ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းလောက်က တိုက်ပွဲတွေကြောင့် ဓာတ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေခဲ့တာပါ။
ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ဒီနေ့က မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စုစုပေါင်း အရပ်သား ကိုးဦးသေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရတဲ့ သတင်း တင်ဆက်ပေးပါမယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပလက်ဝမြို့ပေါ်နဲ့ တစ်ခြားကျေးရွာတွေမှာ နေရပ်စွန့်ခွာခိုလုံလာကြတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာလည်း ၆ထောင်ကျော်အထိ ရှိလာနေပါ တယ်။ဒီကနေ့အထိလည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေတယ်လို့ ပလက်ဝဒေသခံတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းဒေသအထိပါ ကူးစက်လာနေပြီး၊ မနေ့ကဆိုရင် ရခိုင် အမ်းမြို့နယ်ထဲ ပစ်ခတ်မှုကြောင့် ဒေသခံ လေးဦးထက်မနည်း အပြင်းအထန်ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်ဝမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ် ဦးသေဆုံးခဲ့ရတဲ့ သတင်းကို တင်ဆက်ပေးပါမယ်။ တပ်မတော်ဘက်ကတော့ ပလက်ဝမြို့နယ်အတွင်းမှာ လိုအပ်တဲ့နေရာတွေကို လေကြောင်းပစ်ခတ်မှုတွေ လုပ်ခဲ့တာရှိတယ်လို့ ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့ပေါ်မှာ မနေ့က ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကျေးရွာတရွာမှာ ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ရွာကို တပ်မတော်စစ်ကြောင်းတကြောင်း ဝင်သွားတာ သတိပြုတယ်လို့ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက အကြီးတန်းသတင်းထောက်တစ်ဦးနဲ့ သတင်းထောက် နှစ်ဦး ကို မတ်လ ၃၁ရက် အင်္ဂါနေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်သွားခဲ့ပါတယ်။
မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ မနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသေးတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း တိုးလာနေပါတယ်။
ပြီးခဲ့ရက်ပိုင်းတွေက တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က ညောင်ချောင်း စစ်ရှောင် စခန်းမှာ ၄ရက်အတွင်း စစ်ရှောင် ၁၈၀၀ အထိရှိလာပါပြီ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ဦးရေ စုစုပေါင်း တစ်သိန်းငါး သောင်း ကျော်အထိရှိနေတာပါ။
ရခိုင်ပြည်နယ် တွင်းမှာလည်း ပြည်ပထွက်ခွာ အလုပ် လုပ် ကိုင်နေကြသူတွေ လက်ရှိအချိန်မှာ ပြန်လည် ဝင်ရောက်တာတွေ ရှိနေတာကြောင့် ရခိုင်ဒေသခ ံတွေအနေနဲ့ ကိုရိုနာဗိုင်းရက်စ် ကူးခံရမှာကို ကြောက်လန့်နေကြပါတယ်။ VOA သတင်းထောက် ကိုသက်နိုင်ကသတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် တွင်းမှာလည်း ပြည်ပ ထွက်ခွာ အလုပ် လုပ် ကိုင်နေကြသူတွေ လက်ရှိအချိန်မှာ ပြန်လည် ဝင်ရောက်တာတွေ ရှိနေတာကြောင့် ရခိုင်ဒေသခ ံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးခံရမှာကို ကြောက်လန့်နေကြပါတယ်။
ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်တွင်းက တပ်မတော်လေ့ကျင်ရေးကျောင်းကို AA ရခိုင် လက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းတိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု အချို့ ရှိခဲ့ပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တပ်မတော်ဘက်က ကြည်းတပ်လူအင်အားလက်နက်အင်အားဖြည့်တင်းလာသလို ရေတပ် စစ်အကူတွေကို လည်း ပိုအသုံးချလာတာကြောင့်၊ လာမယ့် ရက်တွေမှာ ပိုပြီး တိုက်ပွဲတွေပြင်း ထန် လာနိုင်တယ်လို့ AA ဘက်က ပြောလာပါတယ်။
ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သားထိခိုက် သေဆုံး မှုတွေလည်း တိုးလာနေပါတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ မတ်လအစအပိုင်းကတည်းက အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးလက်နေဒေသခံတွေဟာ ကျောက်တော်မြို့ကို ထွက်လာနေကြပါတယ်။
တပ်မတော်ဘက်ကလည်း အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေ ရှိနေပါတယ်။
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စနေ၊ တနင်္ဂနွေ ဒီနှစ်ရက်အတွင်းမှာပဲ အရပ်သားဒေသခံ ၂၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၂၈ ဦးအထိ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ တလကျော်ကြာ ဆက်တိုက်လို ဖြစ်နေတာကြောင့် ဒေသခံတွေ ပိုပြီး ဘေးဒုက္ခရောက် နေကြရပါတယ်။ တချို့ဒေသတွေမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တားမြစ်ထားတာကြောင့် ရိက္ခာပြတ်တဲ့ အခြေအနေရောက်နေပါပြီ။
နောက်ထပ်ကြည့်ရှုရန်