
နိုဝင်ဘာ ၁၅၊ ၂၀၂၀ - ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ့် မျှော်လင့်ချက် ဖြစ်လာပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ မြောက်ဦးမြို့နယ်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဦးလှစော ကို ကိုသားညွှန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
အခုကျနော်တို့ အမေရိကန်အရှေ့ဘက်ခြမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲ မဲပေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ မဲရုံတွေရှေ့မှာ တိုက်ရိုက်သတင်းယူဖို့ ရောက်နေတဲ့ ကျနော်တို့ ဗွီအိုအေအဖွဲ့သားတွေကို ကျနော် ဆက်သွယ်ပြီးတော့ မေးမြန်းပါ့မယ်။
ကိုဗစ်အတည်ပြုလူနာတွေ တိုးလာပြီး ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းပါ မြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ ရောဂါကနေသက်သာပျောက်ကင်းသွားသူတွေလည်းအများအပြားပါ။ ဒီအထဲမှာတော့ အသက် ၁၀၀ အရွယ် မြန်မာအမျိုးသမီးကြီး တဦးလည်း ပါဝင်ပြီး မိသားစုဝင် ၁၀ ဦးလုံး ရောဂါပိုး ကူးစက်ခံရပေမဲ့ အခုတော့အားလုံး သက်သာပျောက်ကင်းကုန်ပါပြီ။
ကိုဗစ်အတည်ပြုလူနာတွေ တိုးလာပြီး ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းပါ မြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ၊ ရောဂါကနေ လုံး၀ သက်သာပျောက်ကင်းသွားသူတွေလည်း အများအပြားပါ။ ဒီအထဲမှာတော့ အသက် ၁၀၀ အရွယ် မြန်မာအမျိုးသမီးကြီး တဦးလည်း ပါဝင်ပါတယ်။
အောက်တိုဘာ ၀၄၊ ၂၀၂၀ - လက်ရှိကိုဗစ်ကာလ အကန့်အသတ်တွေကြားက သတင်းလုပ်ငန်းတွေ လုပ်နေကြတဲ့ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့သတင်းမီဒီယာကောင်စီမှ တွဲဘက်အတွင်းရေးမှူး ကိုမြင့်ကျော်နဲ့ ဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်