ရာသီဥတု ပူပြင်းတာတွေကြောင့် စစ်ကိုင်းတိုင်း အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလထဲမှာ မုတ်သုန်ဝင်ရောက်တော့မှာ ဖြစ်တဲ့အတွက် မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ပြောပါတယ်။ ရန်ကုန်က လာတဲ့သတင်းကိုရဲမွန် က ပြောပြပါမယ်။
ငပလီအပန်းဖြေ ကမ်းခြေရှိတဲ့ ရခိုင်ပြည်နယ်ကို အခုတလော ခရီးသွားတွေ အလာများနေတာမှာ သင်္ကြန်ကာလအတွင်း ဟိုတယ်တွေအကုန်လုံး ပြည့်နေတယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာရေးဦးစီးဌာနက ပြောပါတယ်။ အခုလို ရခိုင်ပြည်နယ်ကို ခရီးသည်တွေ အသွားများနေတဲ့အတွက် ကားလက်မှတ် လေယာဉ်လက်မှတ်တွေလည်း ၂ ဆလောက် ဈေးတက်နေပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲမှာ ထောင်တွင်းသင်္ကြန်ပွဲတော်လုပ်ဖို့ အကျဉ်းဦးစီးက ပြင်ဆင်နေပါတယ်။ တချိန်ထဲမှာပဲ အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကတော့ သင်္ကြန်ပွဲတွေမှာ ပါဝင်ခြင်းမပြုဖို့ တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် က တင်ပြပါမယ်။
တောထဲမှာ ပုန်းရှောင်နေခဲ့ကြတဲ့ ပူတာအိုမြို့နယ် ဆွမ်ပီယန် နဲ့ အင်စီယန်ကျေးရွာတွေက ဒေသခံကျေးရွာသားတွေဟာ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့တွေ ကြားဝင်ညှိနှိုင်းပေးတာကြောင့် နေရပ်ပြန်လာကြပြီဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုရဲမွန် က တင်ပြထားပါတယ်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်နေတဲ့ မွန်ညီညွတ်ရေးပါတီ MUP အနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်ပြီးတော့ အဖြေရှာတဲ့ နည်းလမ်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပါတီညီလာခံမှာ ဆုံးဖြတ်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ဒီနှစ်ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့ရဲ့ ငါးကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေတဲ့ India for Myanmar ကတောင်းဆိုလိုက်ပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံရွာသား ၁ ထောင်နီးပါး တောတောင်ထဲမှာ ပုန်းရှာင်နေကြရပါတယ်။ ရွာတွေဘက် လက်နက်ကြီးတွေနဲ့ အရင် ပစ်ခတ်ရှင်းလင်းတာကြောင့် ဒေသခံတွေ အသက်လုထွက်ပြေး ကြရပါတယ်။ ထွက်ပြေးနေရသူတွေ အစားအသောက်အကူအညီ လိုအပ်နေကြ။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အရှေ့ပိုင်းက နှောရိုးကျေးရွာကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ မတ်လ ၁၀ ရက်က ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၃ဝဝ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒေသခံ ၃ဝဝဝ ကျော်လောက်ဟာ တောတောင်တွေအတွင်းမှာပဲ ပုန်းရှောင်နေကြရပါတယ်။ ပူတာအိုမြို့နယ်က စစ်ရှောင်တွေရဲ့အခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုရဲမွန် က တင်ပြထားပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၃၀၀ လောက်ရှိနေပါတယ်။ အတည်ပြုလူနာတွေကို ကိုဗစ်ကုသဆောင်တွေမှာ ကုသပေးနေသလို၊ တချို့ကတော့ နေအိမ်တွေမှာပဲ ကုသမှု ခံယူနေကြပါတယ်။
တမင်သက်သက်စောင့်ပြီး ဧည့်စာရင်းဝင်ဖမ်းတယ်၊ အဲဒါမျိုးတွေလုပ်တယ်၊ ပြီးရင်ရပ်ကွက်ရုံးခေါ်တယ်။ ၈ နာရီခွဲအချိန်လေးမှာ သမီးရည်းစားနှစ်ယောက် စကားပြောတာကို ချိန်းတွေ့လို့ဆိုပြီး တယောက် တသောင်းခွဲစီ တောင်းသွားတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရအနေနဲ့ ဆက်ပြီးကူညီသွားမယ့်အကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ညောင်တိုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးက ရိုက်နှက်လို့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။ ရွာထဲမှာ လွန်ခဲ့တဲ့ ၂ လလောက်ထဲက စစ်တပ်က တပ်စွဲထားပြီး ရွာသားတွေကို နိုင့်ထက်စီးနင်းလုပ်နေတာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ကြာသာပတေးနေ့က ငြိမ်သက်နေခဲ့ပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူ အတော်များများ ပြန်လည် ထွက်ခွာလာနိုင်ပြီဖြစ်ပါတယ်။ RCSS ရှမ်းတောင်တပ်ဖွဲ့က သုံ့ပန်း ၂၀ လောက်ကို SSPP ရှမ်းမြောက်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာမှာ စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ဘေးလွတ်ရာ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူတွေ နေထိုင်တဲ့နေရာတွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာသားတွေကိုလည်း နှိပ်စက်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်စိမ်းနဲ့ အသား၊ ငါးလို စားသောက်ကုန်ဈေးတွေ အခုဒီဇင်ဘာလထဲမှာ ထပ်ပြီးတက်လာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာတနိုင်ငံလုံးက စက်မှုဇုံတွေအပါအဝင်၊ တခြားကဏ္ဍပေါင်းစုံက ပေါ်ထွက်လာတဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ သိန်းကျော်ရှိသွားပြီလို့ အလုပ်သမား သမဂ္ဂတွေက ပြောလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုတဲ့နိုင်ငံရှိတယ်ဆိုတာ ပြသချင်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးရဲ့ခရီးစဉ်ကနေ မြန်မာရုရှားကြား အစိုးရချင်းထက် စစ်တပ်ချင်း ဆက်ဆံရေး ပိုရင်းနှီးမှုရနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ က သုံးနှစ်တကြိမ်ရွေးချယ်တဲ့ အလုပ်သမားအစုအဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကအကြီးတန်းတာဝန်ရှိသူတဦး ရွေးချယ်ခံရပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်တဲ့ ၁၀ နှစ်အထိမ်းအမှတ်အဖြစ်နဲ့ အရပ်သားသေဆုံးမှုနဲ့ ဖမ်းဆီးခံရတာတွေအပေါ် ကချင်အဖွဲ့အစည်းတွေက အခုလို ရှုတ်ချလိုက်ကြတာဖြစ်ပြီး နိုင်ငံတကာအဖွဲ့တွေထံ သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်