၂၀၂၂ ကာတာကမ္ဘာ့ဖလားဘောလုံးပွဲကို အချိန်ပြောင်းလဲကျင်းပတဲ့အပေါ်အမြင်တွေနဲ့ ဒီကမ္ဘာ့ဖလားပွဲအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက အရင်ကမ္ဘာ့ဖလားတွေနဲ့ ယှဉ်ရင် ဘယ်လိုရှိတယ်ဆိုတာကို ကိုရန်နိုင်က အခုတပတ် အားကစားကဏ္ဍမှာ စုစည်တင်ပြထားပါတယ်။
မြန်မာနယ်စပ်က တင်ပို့တဲ့ စိုက်ပျိုးရေး ထွက်ကုန်တချို့ကို တရုတ်နိုင်ငံ ယူနန်အစိုးရက သွင်းကုန်လိုင်စင်တွေကို ပြန်ထုတ်ပေးနေတာကြောင့် တရုတ်အကောက်ခွန်ဌာနမှာ လိုင်စင်လျှောက်နေကြတဲ့ မြန်မာကုမ္ပဏီတွေ အများအပြား ရှိနေပါတယ်။ တရုတ် နယ်စပ် ကုန်သွယ်ရေး အခြေအနေ သတင်းပေးပို့ချက်ကို ကိုရန်နိုင် က တင်ပြပေးပါမယ်။
၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာနိုင်ငံကို အိမ်ရှင်အဖြစ် ရွေးချယ်လိုက်တာဟာ မှားယွင်မှုဖြစ်တယ်လို့ ကာတာကို ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်တဲ့နေရာမှာ အဓိက ပါဝင်ခဲ့သူတဦးက ပြောလိုက်ပါတယ်။ ဒီတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ပြပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ကူညီထောက်ပံ့နေတဲ့ ပရဟိတအဖွဲတွေအပေါ်ကန့်သတ်တဲ့ 'အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပွဲကျင်းပဖို့ နီးလာချိန်မှာပဲ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ သတင်းတွေကို အခုတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
မြန်မာပြည် နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့သက်ရောက်မှုဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဆီအထိ ကျော်လွန်ရောက်ရှိလာတဲ့အတွက် အာဆီယံနိုင်ငံအနေနဲ့ မြန်မာ့အရေးကူညီဖြေရှင်းရာမှာ အရင်ကထက် ပိုမိုထိရောက်တဲ့ချဉ်းကပ်မှုအသစ်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြန်မာ့အရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား ရိုနာလ်ဒိုဟာ ပြီးခဲ့တဲ့ တပတ်က မန်ယူနဲ့ တော့တင်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင်မှာ ကွင်းထဲကနေထွက်သွားပါတယ်။ဒီလုပ်ရပ်ကြောင့် နည်းပြနဲ့ သူနဲ့ ကြားမှာလည်း တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေရဲ့ အမြင်သဘောထားတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံး ချီးမြှင့်ပွဲအခမ်းအနားနဲ့ ၂၀၂၃ ခုနှစ် အာရှဖလားဘောလုံးပွဲအတွက် အိမ်ရှင်အသစ်ရွေးချယ်လိုက်တဲ့အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အိန္ဒိယနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်တာနဲ့ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့ မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရ်နယ်စပ်တလျှောက်မှာ ရဲကင်းစခန်း ၃၀ ကျော်တည်ဆောက်နေပြီလို့ မဏိပူ ပြည်နယ်အစိုးရက ကြေညာပါတယ်။
တရုတ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာတော့ တရုတ်လက်ရွေးစင်အသင်းတွေက ချန်ပီယံဖြစ်သွားပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေ အကောင်းဆုံးဘောလုံးသမားစာရင်းကို ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် တင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ပြည်တွင်းအမှတ်ပေး ဘောလုံးပွဲ အဓိကရုန်းကြောင့် လူ ၁၂၀ ကျော် သေဆုံးသွားခဲ့ပါတယ်။ တင်းနစ်ပြိုင်ပွဲ ပွဲစဉ်အချိန်ဇယားတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ထိပ်တန်းတင်းနစ် ကစားသမားတဦးက တင်းနစ်ပြိုင်ပွဲအာဏာပိုင်တွေကို ဝေဖန်ပါတယ်။ဒီ အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကမ္ဘာကျော်တင်းနစ်ကစားသမား ရော်ဂျာဖယ်ဒရာ တင်းနစ်ကစားပွဲတွေကနေ အနားယူသွားခဲ့ပါပြီ။ ချန်ပီယံဆုပေါင်း ၁၀၀ ကျော်နဲ့ တင်းနစ်ကွင်းအတွင်း အောင်မြင်မှုတွေယူနိုင်ခဲ့တဲ့ ဖယ်ဒရာရဲ့ တင်းနစ်ကွင်းပြင်ပက ထူးခြားချက်တွေနဲပတ်သက်ပြီး ဒီတပတ် အားကစားကဏ္ဍမှာ အပိုင်း(၂) ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂရုံးရှိတဲ့ Manhattan မှာ လူ ၁ သန်းခွဲရှိပြီး၊နယူးယောက်မြို့ထဲမှာ ကားမောင်းရတာ တခါတရံမှာ အတော်လည်းခက်ခဲပါတယ်။ အဲဒီသွားလာရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗီအိုအေ အကြီးတန်းသတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ကမ္ဘာကျော်တင်းနစ်ကစားသမား ရော်ဂျာဖယ်ဒရာဟာ တင်းနစ်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့က ကြေငြာလိုက်ပါတယ်။ ဆယ်စုနှစ် ၂ ခု ကြာ ထိပ်တန်းတင်းနစ်ကစားသမား တယောက်အဖြစ်နဲ့ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဖယ်ဒရာရဲ့ တင်းနစ်ကစားသမားဘဝနဲ့ပတ်သက်ပြီး အပိုင်း(၁) အဖြစ် တင်ဆက်ပေးထားပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ် ပွားနေချိန် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ထောက်ပံ့ရေးအဖွဲ့တွေ သွားလာရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာတော့ ချန်ပီယံသစ်တွေ ထွက်ပေါ်လာခဲ့တာ၊ ဗြိတိန်နိုင်ငံမှာ ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးကွယ်လွန်သွားတဲ့အတွက် အားကစားပွဲတချို့ ရွှေ့ဆိုင်းခဲ့တာ နဲ့ အဲဒီအပေါ်မှာ သဘောထားတွေ နဲ့ ပတ်သက်ပြီး ဒီတပတ်ရဲ့အားကစားဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အမျိုးသမီးဒိုင်တွေကို ပထမဆုံးအကြိမ် အသုံးပြုသွားတော့မှာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာတော့ အမျိုးသမီးတွေကို ဘောလုံးပွဲတွေ ကြည့်ခွင့်ပေးလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို အခုတပတ်မှာ ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲကိုတော့ နယူးယောက်မြို့မှာ တနင်္လာနေ့က စတင်လိုက်ပါပြီ။ ဒါ့အပြင် ကာတာ ကမ္ဘာ့ဖလားလုံခြုံရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဘာတွေပြောလိုက်သလဲ ဆိုတာအပါအဝင် နောက်ဆုံးရ ဘောလုံးသမားအပြောင်းအရွှေ့ သတင်းတွေကို ကိုရန်နိုင်က အခုတပတ်အားကစားကဏ္ဍမှာ စုစည်းတင်ဆက်ထားပါတယ်။
"တက်မယ်ဆိုရင် ကျနော်တို့ စိုက်ပျိုးရေးသမားတွေက တောင်သူနဲ့ဆက်ဆံရတာကိုး။ ထိုင်းဈေးတက်တိုင်း ကျနော်တို့လိုက်တက်လို့ မရဘူးပေါ့နော်။ အရင်းပါရုံလောက်၊ အရင်းကျန်ရုံလောက် ထိန်းပြီးတက်နေရတာ။ တခါဝယ်ရင်း တခါရှုံးရင်းဖြစ်နေတာပေါ့ လောလောဆယ်က။ တအားတက်လာရင်တော့ ရပ်ရမှာဗျ၊ လုပ်ငန်းကရပ်ရမှာ။" (နယ်စပ်လုပ်ငန်းရှင်)
အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကိုတို့ ၃ နိုင်ငံပေါင်းပြီး ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပမယ့်မြို့ ၁၆ မြို့ကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်တာနဲ့ပတ်သက်ပြီး အခုတပတ်ရဲ့အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်