စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒီဇယ်ပေပါ ၃ ထောင်ကျော် တင်ဆောင်လာတဲ့ စက်လှေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရယူခဲ့ပါတယ်။ ဒီစက်လှေကျန်ခဲ့တဲ့နားက ရွာတွေကို စစ်တပ်က ရှင်းလင်းတာမှာ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ စတင်ဖွဲ့စည်းခဲ့တာ ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ မတရားတဲ့ အမိန့်အာဏာတွေနဲ့စစ်အုပ်ချုပ်ရေး ကြေငြာတာကို ဆက်ပြီးတော့ ဆန့်ကျင်တော်လှန်သွားမယ်လို့ ဆန္ဒပြတဲ့ သူတွေက ပြောပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ မန်ချက်စတာစီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှု အရှုပ်တော်ပုံတွေ နဲ့ ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်ကို ခုခံကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံကို Abrams တင့်ကား ၃၀ ကျော်ပေးမယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။ VOA အကြီးတန်း သတင်းထောက် Cindy Saine သတင်းပေးပို့ထားထာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်နယ်တိုင်းအသီးသီးက မြို့နယ် ၄၀ နီးပါးကို စစ်အုပ်ချုပ်ရေးကြေငြာတယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံအေးချမ်းရေးအတွက် လုပ်တာပါလို့ ပြောပေမဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ နိုဘက်ဂျိုကိုဗစ်ချ် ဗိုလ်စွဲပြီး နဒါးလ်ရဲ့စံချိန်နဲ့ တူသွားပြီး၊ အမျိုးသမီးတွေဘက်မှာတော့ ချန်ပီယံသစ်တယောက်ပေါ်ထွက်လာခဲ့တဲ့အကြောင်းတွေကို အခုတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ဘောလုံးသမား အပြောင်းအရွှေ့ကိစ္စတွေမှာ မမှန်မကန်လုပ်တာတွေကြောင့် အီတလီက နာမည်ကြီး ဂျူဗင်တပ်အသင်းကို ၁၅ မှတ် လျှော့လိုက်ပါတယ်။ အက်တလက်တီကို မက်ဒရစ်အသင်းကတော့ နယ်သာလန်တိုက်စစ်မှူးကိုကို ပေါင် ၃ သန်း နဲ့ ဝယ်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ MMA ပြိုင်ပွဲမှာတော့ ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ရသွားပါတယ်။ AFF ဖလားဘောလုံးပွဲမှာတော့ ထိုင်းအသင်း ချန်ပီယံဖြစ်သွားပါပြီ။ ပရီမီယာလိဂ်ရာသီတဝက်ကျိုးချိန်မှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်မလဲဆိုတဲ့ သုံးသပ်ချက်တွေကို ကိုရန်နိုင်က အခုတပတ်အားကစားကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။
“ကျနော်တို့ စမ်းချောင်းဘက်မှာတော့ ၄ နာရီပျက်တယ်၊ ပထမရက်ဆို မနက် ၉ နာရီကနေ နေ့လည် ၁ နာရီအထိ ပျက်တာပါ။ ဒုတိယရက်မှာ နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ ပျက်တယ်။ တော်တော်များများ ကျနော်တို့ သိသမျှ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့မြောက်ဥက္ကလာ ဘက်တွေမှာလည်း အဲဒီအတိုင်းပဲ ပျက်တယ်။” (ရန်ကုန်သား)
ဒီတပတ်အားကစားကဏ္ဍမှာတော့ ဝေးလ်စ် အသင်းက ကမ္ဘာကျော်ဘောလုံးသမား ဂါးရပ်ဘေလ်း ဘောလုံးကစားတာကနေ အနားယူသွားတာနဲ့ လာမယ့် သြစတြေးလျအိုးပင်းမှာ ဘယ်တွေ ပါဝင်မယ် မပါဝင်ဘူးဆိုတာတွေနဲ့ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ ၊ မိုင်းလားနဲ့ ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တို့က ကိုယ်စားလှယ်တွေ ဒုတိယနေ့ ဆွေးနွေးရာမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ဝနဲ့ မိုင်းလားဒေသမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်သူတဦးက ပြောပါတယ်။
ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲသွားတာ၊ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ရုရှားနိုင်ငံကို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကနေ အရေးယူလိုက်တာ အပါအဝင် ၂၀၂၂ ခုနှစ်အတွင်း အားကစားလောက အတွင်းက အထင်ကရ အဖြစ်အပျက်တွေကို စုစည်းပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားဘောလုံးပွဲမှာ အာဂျင်တီးနားအသင်း အနိုင်ရပြီးတော့ ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ရရှိသွားပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားကတော့ ပြင်သစ်လက်ရွေးစင်အသင်းကနေ အနားယူပြီလိုက်ကြေငြာလိုက်ပါတယ်။ ဒီလိုတပတ် အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဗိုလ်လုကြမှာပါ။ ဒီပွဲဟာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာဖလားပွဲဖြစ်တာကြောင့် အားလုံး စိတ်ဝင်စားနေတာပါ။ ကမ္ဘာကျော်ဘောလုံးသမားတွေ၊ ဘောလုံးကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်ကို ကိုရန်နိုင်ကတင်ပြထားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံးဖိုင်နယ်ကိုတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီနေ့ တနင်္ဂနွေ့နေ့ညမှာ ကစားကြမှာဖြစ်ပြီး လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဗိုလ်လုကြမှာပါ။ ဝါသနာရှင်တွေရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
ကာတာကမ္ဘာ့ဖလားဘောလုံးပွဲမှာ အာဂျင်တီးနားအသင်းက ဖိုင်နယ်တက်သွားတဲ့အချိန်မှာ၊ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ကျွမ်းကျင်သူတွေ အတော်များများက တစ်ပေးခဲ့ကြတဲ့ ဘရာဇီးအသင်းကတော့ ကွာတားဖိုင်နယ်ရှုံးပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။ဘာကြောင့် ရှုံးနိမ့်ခဲ့တာပါလဲ။ ဒီတပတ်ရဲ့ အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ပြထားပါတယ်
“မနေ့ကနေ့လယ်ပိုင်း TNLA တအန်း(ပလောင်) တပ်မတော်က သူ့ဟာသူ နေတာ။ အဲဒါကို တပ်မတော်က ရဟတ်ယာဉ်နဲ့လာပြီးတော့ TNLA တပ်ဖွဲ့ရှိရာအနီးအနားတဝိုက် ပတ်ပတ်လည်ကို သူတို့ ရဲဘော် လာချသွားတာပေါ့လေ။ အဲဒီမှာ ထိုးစစ်ဆင်တဲ့သဘော။ ဝိုင်းပြီးတော့ ပိတ်ဆို့တဲ့သဘော။ အဲဒီမှာ တိုက်ပွဲ ထိတွေ့မှုဖြစ်တာပေါ့။” (နမ့်ဆန်ဒေသခံ)
ကာတာကမ္ဘာ့ဖလားမှာ နိုင်ငံရေးကိစ္စတွေကို အာရုံမစိုက်တဲ့အသင်းတွေ ရလဒ်ကောင်းခဲ့တယ်လို့ FIFA တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ ဂျာမနီအသင်း အုပ်စုကနေ ထွက်လိုက်ရတာနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်သွားမယ်လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ကိုရန်နိုင်က အခုတပတ် အားကစားကဏ္ဍမှာ စုစည်းတင်ပြပေးထားပါတယ်။
ကာတာကမ္ဘာ့ဖလားဘောလုံးပွဲက မမျှော်လင့်ထားတဲ့ ရလဒ်ထွက်ခဲ့တဲ့ ပွဲစဉ်တွေနဲ့ ကန့်ကွက်ဆန္ဒပြမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က အခုတပတ် အားကစားကဏ္ဍမှာ စုစည်းတင်ပြပေးထားပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာနဲ့ပတ်သက်ပြီး ဘောလုံးပရိသတ်တွေ နဲ့ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က အခုတပတ်အားကစားကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်