“တိုက်ပွဲဖြစ်တာက ၅ နာရီခွဲ ၆ နာရီလောက်မှာ ဖြစ်တာ။ ပြီးတော့ ၇ နာရီလောက်မှာ ၅၅၀ ရယ်၊ ကွမ်းတောင်ရယ်၊ ပါဒလိပ်ရယ်၊ အဲဒီ ၃ နေရာကနေ လှမ်းပစ်တယ်။ နောက် ၈ နာရီလောက်မှာ လေယာဉ်နဲ့လာပစ်တယ်။”
“ရောင်းတဲ့သူတွေ၊ လှောင်တဲ့သူတွေကလည်း ၇ လ၊ ၈ လလောက် အောင်းထားတဲ့အမြတ်တွက်နဲ့ တွက်ကြည့်မယ်ဆိုရင် (တင်းတရာကို) ၁၅ သိန်းလောက်မဖြစ်ရင် မရောင်းလောက်ဘူးလို့ ကျနော်က မြင်တာပေါ့လေ။ တောင်သူတွေက သွင်းအားစု များတယ်ဗျာ။ မြေဩဇာဈေးရှိမယ်၊ ထွန်ယက်စရိတ်၊ ကောက်စိုက်စရိတ်၊ ပေါင်းနှုတ်စရိတ်တွေရှိမယ်။” (လယ်သမားတဦး)
အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲဟာ မျှတမှန်ကန်မှု ရှိရဲ့လားဆိုပြီး ရီပါဘလစ်ကန်တချို့က မေးခွန်းထုတ်နေကြပါတယ်။ ပါတီစွဲမရှိသူတွေကတော့ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ Arash Arabasadi ပေးပို့တဲ့သတင်း ကိုဝင်းခန့်မောင် ပြောပြပါမယ်။
စစ်ကောင်စီ အရေးယူပိတ်ဆို့ရေး သြစတြေးလျ ဆက်ပြီးစဉ်းစား၊ မြန်မာနဲ့ ကမ္ဘာမှာ သတင်းသမားတွေ သတ်ဖြတ်ခံရမှု ယူနက်စကို အစီရင်ခံစာ ထုတ်ပြန်၊ ထိုင်းမှာဖမ်းလိုက်တဲ့ ဒေါက်တာထွန်းမင်းလတ်ပိုင်ဆိုင်မှု သန်းပေါင်းများစွာ သိမ်းခံရ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁ ရက်ကစပြီး ထိုင်း-မြန်မာနယ်စပ်က သွင်းကုန်လုပ်ငန်းတွေမှာ ဘဏ်စနစ်ကိုပဲ အသုံးပြုသွားတော့မယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အမိန့်ထုတ်လိုက်ပြီး ဒါဟာ နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ FATF အစီရင်ခံစာအပေါ် လိုက်နာမှုတွေ ပိုအားကောင်းအောင် လုပ်တာလို့ ကုန်သွယ်ရေးဦးစီးဌာနက ကြေညာပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲကရွာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေတဲ့အတွက် ဒေသခံ စစ်ဘေးရှောင်တွေစိုးရိမ်ထိတ်လန့်ပြီး နေရပ်မပြန်ရဲကြတဲ့အကြောင်း စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Tom Andrews က ထောက်ပြပြောဆိုပါတယ်။ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးပွဲကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ပါတယ်။ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို မစုမြတ်မွန်နဲ့ ကိုဝင်းခန့်မောင်တု့ိ စုစည်း တင်ပြထားပါတယ်။
" နှစ်ဘက်ပစ်တယ်ဆိုတော့ ဘယ်သူ့ ဘယ်သူမှပြောလို့မရဘူးလေ။ ဘယ်သူမှ ကျည်ဆံမှာ နာမည်ရေးထားတာ မရှိဘူးလေ။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ မသွားနိုင်လည်း လူထုကငတ်မှာ။ အဲဒါကြောင့် မိသားစုအရေး၊ စားဝတ်နေရေး ကြည့်ပြီးတော့ပဲ သွားလာနေကြတယ်လို့ ကျနော်မြင်တယ်။" (ပုလဲဖြူ လူမှုကူညီရေးအသင်းဝင်)
အင်းစိန်အကျဉ်းထောင် ပေါက်ကွဲမှု ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင်မိခင် သေဆုံးသူထဲပါဝင်၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်လုပ်ရပ်တွေကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အမေရိကန် တိုက်တွန်း၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
"အထည်ချုပ် အကြီးကြီးတွေမှာပဲ ပြတ်မယ်ဆိုတဲ့အသံ ကြားနေရတယ်။ ဒီလကုန်ပိုင်းလောက်ဆိုရင် စက်ရုံ ၂ ရုံ ၃ ရုံလောက်တော့ အော်ဒါ ရပ်ဖို့ရှိတယ်။ စက်ရုံနားမယ်လို့လည်း အသံတွေ ကြားနေရတယ်။ အဓိကတော့ အော်ဒါ ပြတ်လပ်မှုပဲ။ လုပ်သားလျှော့တာတို့၊ စက်ရုံပိတ်တာတို့ ခေတ္တယာယီ အဲလိုတွေ ဖြစ်မယ် ထင်တယ်။" (အထည်ချုပ်လုပ်ငန်းရှင်)
