အခြေအနေက အလောင်းကောက်လို့ရတဲ့ဟာပဲ အတည်ပြုလို့ရတာ။ ခပ်လှမ်းလှမ်းကနေ ဝင်ရင်း ပစ်ခတ်သွားတယ်။ အလောင်းကောက်လို့ရတာပဲ အတည်ပြုလို့ရတာ။
ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုး ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။
လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းလဲလှယ်နှုန်းရဲ့ အထက် အောက် ဝ.၅ ရာခိုင်နှုန်း အတွင်းမှာပဲ အရောင်းအဝယ် ပြုလုပ်ရမယ်လို့ ဗဟိုဘဏ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း လွှတ်တော်စနစ် ဖျက်သိမ်းခံရပါတယ်။ မဲဆန္ဒနယ်ထဲက ပြည်သူတွေရဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြ တောင်းဆိုပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတာ အခုဆို ၉ လကျော်ခဲ့ပါပြီ။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးတရားစွဲခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေး ရွာသား ၂၃ ဦးအမှုကို နိုဝင်ဘာ ၁၉ ရက်ကျရင် အမိန့်ချတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြပေးပါမယ်။
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသဘက်မှာ ဇူလိုင်လဆန်းလောက် စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ MNDAA ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ရာက ဒီနှစ် ပွင့်လင်းရာသီမှာတော့ ပိုမို ပြင်းထန်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့ မြင်းမူမြို့ကြား စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အမှုပြန်ရုပ်သိမ်းမှုတွေကြောင့် နိုင်ငံတဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်တွေကနေ ပြန်လွတ်လာသူပေါင်း ၂,၅၀၀ ကျော် ရှိနေပြီလို့ နိုင်ငံပိုင်သတင်းစာတွေက စာရင်း ထုတ်ပြန်ထားပါတယ်။ လွတ်ငြိမ်းသက်သာခွင့်အရ မနက်လွှတ် ညနေ ပြန်လည်ဖမ်းခံရသူတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခုနှစ်ထဲ မိုးများတာကြောင့် ပုဂံမြို့က ရှေးဟောင်း စေတီပုထိုးတွေ ထိခိုက်ပျက်စီးတာများလာနေပါတယ်။ ခရီးသွားလုပ်ငန်းကို အဓိကမှီတည်နေရတဲ့ ပုံဂံမှာ ရာသီဥတုဒဏ်၊ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘယ်လို သက်ရောက်မှုတွေဖြစ်နေသလဲဆိုတာ ကိုရဲမွန် က ပြောပြမှာပါ။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွက် အဓိကကုန်စည်စီးဆင်းရာဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်းကို တပ်မတော်ဖက်က ပိတ်ပင်ထားတာကြောင့် ပလက်ဝဒေသခံတွေ အခက်ကြုံနေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးဘေးမှာရှိတဲ့ လဝါးရွာက စစ်ဘေးဒုက္ခသည်စခန်းအတွင်း ဒုက္ခသည် ၈၀ ကျော်လောက် Covid 19 ရောဂါပိုးကူးစက်နေတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေတွေ ကိုရဲမွန်း က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှာ မြန်မာနိုင်ငံသားတွေကို တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေနေပါတယ်။
မြန်မာနိုင်ငံ မူဆယ်မြို့နဲ့ ထိဆက်နေတဲ့ တရုတ်နယ်စပ် ကျယ်ဂေါင်မြို့ထဲမှာ ရာနဲ့ချီ ကုန်တင်ကားတွေနဲ့ကုန်ပစ္စည်းတွေ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပိတ်မိနေတာ လနဲ့ချီကြာနေပါပြီ။
မြို့တွင်းတိုက်ပွဲကြောင့် နေအိမ်တွေ မီးလောင်ပြီး မြို့ကို စွန့်ခွါခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က မြို့ခံတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေအပြင် နေထိုင်ရေးပါ အခက်အခဲ ကြုံနေပါတယ်။ မကွေးတိုင်း နှမ်းခါးကျေးရွာအနီးမှာလည်း စစ်တပ်က တပ်စွဲထားတဲ့အတွက် စိုးရိမ်ပြီး နေရပ် မပြန်နိုင်ပဲ ဖြစ်နေကြတာပါ။
ရခိုင်ပြည်နယ်မှာရှိတဲ့ EAOတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်တယ်ကို ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုရှိနေတယ်ဆိုပြီးတော့ ဆန္ဒပြခဲ့ကြတာကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောင်းသား လေးဦးကို ဒီကနေ့မှာပဲ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆လ ပြစ်ဒဏ်ချလိုက်ပါတယ်။ ရန်ကုန်က သတင်းကို ကိုရဲမွန်က တင်ပြေပေးပါမယ်။
တရုတ် - မြန်မာ နယ်စပ်ဂိတ်ကနေ မြန်မာလုပ်သားတွေ ပြန်လည်ဝင်ရောက်လာတာ တလကျော်ကာလအတွင်းမှာ ၉,၅၀၀ ကျော် ရှိထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းထား တာ ၅ လနီးပါးရှိနေပြီးဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် တစ်သိန်းနီးပါး နေရပ် မပြန်နိုင်ကြသေးပါဘူး။
ကိုဗစ် တတိယလှိုင်းမှာ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကို နှစ်နိုင်ငံသဘောတူညီမှုနဲ့ လုံးဝရပ်နားထားပေမဲ့ တရုတ်ကုန်သည်တွေကတော့ နယ်စပ်က မြန်မာတာဝန်ရှိသူတွေကို လာဘ်ထိုးပြီး တရားမဝင် ကုန်သွယ်နေကြောင်း မြန်မာကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ကိုရဲမွန်က ပြောပြမှာပါ။
ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်ပြီလို့ ကြေညာလိုက်ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ နယ်တွေထဲမှာ စစ်တပ်က လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်