ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦး ၂၄၀၀၀၀ ကျော်ပျက်ပြီး လူဦးရေ တသန်းကျော်လောက်မုန်တိုင်း ဒဏ်သင့်နေကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေကတော့ လက်တွေ့မှာ ထိခိုက်မှုတွေ ဒီထက်ပိုများတယ်လို့လည်း ပြောနေကြတာပါ။
ချယ်ဆီးအသင်းက တော့တင်ဟမ် နဲ့ PSG နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်လိုက်ပါတယ်။ မန်စီးတီး တိုက်စစ်မှူး ဟာလန်ကတော့ အားကစားကလောင်ရှင်တွေက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရသွားပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံထားရတဲ့ ရခိုင်မြောက်ပိုင်းက စစ်တွေအပါအဝင် မြို့နယ် ၈ ခုလောက်မှာ ဒီကနေ့အထိ လျှပ်စစ်မီးတွေ ပြန်မရသေးတာကြောင့် ဒေသခံတွေ အတော်လေး အခက်ကြုံနေကြပါတယ်။ လျှပ်စစ်မီး ပြန်လည်ရရှိရေး ဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ပြန်လည်ထူထောင်နိုင်ဖို့လည်း ကြိုးစားနေရတာပါ။ မုန်တိုင်းသင့် အခြေအနေ ကိုရန်နိုင် ပြောပြပါမယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ပြန်လည် ထူထောင်နိုင်ဖို့လည်း ကြိုးစားနေရတာပါ။
အင်္ဂလန်ပရီမီယာလိဂ်မှာတော့ မန်ချက်စတာစီးတီးအသင်းက အမှတ်ပေးချန်ပီယံဖြစ်ပြီး ၃ နှစ် ဆက်တိုက် ဗိုလ်စွဲသွားခဲ့ပါတယ်။ စပိန်နိုင်ငံသား နဒါးလ်က ဒီနှစ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဝင် ၊မဝင်ဆိုတာနဲ့ သူရဲ့ အနာဂတ်နဲ့ ကို ဘယ်လို ဆုံးဖြတ်လိုက်ပါသလဲ။ ဒီတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဒေါလျာခူကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဒီနေ့ဆို ၆ ရက်ရှိနေပါပြီ။
မုန်တိုင်းသင့်ဒေသတွေမှာ အလှူရှင်တွေရဲ့ အထောက်အပံ့တွေ အလေအလွင့်မဖြစ်ဖို့နဲ့ အကျင့်ပျက်ချစားမှုတွေ အဆင့်တိုင်းမှာ ကင်းရှင်းဖို့လိုကြောင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေ မြေပြင်ဆင်းဖို့ ခွင့်ပြုချက်မရသေးတာက အဓိက အခက်အခဲ ဖြစ်နေပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၃၂ ကြိမ် မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲက နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
“ကျနော်တို့ လောလောဆယ်စိုးရိမ်တာကတော့ ဒီမှာ မုန်တိုင်းတိုက်မယ် ဆိုလို့ရှိရင် ဒီမှာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရှိတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိတယ်။ ဒါက လောလောဆယ် လူတိုင်းမှာစိုးရိမ်စရာပေါ့။ ဒါဘယ်လိုလုပ်မလဲ မသိဘူး။ ..."
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ Mocha မိုခါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာခရိုင်နဲ့ ငပုတောမြို့နယ်ရှိ ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ ပြည်သူတွေဟာ ဘေးလွတ်ကင်းရာကို ပြောင်းရွှေ့နေကြပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှာ ၃၂ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းကစားပွဲတွေ ကျင်းပနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲသတင်းတွေ၊ ဘောလုံးသမား မက်ဆီရဲ့ အနာဂတ်နဲ့ Naples မြို့သားတွေအောင်ပွဲခံနေတဲ့ အကြောင်း ဒီလို တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီဖက်က ပြင်ဆင်ထားတာကို ဒုက္ခသည်တချို့နဲ့ ဘင်္ဂလားဒေရှ့်တာဝန်ရှိသူတွေ လာရောက်ကြည့် ရှုကြပါတယ်။ ဒုက္ခသည်တွေ ပြန်လာတာကြိုဆိုပေမယ့် တောင်းတဲ့အခွင့်အရေးရမှ ပြန်လာစေချင်တယ်လို့ ရိုဟင်ဂျာတဦး ကပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၂၀၊ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ယောက်နဲ့ နယ်ခြားစောင့်အရာရှိ တယောက် လိုက်ပါပြီး မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားတဲ့ နေရာတွေကို သွားရောက်လေ့လာတာပါ။
ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့က ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။ VOA အကြီးတန်း သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။
ဒီတပတ်အားကစားကဏ္ဍမှာတော့ ၃၂ ကြိမ်မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကမ္ဘောဒီးယားနိုင်ငံက ပြင်ဆင်နေပုံတွေ နဲ့ ဘောလုံးပွဲရလဒ်တွေ အပါအဝင်၊ ဆီးဂိမ်းပြိုင်ပွဲကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသားအားကစားကွင်းကြီး နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ပေးထားပါတယ်။
- ရာသီဥတုဒဏ် ခံနိုင်တဲ့ စပါးမျိုး - ဖိလစ်ပိုင်နိုင်ငံမှာတော့ စိုက်ပျိုးရေးသိပ္ပံပညာရှင်တွေဟာ မိုးခေါင်တာ ရေကြီးတာ စတဲ့ ရာသီဥတုဒဏ်တွေကို ခံနိုင်တဲ့ ဆန်စပါးမျိုးတွေကို သုတေသနပြုပြီးတော့ ထုတ်လုပ်လာနေကြပါတယ်။ ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီးတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အင်္ဂလန် FA ဖလားဘောလုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီးတို့ ဖိုင်နယ်တက်သွားပါတယ်။ကမ္ဘာကျော်တင်းနစ်ကစားသမား ၂ ယောက်ဒဏ်ရာကြောင့် စပိန်နိုင်ငံမှာကျင်းပတဲ့မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ နဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ ၃ လကျော် အထိရှိလာပြီး AA နဲ့ ဆက်စပ် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမယ်လို့ သဘောတူထားကြပေမယ့် ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက အခုချိန်ထိ ပြန်လွှတ်မပေးသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်