“ ဖလောင်းပြင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီးတော့ သုံးယောက်ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့ နှစ်ယောက်ကို ပေါက်တောဆေးရုံကို ယူသွားတယ်။ အဲဒီထဲက မယဉ်သိန်းက ပေါက်တောဆေးရုံမှာ ဆုံးသွားတယ်။ နောက်မယဉ်သိန်းရဲ့ညီမအရင်း မရွှေအေးသိန်းအသက် ၈ နှစ်ကလည်း ခုလေးတင်ဆုံးသွားတယ်။ တအိမ်တည်းကပါပဲ။” (ဖလောင်းပြင်ရွာသား)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးအစည်းအဝေး တရပ်ကျင်းပဖို့ရှိ၊ စစ်ကောင်စီလက်နက်ရအောင် ကူညီမှုနဲ့ လုပ်ငန်းရှင် ၃ ယောက်၊ ကုမ္ပဏီတခု အမေရိကန်ဒဏ်ခတ် အရေးယူ၊ ဂျပန်တိုယိုတာ ကားစက်ရုံမှာ လုပ်ငန်းတွေ ပြန်လည် စတင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီက သတင်းမီဒီယာအပေါ် နှိပ်ကွက်မှု၊ နိုင်ငံမှာ တရားမဝင်အုပ်ချုပ်နေမှုကို ချက်ချင်းရပ်ဖို့ ဥရောပပါလီမာန် တောင်းဆို၊ မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့တဲ့ ပူးမားစွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွါဖို့ ပြင်ဆင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
“ကိုယ့်ဖာသာကိုယ်တောင် ကျောင်းစိမ်းမဝတ် ရဲတော့ဘူး။ စိတ်တွေကအဲလိုဖြစ်သွားတယ်၊ ပြန်ပေးဆွဲတုန်းကလည်း ကျောင်း ဆရာ ဆရာမတွေ၊ မနေ့ကကိစ္စမှာလည်း ပညာရေးဌာနက အထက်လူကြီးကိုတောင် အဲလိုလုပ်တယ်ဆိုရင် ကိုယ့်ကိုလည်း လာလုပ်မလားပေါ့၊ ယူနီဖောင်းဝတ်လိုက်ရင် ကိုယ့်ကို လာလုပ်မလားအဲလိုအပဲ စဉ်းစာနေတော့တယ်။” (ဆရာမတဦး)
ဒီမိုကရေစီလိုလားတဲ့ပြည်သူ့ဆန္ဒ လေးစားဖို့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ အမေရိကန်သံရုံး တောင်းဆို၊ သတင်းထောက် မထက်ထက်ခိုင် ထောင် ၃ နှစ် ချမှတ်၊ မြန်မာမှာ ကိုဗစ်ပိုး တကျော့ပြန်ကူးစက်မှု တိုးများ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
အရှေ့ဖျား စီးပွါးရေးဖိုရမ် တက်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြီးအကဲက ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံဆွေးနွေး၊ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံ လုပ်ငန်းတွေကို ရောင်းချ၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
လူထူထပ်တဲ့ မြို့ပြကမ်းခြေတွေနား ငါးမန်းတွေ မကြာခဏ ရောက်လာတတ်တယ်လို့ မီယာမီတက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တွေရဲ့ သုတေသန စစ်တမ်းအသစ်တခုက ဖော်ပြပါတယ်။ သူတို့က ဖလော်ရီဒါတောင်ပိုင်း ကမ်းရိုးတန်းတလျှောက် ငါးမန်းတွေရဲ့ လှုပ်ရှားသွားလာပုံတွေကို စောင့်ကြည့်လေ့လာခဲ့ကြတာပါ။ ကိုဝင်းခန့်မောင် ပြောပြပေးပါမယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးမယ်လို့ ကြေညာ၊ NLD လက်ထက် ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး ပြန်လွတ်၊ မလေးရှားမှအပ အာဆီယံနိုင်ငံတွေ စစ်ကောင်စီ ပြည်ဝင်ခွင့်ကင်းလွတ်ပေး၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ တောင်မြို့နဲ့ တောင်ကြား ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်အတော်များများ မီးရှို့ခံခဲ့ရပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း ၃ ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့၊ ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်မှာ ရိုဟင်ဂျာအရေး နိုင်ငံတကာ တိုက်တွန်းတောင်းဆို၊ ရုရှားလောင်စာဆီ မြန်မာဝယ်ရန်ရှိ၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်