“အထူးဖြင့်တော့ အမ်းမြို့နယ်ရဲ့နယ်နမိတ်ထဲမှာရှိတဲ့ ကျားအိုချောင်း ရေထုညစ်ညမ်းလို့သေခဲ့တဲ့နေရာမှာပဲ။ အဲဒီဂုံးတွေ ထပ်ပြီး သေတယ်ပေါနော်။ အဲဒီ ၂၀၁၈ က သေခဲ့တဲ့နေရာနဲ့ဆိုရင် အကွာအဝေးအားဖြင့် ပေ ၅၀၀ လောက်မှာ ရှိတယ်။ ဒီတခေါက်သေတာကလည်း သန်းပေါင်းများစွာသေတယ်။” (ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ဦးမျိုးလွင်)
တရုတ်ကိုနယ်စပ်ကနေ ဆန်၊ ဆန်ကွဲတင်ပို့တဲ့လိုင်စင်ကို လတ်တလောမှာ ရပ်ဆိုင်းလိုက်သလို စပါး အများအပြားသိုလှောင်သူတွေကိုလည်း မကြာခင် တရားဝင်ဖြစ်အောင်လုပ်ဖို့ ဌာနဆိုင်ရာဘက်က ပြင်ဆင်နေတာကြောင့် စပါးဈေးက အတက်ဈေးမှာရပ်နေပြီး အရောင်းအဝယ်အေးသွားကြောင်း ဆန်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်လည်လက်ခံမယ့်သူတွေကို မြေပြင် ကွင်းဆင်းစစ်ဆေးဖို့ ရောက်နေတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။
“တမြန်နေ့ပေါ့နော်၊ စစ်ကြောင်းထိုးတာကြောင့် ဒီရွာထဲမှာ မထိုးဘူး။ တောင်ပေါ်မှာ ထိုးတယ်။ ဒီ (PDF) ကလေးအဖွဲ့က သူတို့ အရင်ဦးဆုံး ပစ်တယ်နဲ့တူတယ်။ (ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်) အရှင်က ၆ ဦးတဲ့။ ဟုတ်။ သူတို့ဖမ်းထားတယ်။ တိုက်ပွဲမှာ ဖမ်းမိတာ။ ဟုတ်။ အလောင်းက ၁၉ လောင်းဆိုလားမသိ” (စစ်ရှောင်တဦး)
မြန်မာနိုင်ငံမှာ နိုင်ငံကူးစာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားအလုပ်လုပ်ခွင့်စာအုပ်ပြောင်းတာ တွေအတွက် ပိတ်ပင်ထားပေမဲ့ တခုတည်းသောနည်းလမ်းက ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်မှာလိုက်ပါမယ်ဆိုတဲ့ အာမခံချက်နဲ့ ခရီးသွားအေဂျင်စီကနေတဆင့် ချိတ်ဆက်ပြီး တလအတွင်းရရှိအောင် ဆောင်ရွက်နိုင်ပါတယ်။
အိန္ဒိယ မဏိပူရ်နယ်စပ်၊ မိုးရေးမြို့နယ်ထဲက ကျေးရွာတချို့မှာ ခိုလှုံနေတဲ့ မြန်မာစစ်ရှောင်တွေ ဒီရက်ပိုင်းထဲမှာ မကြာခဏဆိုသလို ဖမ်းဆီးခံနေရတာကြောင့် မြန်မာနိုင်ငံထဲကလာတဲ့ စစ်ဘေးရှောင်တွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဥပဒေနဲ့ ဖမ်းဆီး ပါတယ်။
“မရှင်းလင်းတာက ပြည်နယ်ပါတီတိုင်းပါတီတွေက ပြည်ထောင်စုမှာရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ ဝင်ရွေးမခံရဘူးလားဆိုတာ မသဲကွဲဘူး။ သူတို့နည်းဥပဒေကလေ။ ဒါကသူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့သဘောဆိုတော့ လက်ရှိရပ်တည်နေတဲ့ပါတီတွေက ထပ်တင်ဖို့မလိုဘူးလေ။ ” (ပူးဂင်ကမ်းလျံ-ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်)
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ ရက် ကတည်းက စတင်ကောက်ယူရာမှာ ရခိုင်စစ်ဘေးဒုက္ခသည်စခန်းတွေ၊ မွတ်ဆလင်ဒုက္ခသည်စခန်းတွေအပါအဝင် မွတ်ဆလင်ကျေးရွာတွေမှာလည်း စာရင်းကောက်ယူနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်
“ကလေးလေးကို မေးကြည့်တော့ သမီးက “အဲ့ဒီ့နားလေးကို ခုန်ပေါက်ပြီးတော့မှ အဲ့လိုမျိုးလေးဆော့နေတာ။ ဆော့နေရင်းမှ ဆော့ဆော့ချင်းပဲ အဲ့လိုမျိုးဖြစ်သွားတာ။” စိတ်အခြေအနေမှာက သူ့တယောက်တည်း ရှိတဲ့အခါမှာတော့ သူ့ဟာနဲ့သူကြည့်ပြီးတော့မှ တွေးပြီးတော့မှ တခါတလေ ဝမ်းနည်းတာမျိုးဖြစ်တယ်။” (မိခင်-ကုံးသာရွာ)
“မီးရှို့တယ်။ ခန့်မှန်းခြေပေါ့ မီးခိုးတက်လာတာ ၄ ခါလောက်ရှိတယ်။ ဘယ်နှစ်လုံးရှို့တယ်ဆိုတာ အရေအတွက် အတိအကျမသိဘူးပေါ့။ ရှို့တာတော့ ရှို့တယ်။ မီးခိုးတက်လာလိုက်၊ ငြိမ်းသွားလိုက်။ တက်လာလိုက်ငြိမ်းသွားလိုက်နဲ့ ၄/၅ ကြိမ်ထက် မနည်းဘူးပေါ့။“ (လက်ယက်ကုန်းရွာသား၊ ဒီပဲယင်းမြို့နယ်)
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီရဲ့ ဖိတ်ကြားမှုနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တွေ့ဆုံကြပြီး ဆွေးနွေးမယ့် အကြောင်းအရာတချို့ကို ညှိနှိုင်းပြောဆိုခဲ့ကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုရဲမွန် က ပြောပြမှာပါ။
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည် စခန်းတခုကို စစ်ကောင်စီက သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြပေးပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့ကြား ပစ်ခတ်နေကြပြီး၊ လက်နက်သံတွေကိုလည်း မြို့ထဲကနေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲမြို့အခြေအနေ သတင်းပေးပို့ထားတာကို ကိုရဲမွန် ပြောပြပေးမှာပါ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို ဒီတစ်ပတ်အတွင်း ကယားပြည်နယ်က စစ်ပြေးဒုက္ခသည် ၂ထောင်လောက် ထပ်မံ တိုးမြင့်လာကြောင်းစစ်ရှောင်အရေးကူညီသူက ပြောပါတယ်။
မြန်မာနိုင်ငံထဲ ပြည်ပက ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနည်းပေမယ့် ပြည်တွင်းအပန်းဖြေခရီးသွားသူတွေ ကမ်းခြေနဲ့ ပုဂံဒေသဆီ လည်ပတ်ကြတာ များတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ မြန်မာပြည်တွင်း အခုနှစ် ခရီးသွားရာသီ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ထဲက စည်သာမြေကျေးရွာကို မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ် အခြေအနေ သတင်ပေးပို့ချက်ကို ကိုရဲမွန် က ပြောပြပါမယ်။
အာရှနိုင်ငံတချို့မှာ ကိုဗစ် ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့ပေးပြီး မြန်မာနိုင်ငံက လုပ်သားတွေကို MoU စာချုပ်နဲ့ ဆက်တိုက်ခေါ်ယူနေပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ကမ်းလှမ်းတဲ့ အရေအတွက်က အများဆုံးပါ။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုကို မျက်ခြေမပျက် စောင့်ကြည့်ဖို့လိုတယ်လို့ အကြံပြုကြပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် လွိုင်ကော်မြို့ဝန်းကျင်မှာ စစ်တပ်နဲ့ ဒေသခံ တိုင်းရင်းသားတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံ ကျေးရွာက ရွာသူရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင် နေရပါတယ်။ ရာသီဥတုအေးတဲ့ ဆောင်းရာသီ ဝင်လာတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ပြေးဒုက္ခသည်တွေ အခက်အခဲတွေ့နေရ။
ဧရာဝတီတိုင်း ၊ ပုသိမ်ဘူတာကြီး နဲ့ ငဝန်မြစ်ကြားက ရထားလမ်း တဖက်တချက်မှာရှိနေတဲ့ လူနေအိမ်ခြေ ၄၀၀ နီးပါးကို စတင်ဖြိုဖျက်နေပြီလို့ ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း လုံခြုံရေးတင်းကြပ်လာတဲ့အကြောင်း သတင်းပေးပို့ချက် ကို ကိုရဲမွန် က ပြောပြမှာပါ။
စစ်ရေးပဋိပက္ခနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု တွေအပါအဝင် ခရီးသွားလာရေး စားဝတ်နေရေးစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အတွက် လူငယ်တော်တော်များများဟာ ပြည်ပထွက်ခွာပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေလာကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်