အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာအရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေ အခု ရက်ပိုင်း၊ လပိုင်းအတွင်း ပိုများလာတာပါ။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မေလအတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေသလို တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရသူတွေ ရှိသလို တိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရတာတွေလည်း ဆက်လက်ရှိနေပါတယ်။
တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ဒေသခံ ငါး ဦး ကို ဒီကနေ့မှာ စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူတွေမှာ ရိုက်နှိက်ထားရတဲ့ ဒဏ်ရာတွေ မပျောက်သေးဘူးလို့ ဖမ်းဆီးခံထားရတဲ့ ဦးမင်းစိုးရဲ့မိသားစုဝင် ကိုစိုးဝင်းက ပြောပါတယ်။
အခု နာရီပိုင်းအတွင်းမှာ အင်အားပြင်းထန်တဲ့ Amphan ဆိုက်ကလုံးမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ထဲကနေ ကုန်းတွင်းပိုင်း ဝင်ရောက်တာမှာမို့ ရခိုင်မြောက်ပိုင်းကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းကျပြီး မိုးသည်းထန်ဖို့ ရှိနေပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲအတွင်း ကျေးရွာတစ်ချို့လည်း မီးရှို့ဖျက်စီးတာတွေကို ခံနေကြရပါတယ်။ ပြီးခဲ့ မေလ ၁၆ရက်နေ့ စနေနေ့ ကလည်း မြောက်ဦးမြို့နယ် လက်ကာကျေးရွာကနေအိမ် တစ်ရာကျော်လောက် မီးရှိုှု့ ဖျက်စီးခံခဲ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုကြပါတယ်။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြေပုံမြို့နယ်ဘက်မှာ ရှိတဲ့ စစ်ရှောင် စခန်းတချို့မှာ ရိက္ခာသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းကို အာဏာပိုင်တွေက ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ဘူးသီးတောင်မြို့နယ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် သောက်ရေသုံးရေ ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့မြောင်းနား စစ်ရှောင်စခန်းတာဝန်ခံ ဦးကျော်ဇင်ဦးက ပြောပါတယ်။
ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အမည်မသိသူတွေက လာရောက်ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် တိမ်းရှောင်နေရတယ်လို့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တရုတ်နိုင်ငံကနေ ပြန်ရောက်လာကြတဲ့ သူတွေ အခုရက်ပိုင်းအတွင်းမှာ များပြားလာတာကြောင့် ဒေသခံတွေအနေနဲ့ လက်ရှိကူးစက်နေနဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေဟာ ၁၆၀,၀၀၀ ကျော် အထိရှိလာတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်မြောက်ပိုင်းက အစိုးရနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဟာ ရသေ့တောင်မြို့ပေါ်မှာ ၃၀,၀၀၀ နီးပါးရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။
ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ်မှာ WHO ကားပစ်ခတ်ခံရပြီး ဝန်ထမ်း တဦး သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့ တခုကို ဖွဲ့စည်းလိုက်တယ်လို့ သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တစ်နေ့ တစ်ခြား နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေဟာလည်း ပိုမို များပြားလာပြီးစားဝတ်နေရေး အဆင်မပြေမှုတွေကို ပိုမိုရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ်အတွင်းမှာ မနေ့က ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အရပ်သား လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။
ပလက်ဝမြို့ရဲ့ အရှေ့ဘက်ကမ်း ကုလားတန်စီမံကိန်း တောင်ကုန်းတွေပေါ်မှာ ဒီကနေ့ မနက်ပိုင်းနဲ့ ညနေပိုင်း တွေ မှာ ရခိုင်လက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ပလက်ဝ ဒေသခံ တွေက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ CPS ပိုးသတ်ဆေး ကုမ္ပဏီက ဆေပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို မနေ့က နေ့လည်ပိုင်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ကနေ COVID-19 စောင့်ကြည့်လူနာတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ပက် နမူနာတွေကို ရန်ကုန်ကို သွားရောက်ပို့ဆောင်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် UN တံဆိပ်ပါကားတစ်စီးကို မနေ့ကညနေ ၅ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာ ပါလာတဲ့ ဝန်ထမ်းတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာတပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီးပြောဆိုတဲ့ ရခိုင်အမျိုး သားပါတီက လွတ်တော်ကိုယ်စားလှယ်တစ်ချို့ကို မြဝတီရုပ်မြင်သံကြားက ခြိမ်းခြောက်တဲ့သဘောနဲ့ ထုတ်လွင့် ခဲ့တာကို ANP ပါတီက ကန့်ကွက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်