စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ချောင်းဇင်းရွာဘက်ကို ဧရာဝတီမြစ်ထဲမှာရှိနေတဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂ ရက် ကြာသပတေးနေ့က ပြင်ပဈေးကွက်မှာ ၁ ဒေါ်လာကို ၁၈၃၀ ကျပ်အထိ ဈေးပေါက်ခဲ့ပါတယ်။ ခုလိုအခြေအနေမှာ ဒေါ်လာဈေး ဆက်မတက်အောင် ဗဟိုဘဏ်က ထိန်းဖို့ကြိုးစားနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း အာစီယံ အလုပ်သမားသမဂ္ဂတွေနဲ့ အာစီယံ လွှတ်တော်ကိုယ်စားလှယ်တချို့က တနင်္လာနေ့မှာလုပ်တဲ့ အွန်လိုင်းစည်းဝေးပွဲအတွင်း ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးအားလုံးကို ယာယီရပ်ထားတဲ့ တရုတ်နိုင်ငံက လာမယ့်စက်တင်ဘာလလယ်ကျရင်တော့ ကုန်သွယ်ရေးပြန်စနိုင်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ရွာ ၅ ရွာထက်မနည်းကို စစ်တပ်က ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
နိုင်ငံတကာသုံး ငွေပေးချေစနစ်တခုဖြစ်တဲ့ Visa စနစ်သုံး ဘဏ်ကဒ်တွေထဲကို မြန်မာကျပ်ငွေစာရင်းကနေ အမေရိကန်ဒေါ်လာအဖြစ် လွှဲပြောင်းယူတဲ့ အွန်လိုင်းဝန်ဆောင်မှုကို ပြည်တွင်းဘဏ်တချို့က ယာယီကန့်သတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် ကိုရဲမွန် က ပြောပြမှာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မကြာသေးခင်ကစ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာကြောင့် သတင်းအချက်အလက်တွေရဖို့ အခက်အခဲကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီကနေ့ ပန်ဆိုင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မြို့တွင်းရှိဘုရားကျောင်းမှာ လက်နက်ကြီး ကျည် ၂လုံးကျခဲ့ပါတယ်။
မြန်မာစစ်အာဏာပိုင်တွေက အရေးယူမယ်လို့ သတိပေးနေတဲ့ ကြားကပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထီရောင်းချတဲ့ အစီအစဉ်ကို တနင်္ဂနွေနေ့ကစ အွန်လိုင်းကနေ ဆက်လုပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုရဲမွန်က ပြောပြမှာပါ။
အခုနှစ်စပါးစိုက်ရာသီမှာ အတိုးယူပြီး ငွေထုတ်ချေးမယ့်သူတွေ ရှားပါးလာတာကြောင့် အလျင်မီအောင် စိုက်ပျိုးထွန်ယက်ဖို့၊ ပျိုးထောင်ဖို့အတွက် လယ်သမားတွေ အခက်အခဲဖြစ်ရကြောင်း တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်လို့ယူဆရတဲ့ လူနာတွေ များပြားနေချိန် လူမမာရှိတဲ့ အိမ်တွေအတွက် ပရဟိတ်အကူအညီပေးသူတချို့က အစားအသောက် ဆေးဝါးစတဲ့ လိုအပ်တာတွေကို ကူညီဝယ်ယူပိုပေး့နေကြပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA အကြားမှာ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေတာမှာ ဇူလိုင်လ ၁၂ ရက်မနက်က ဖားကန့်မြို့နယ်မှာ ရဲကား တစ်စီးကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်
တကျော့ပြန် ကိုဗစ်တတိယလှိုင်ဖြစ်နေတဲ့ ကလေး၊ လားရှိုး၊ မင်းလှမြို့နယ်တွေမှာ သေဆုံးနဲ့ ကူးစက်နှုန်း မြင့်တက်နေပေမယ့် ပြည်သူတွေက မကြောက်ကြဘဲ ပေါ့ဆနေတုန်းပဲလို့ ဒေသခံပရဟိတ အကူအညီပေးနေတဲ့တွေက ပြောပါတယ်။