နှစ်လနီးပါးကြာ ပျောက်ဆုံးနေတဲ့ တအန်းအမျိုးသားပါတီ TNP ရဲ့ မိုင်းကိုင်မြို့ နယ် ဥက္ကဋ္ဌ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိထားပြီး DNA စစ်ပြီးအတည်ပြုမှာဖြစ်ကြောင်းနဲ့ ပျောက်ဆုံးနေဆဲ ဇနီးနဲ့လသားအရွယ်ကလေးအခြေအနေကို မသိရသေးကြောင်း ပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နဲ့ ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
AA ရခိုင်တပ်ဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးသွားမှာ မဟုတ်သလို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း တရားဝင် လုပ်ဆောင်နေတာမျိုး မရှိဘူးလို့ ပြောပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်နေတဲ့အပေါ် မြန်မာစစ်ကောင်စီဘက်က ထောက်ခံပြောဆိုပါတယ်။ ရုရှားလုပ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ထောက်ခံပြောဆိုမှုအပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းကြားမှာလည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
“စက်မှုဇုံမှာ ကွန်ပျူတာနဲ့သွားရတဲ့ စက်တွေကျတော့ မီးအားငြိမ်နေမှ ရတာ။ ဥပမာ ဆေးထိုးအပ်စက်ရုံ.. သူက ခလုတ်ဖွင့်လိုက်ပြီဟေ့” ဆို မီးကငြိမ်နေမှရတာ၊ ပြတ်ပြီဟေ့ဆိုရင်လည်း ချက်ချင်းပြန်ထုတ်လို့မရဘူး။ ဂျမ်းဖြစ်သွားတာတွေ အကုန်ရှင်းရသေးတယ်။ အလေအလွင့် များတာပေါ့။” (စက်မှုဇုံဥက္ကဋ္ဌတဦး)
ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် တပ်နှစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ စတဲ့ဒေသတွေသာမက တောင်ပိုင်းဒေသ ရပ်စောက်၊ ပင်လုံဘက်ထိပါ ကျယ်ပြန့်လာနေပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်အကြာ မြန်မာပြည်သူတွေ လူနေမှုဘ၀ ထိခိုက်မှု ပိုများနေပါတယ်။ နိုင်ငံတကာနဲ့အလှမ်းဝေးမှုကြောင့် မြန်မာ့စီးပွားရေး ပိုယိုယွင်းလာတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး က တင်ဆက်ထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနာ၊ မြန်မာအာဏာသိမ်း စစ်တပ်ကို လေယာဉ်ဆီရောင်းတာ ပိတ်ပင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကို စစ်ကောင်စီတပ်ကနေ အင်အားဖြည့်စစ်ဆင်ရေး ပြုလုပ်လာလို့ ဒေသခံချင်းကာကွယ်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ခဲ့သလို ရွာသားတထောင်နီးပါး တောတောင်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
“ဒီမနက် ၅ နာရီလောက်က။ လုံရှာယန်နဲ့ တမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရွာကနေပေါ့။ ဒါပေမယ့် အဲဒီမှာလည်း ရွာတော့ ရှိတယ်။ အခုက တောမှာ တောင်တက်နေတာ။ လေယာဉ်တွေ ဗုံးတွေ အဲလိုမျိုးကြောက်လို့ လေ။ ဟိုတခေါက်ရွာမှာ ရွာလယ်မှာ အဲလို လက်နက်ကြီးတွေ ပစ်လို့လေ နော။ အခုက တောင်ကြိုတောင်ကြား တက်နေတယ်။” (ဒေသခံအမျိုးမီး)
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ICJ မှာ ဂမ်ဘီယာဘက်က စွပ်စွဲတင်ပြချက်တွေကို ကြားနာ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ICJ တရားရုံးမှာ လျှောက်လဲပေမယ့် မြန်မာနိုင်ငံအနောက်ခြမ်းက ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ တုံ့ပြန်ပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာစစ်ကောင်စီဟာ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တဖြည်းဖြည်း အလှမ်းဝေးလာပါတယ်။
စစ်ကောင်စီ လေတပ်က တိုက်လေယာဉ်တစီး ဒီကနေ့ လေ့ကျင့်ပျံသန်းနေချိန် စက်ချို့ယွင်းပြီး ပျက်ကျသွားပြီး လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင် သေဆုံးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အိုမီခရွန်ကိုဗစ်ပိုးသစ် ကူးစက်ခံရသူ တစထက်တစများလာတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူး အတည်ပြုလူနာ အရေအတွက်ကလည်း ပိုတိုးလာပါတယ်။ ကျန်းမာရေးဌာနအနေနဲ့လည်း သတိပေးတာတွေ လုပ်နေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“အဓိကစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အလုပ်မလုပ်တော့အောင် ဖြစ်တယ်။ ကျနော်တို့မူဝါဒအတိုင်းလည်း အထူးသဖြင့် စစ်အာဏာရှင် စံနစ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သူတွေ၊ စစ်အာဏာသိမ်းမှု လက်မခံတဲ့သူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ လက်တွဲပြီးတော့လုပ်နေကြတာဖြစ်တယ်။” (ပဒို စောတောနီး-KNU နိုင်ငံခြားရေးဌာန တာဝန်ခံ)
ချင်းပြည်နယ် မင်းတပ်-မတူပီဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။
“မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်ဗျာ၊မန်မာစစ် တပ်ဘက်က လက်ပန်တောင်ကြောကို ထပ်ပြီး ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ဖြစ်ခဲ့တာ။ မွန်းလွဲ ၃ နာရီမှာ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ စပြီး ပစ်ခတ်တယ်၊ ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှပဲ သေနတ်သံတိတ်သွားတာပေါ့၊” (ခိုင်သုခ- AA ပြောခွင့်ရ)
“အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားသမဂ္ဂတွေကို target ထား ဖြိုခွဲလာတဲ့နောက်ပိုင်း အလုပ်ရှင်တွေက ဒီစာချုပ်တွေအားလုံးကို ဖျက်သိမ်းတဲ့ ကြေညာချက်တွေလုပ်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ အလုပ်သမားတွေက ယခင်လစာတွေထက် များစွာလျော့နည်းပြီးတော့ ရကြတယ်ဆိုတာ ဖြစ်လာပါတယ်။” (ဒေါ်ခိုင်ဇာအောင်-အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာကြောင့် ဒေသခံရွာသားတွေဟာ သီပေါနဲ့ ကျောက်မဲမြို့တွေမှာ တိမ်းရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ အခုရက်ပိုင်း စက်သုံးဆီကို ကုမ္ပဏီကြီးတွေဆီကနေ လိုသလောက်ဝယ်လို့ မရတော့တဲ့အတွက် မန္တလေးတိုင်း၊ အပါအဝင် နယ်မြို့အများစုမှာ လောင်စာဆီဈေးတွေ ဆက်တက်နေပြီး၊ တချို့ဆိုင်တွေမှာ လက်ကျန်ဆီပြတ်မသွားအောင် ထိန်းပြီးရောင်းချနေရ
နောက်ထပ်ကြည့်ရှုရန်