မကွေးတိုင်၊း ဂန့်ဂေါနဲ့ ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေး အဖွဲ့ကပြောပေမယ့်၊ ဒီဖြစ်စဉ်မရှိခဲ့ဘူးလို့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။
စစ်ကိုင်းဒေသကြီး ကနီနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDFတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရပြီး ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို အလောင်းပဲ ပြန်ရခဲ့တယ်လို့ ဒေသခံ PDFတွေဘက်က ပြောပါတယ်။ ဒါ့အပြင် ရွှေကူအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်တွေကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်တာတွေ ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေအပါအဝင် မြို့နယ် တော်တော်များများ ရေကြီးရေလျံတာတွေရှိနေပါတယ်။ သံတွဲမြို့နယ်မှာ တစ်မြို့ လုံးနီးပါး ရေကြီးနေတာကြောင့် ဆေးရုံမှာ ရှိတဲ့ ကိုဗစ်လူနာတွေ အခက်ကြုံနေရသလို လျှပ်စစ်မီး တွေလည်း ပြတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကိုဗစ်ကူးစက်သူ၊ သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ က စတင်ပြီး stay-at-home မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AAကထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးပို့တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ချင်းပြည်နယ် မင်းတပ်မြို့မှာ ရောက်ရှိနေပါတယ်။ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို နက်ဖြန်က စတင်ဝေပေးမယ်လို့ UNHCR က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့ ယင်းရွာအနီးက တောထဲမှာ ဖမ်းဆီးနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတချို့ဟာ တောထဲမှာ တိမ်းရှောင်နေချိန် စစ်တပ်က ဖမ်းဆီးတာခံခဲ့ရ
အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်ထောက်ပံ့ရေး အစီအစဉ်တွေထဲမှာ ကိုဗစ်ကပ်ဘေးကြောင့် အကျပ်အတည်း ကြုံရပြီး အိမ်လခ မပေးနိုင်လို့ အငှားအိမ်တွေကနေ မောင်းထုတ်ခံရသူတွေကို ကူညီထောက်ပံ့တဲ့ အစီအစဉ်တချို့လည်း ပါ ပါတယ်။ ဒီထောက်ပံ့ရေးအစီအစဉ်အကြောင်း Angelina Bagdasaryan ပေးပို့တဲ့ သတင်းကို ကိုသားညွှန့်ဦး တင်ပြထားပါတယ်။
သစ်သားနဲ့ထွင်းထားတဲ့ အမေရိကန်အလံတွေ ထုတ်လုပ် ရောင်းချတဲ့ Flags of Valor ကုမ္ပဏီဟာ အမေရိကန် စစ်မှုထမ်းဟောင်းတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းတွေ အတွက် ငွေကြေး ရန်ပုံငွေတွေလည်း ရှာပေးလေ့ရှိပါတယ်။ Deborah Block ပေးပို့တဲ့သတင်းကို ကိုသားညွှန့်ဦး တင်ပြထားပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းနဲ့ ဆောနယ်တို့မှာ ပေါက် PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ကျေးရွာတွေကထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တချို့ ထွက်ပြေးတိမ်း ရှောင်ရင်း သေဆုံးတာတွေရှိသလို ဆေးဝါးအကူညီတွေလည်း လိုအပ်နေပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ အများဆုံးဖမ်းဆီးခံရတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက အကျဉ်းသား ၂၀၀၀ ကျော်ကို ဒီနေ့ဇွန်လ ၃၀ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ ဒီကနေ့ ပြန်လွတ်လာသူတချို့က ပြော
COVID-19 ရောဂါ ကူးစက်မှုတွေ ဆက်ရှိနေပြီး လူတိုင်း ကာကွယ်ဆေးထိုးခွင့် မရသေးတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကာကွယ်ဆေး အခမဲ့ ထိုးခွင့်ရပြီး အမေရိကန်ပြည်ထောင်စုထဲ လည်ပတ်သွားလာခွင့်ရမယ့် ခရီးစဉ်တွေကို ခရီးသွားလုပ်ငန်းတွေက စီစဉ်လာကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုသားညွှန့်ဦးက ပြောပြပေးပါမယ်။
မန္တလေးမြို့မှာ စစ်တပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF-Mdy တို့ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း လက်နက်ကိုင်တွေဖက်က ၄ ယောက်သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း ကိုယ်လက် လှုပ်ရှားကျန်းမာရေးအတွက် Yoga လေ့ကျင့်ခန်း လုပ်ကြသူတွေ သိသိသာသာ များလာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက Yoga လေ့ကျင့်သူတွေအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုသားညွှန့်ဦးက တင်ပြပေးပါမယ်။
မြန်မာပြည်မြောက်ပိုင်းမှာ စီးပွားရှာနေကြတဲ့ တရုတ်နိုင်ငံသားတွေအားလုံး လုပ်ငန်းနှင့်တကွ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ကြဖို့ တရုတ်၊ ယူနန်ပြည်နယ်၊ ခရိုင်တချို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေဖက် အပြန်အလှန်စွပ်စွဲနေပြီး၊ မီးလောင်မှုကြောင့် နေအိမ်အတွင်း ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၂ ဦး နေအိမ်ထဲမှာ မီးလောင်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥရောပကိုရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ မြောက်အန္တလန်တိတ်စာချုပ် NATO အဖွဲ့ ခေါင်းဆောင်တွေနဲ့ ထိပ်သီး ဆွေးနွေးပွဲအပြီးမှာ ဥရောပသမဂ္ဂ မဟာမိတ်နိုင်ငံတွေနဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။ ရုရှားသမ္မတ Vladimir Putin နဲ့တော့ ဒီကနေ့ တွေ့ဆုံပါတယ်။ ကိုသားညွှန့်ဦးက တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် စစ်ဘေးဒုက္ခသည် စခန်းတစ်ချို့မှာ ရေကြီး၊ ရေလ ျှံမှုနဲ့ ကြုံနေကြရပါတယ်။ အထူးသဖြင့် မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်တွေက ဒုက္ခသည်စခန်းတွေမှာ ရေကြီးလို့ နေရေး ထိုင်ရေး အခက်တွေ့နေ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်၊ အမေရိကန်နိုင်ငံသား ကိုမောင်မောင်ထွေးေ(ခေါ်) နေသန်မောင် ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။
စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ကိစ္စအပေါ် UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မျှတမှုမရှိသလို ကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာစစ်ကောင်စီက ဝေဖန်အပြစ်တင်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ်ထဲက ယဉ်ကျေး ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ ချောင်းဦးမြို့မှာတော့ မြို့ရဲ့ ပင်မသပိတ်ခေ ါင်းဆောင်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ် ဖမ်းဆီးခဲ့
နောက်ထပ်ကြည့်ရှုရန်