ခရစ္စမတ်ရာသီမှာ အလုပ်များတဲ့ ဆန်တာဘိုးဘိုးတွေ ဘယ်သွားနေကြပါလဲ။ တချို့က မီးပုံပျံနဲ့ ရောက်လာကြသလို တချို့က လှေလှော်၊ မြည်းစီး၊ ဟာလီဒဗစ်ဆင်ဆိုင်ကယ်နဲ့ ရောက်လာခဲ့ကြတာပါ။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
“မုဌော ၂ (အရှေ့အနောက်) ရွာကြားမှာ မနက် ၁၀ နာရီလောက်ကတည်းက တိုက်ပွဲစဖြစ်နေတာ။ လေယာဉ်က ၁ စီးတည်းပါခင်ဗျ။ Mig 35 နဲ့ ပစ်တာ။ နာရီဝက်ကျော်ကျော်လောက်ကိုကြာတာ။ အဲ့လို ပတ်တိုင်းလည်း ပစ်တာပဲ။ ခြေကျင်စစ်ကြောင်းကော ရေကြောင်းကော ကျနော်တို့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။” (ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်)
“မြစ်ရိုးတလျှောက် ကနီအထိဆိုရင် ရွာပေါင်း ၃၀ လောက်ရှိမှာ။ ကနီနယ်ထဲမှာ ခြေကျင်စစ်ကြောင်းကောပါတယ်။ ကုန်းကြောင်းရေကြောင်း စစ်ကြောင်းက ၂ ကြောင်း၊ ပြီးတော့ ကမ်းနားရွာကော ကိုယ့်ရွာက ခြေကျင်စစ်ကြောင်းလာရင်လည်း မလွတ်ဘူး။ မြစ်နဲ့ဝေးတဲ့နေရာ ခြေကျင်စစ်ကြောင်းနဲ့ ဝေးတဲ့နေရာတွေ ပြေးရတာ။”(စစ်ရှောင်ဒေသခံ)
၂၀၂၄ ခုနှစ်အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ အသက်အရွယ်အရ ကြီးရင့်သူ နှစ်ဦး သမ္မတရာထူး ယှဉ်ပြိုင်လာနိုင်တဲ့ အခြေအနေတွေရှိနေတာကြောင့် နိုင်ငံကို ဦးဆောင်မယ့်သူတယောက်အနေနဲ့ ဘယ်လောက်အသက်အရွယ်ရှိသင့်သလဲဆိုတဲ့ အပေါ် မေးခွန်းထုတ်နေကြပါတယ်။ အိမ်ဖြူတော်သတင်းထောက် Anita Powell သတင်းပေးပို့ထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့မှုတွေပါတဲ့ ကန်ဥပဒေမူကြမ်း NDAA အထက်လွှတ်တော်အတည်ပြု၊ စစ်ကောင်စီဝန်ကြီးများနဲ့ စီးပွားရေးလုပ်ငန်းရှင်များကို ကနေဒါအစိုးရ ထပ်တိုးဒဏ်ခတ်၊ NLD လက်ထပ် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် ထောင် နှစ် ၂၀ ချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်အစိုးရပိုင် ဝမ်ပေါင်ကြေးနီတူးဖော်ရေးစက်ရုံကကုန်ကြမ်းတွေကို မုံရွာမြို့ဆီ သယ်တာမှာ မနေ့ကစပြီး မုံရွာ-ပုသိမ် လမ်းတလျှောက်ကျေးရွာတွေမှာ စစ်တပ်က ဝင်ရောက်နေရာယူထားလို့ ဒေသခံ ၈,၀၀၀ နီးပါး ရှောင်တိမ်းခဲ့ရကြောင်း ဆားလင်းကြီးမြို့နယ် ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
ကန်အမျိုးသားကာကွယ်ရေး အသုံးစရိတ်မှာ မြန်မာ့ဒီမိုကရေစီရေး လက်မှတ်မဟုတ် ထောက်ပံ့ရေးပါဝင်၊ သေဒဏ်ချခံ လူငယ်များ အယူခံတက်ဖို့ ခက်နေရ၊ ဗွီအိုအေပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် ထောင်ဒဏ် ၇ နှစ် ထပ်တိုးချခံရ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
Adidas ထုတ်ကုန်တွေ ချုပ်ပေးနေတဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် မြန်မာပေါင်ချိန်စက်ရုံက လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမား ၂၆ ယောက်ကို အလုပ်ထုတ်လိုက်ကြောင်း ဒီကနေ့ စက်ရုံဘက်က တရားဝင်အသိပေးခဲ့ပေမဲ့ အလုပ်သမားတွေဘက်က အလုပ်ပြန်ရရေးကိုပဲ ဆက်ပြီးညှိနှိုင်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“လုံးခင်းဘက်မှာ နေရာတိုင်းလို ဖြစ်တဲ့ အနေအထားမျိုးရှိတယ်။ မှော်ဆီဇာထိပ်က တာဝါတိုင်မှာလည်း ပစ်တယ်။ ဗျူဟာကုန်းကနေလည်း အမြောက်နဲ့ ဆန်ခါ၊ မဒဲ့ယာန်ဘက်ကို ပစ်တာရှိတယ်။ မနေ့ကလည်း မိုးလင်းပေါက်ကို ဒုန်းကနဲ၊ ဒိုင်းကနဲ၊ ဝှီးကနဲ အိမ်ခေါင်မိုးကနေ aကျာ်ကျော်သွားတဲ့အခါကျတော့ ကြောက်လန့်နေကြတာပေါ့။”(လုံးခင်းဒေသခံ)
“ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားတာရှိတယ်၊ တိုင်းပြည်ရဲ့စီးပွားရေး ကောင်းမွန်အောင်ဆောင်ရွက်ပြီးမှပဲ အစိုးရဝန်ထမ်းတွေ လစာတိုးဖို့၊ တဘက်ကလည်း ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာတွေကို မြှင့် တင်ပေးဖို့ဆိုပြီး ဒီလိုပြောထားတာ ရှိပါတယ်။” (ဦးညွန့်ဝင်း-အလုပ်သမားရေးဌာန အမြဲတမ်းအတွင်းဝန်)
“အရင်တပတ်ထဲကပဲ မြွေပေါက်လို့ အချိန်မီ မရောက်နိုင်တော့လို့ ဒီမှာသေတဲ့သူတွေပေါ့နော်၊ လမ်းတဝက်မှာ သေတဲ့ တယောက်လည်းရှိတယ်။ ဆေးကုသဖို့က တော်တော်လေးခက်ခဲတယ်။ အခုက ရာသီဥတုကြောင့် အဖျားတော်တော်လေးလည်းများနေတယ်။ ဟားခါး အဝင်ဂိတ်တွေက တော်တော်ကြပ်တာပေါ့နော်။” (စစ်ဘေးရှောင်တွေကို ကူညီနေသူ)
ကယားပြည်နယ်ထဲမှာ နိုဝင်ဘာလလယ်ကစပြီး စစ်အင်အားဖြည့်နေတဲ့ စစ်ကောင်စီတပ်တွေဟာ နေရာအနှံ့ တပ်ဖြန့်ချထားပြီး လက်နက်ကြီးတွေကို အားပြုသုံးစွဲလာတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
“ဗုံးအကြီးကြီးပဲ။ ပေါင်ငါးရာဗုံး။ သူကပေါက်ကွဲပြီး ယမ်းစတွေထွက်တာ မဟုတ်ဘူး။ ဂွမ်းစလို ပတ်တီးစလို အစတွေထွက်တာ။ အဲဒီထွက်တဲ့နေရာမှာ အငွေ့တွေပါတယ်။ အငွေ့ကထွက်ပြီးရင် ခဲနေတယ်။ ဆေးလိပ်ငွေ့ထက် ပျစ်တယ်ဗျာ၊ အနံ့ထွက်နေတယ်။ သွားရှူလိုက်ရင် မူးတာတို့ အိပ်ပျော်တာတို့ ဖြစ်တယ်။" (ကော့ကရိတ်ဒေသခံတဦး)
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲထားတဲ့ နောက်ဆုံးလက်ကျန် အဂတိလိုက်စားမှု ၅ မှုကို ဒီနေ့ စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။ တချိန်တည်းမှာ လေးကေ့ကော်မှာဖမ်းခံရတဲ့ NLD မြောင်းမြလွှတ်တော်ကိုယ်စားလှယ်ကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အနန့်ပါရွာအပေါ် ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA ကြား ပိုပြီးတော့ စစ်ရေးတင်းမာလာနေပြီး မိုင်းခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဒီရက်ပိုင်း ဆက်တိုက် ဖြစ်နေပါတယ်။
“မြေပြင်မှာ ရောင်းနေ ဝယ်နေကြတာသည် ၁၂ ခွဲ ၁၃ ပဲလေ။ အဲဒီ ရည်ညွှန်ဈေးအတိုင်းပြန်ဝယ်ရင် တောင်သူတွေက ခွက်ခွက်လန်အောင် ရှုံးမယ်လေဗျာ။ ရှုံးရုံတင်မဟုတ်ဘူးလေ၊ လယ်တွေပါ ပြန်အပ်ရမယ့် အနေအထား။ အခု ရိတ်ခြွေကြွေးရှိမယ်၊ ထွန်စက်ကြွေးရှိမယ်၊ မြေဩဇာကြွေးရှိမယ်။ အဲဒါတွေက ရောင်းချပြီးရင် ဆပ်ကြတာပဲလေ။” (လယ်သမားတဦး)
အမျိုးသားနေ့ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပါွးရေးအကြံပေး ရှောင်တာနာနဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တချို့ ပါဝင်၊ ပြည်တွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးကပြေးရသူ ပိုးတိုး၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ဝင်းခန့်မောင် တင်ပြထားပါတယ်။
“ ၁၁ ရက်ညမှာ ဖားကန့်ဘက်က အရာရှိတယောက်က ဒကာခံတယ်ဆိုပြီးမှ သူတို့သွားကြတယ်လို့တော့ ပြောတာပဲ။ အဲဒါနဲ့ Happy KTV တပ်ကုန်း ရွှေလမ်းမ ဘေးမှာ ဖွင့်ထားတဲ့ အဲဒီ Happy KTV မှာပေါ့။ သူတို့ တညလုံးနေပြီးမှ နောက်မနက် ၅ နာရီ။ ၅ နာရီခွဲ အဲဒီကြားမှာ လာဖမ်းသွားတာပေါ့။” (မြစ်ကြိးနားမြို့ခံ)
မြန်မာစစ်ကောင်စီနဲ့ နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦး အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုထပ်ပြီး ချမှတ်၊ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမယ့် အာဆီယံထိပ်သီး အစည်းအဝေး ကမ္ဘောဒီးယားမှာ ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်