ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အကြား စစ်ရေး တင်းမာနေဆဲဖြစ်ပြီး ဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ လဲချား- မိုင်းနောင် ကားလမ်းကို စစ်ကောင်စီတပ်တွေက ပိတ်ထားပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ကရင်နီဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဖရူဆို-ဒီမော့ဆို လမ်းမကြီးဘက်မှာတော့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းတွေထိန်းချုပ်နိုင်ရေးကြိုးပမ်းနေပေမဲ့ အခုသြဂုတ်လ အစောပိုင်းမှာတင် အခြေခံကုန်ဈေးနှုန်းနဲ့ ရွှေဈေးတွေ အဆမတန် ဆက်ပြီး တက်လာနေကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။
အင်္ဂလန်က ဘောလုံးရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ FA Community ဒိုင်းပြိုင်ပွဲကိုတော့ အာဆင်နယ်က အနိုင်ရသွားပါတယ်။ ယူကရိန်နိုင်ငံက ကျောင်းတွေ ပြန်လည်တည်ဆောက်ဖို့အတွက် ရန်ပုံငွေပွဲဘောလုံးပွဲကို ကမ္ဘာကျော်ဘောလုံးသမားတွေ အများအပြားဝင်ကစားခဲ့ကြပါတယ်။ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နာမည်ကြီးအသင်းတချို့ အုပ်စုအဆင့်ကပဲ ထွက်လိုက်ရပါတယ်။ ဒုတိယအဆင့်ရှုံးထွက်ပွဲတွေအပေါ် ပွဲကြိုသုံးသပ်ချက်နဲ့ ဘယ်အသင်းတွေ ဗိုလ်စွဲနိုင်ချေရှိသလဲဆိုတဲ့ သုံးသပ်ချက်ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
တိုက်ပွဲပြင်းထန်တာကြောင့် မြို့လုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့က ပြည်သူတချို့ သူတို့နေအိမ်တွေကို ပြန်လာနေကြပြီဖြစ်ပါတယ်။ စစ်တပ်ကုန်းနဲ့နီးတဲ့ အမှတ် ၁ ရပ်ကွက်က လူတွေကတော့ အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ပြီး ကျန် ရပ်ကွက်တွေက ကြာသပတေးနေ့ကစပြီး ပြန်လာနေကြတာပါ။
အာဖရိကတိုက်က ကစားသမားတဦးကတော့ အမျိုးသမီးကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးခေါင်းစည်းပုဝါခြုံကစားတဲ့ ကစားသမားဖြစ် မှတ်တမ်း ဝင်သွားပါတယ်။ UEFA ဥရောပဘောလုံးအဖွဲ့ချုပ်က နာမည်ကြီး ဂျူဗင်တပ်အသင်းကို ဥရောပပြိုင်ပွဲတွေကနေ ၁ နှစ်ပယ်လိုက်ပါတယ်။ ဒီလိုအားကစား သတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့အာရှကစားသမားတဦးကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ကစားတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်လိုက်ပါတယ်။PSG တိုက်စစ်မှူးMbappeကိုဆော်ဒီကလပ်အသင်းကကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင် ပြထားပါတယ်။
အာဖရိကမှာရှိတဲ့ အမျိုးသမီးဘောလုံးသမားတွေဟာ အမေရိကန်နိုင်ငံက အမျိုးသမီးဘောလုံးသမား အများစုလိုပဲ အမျိုးသားတွေလောက် လုပ်ခ လစာမရကြပါဘူး။ နိုင်ဂျီးရီးယားအမျိုးသမီးလက်ရွေးစင်အသင်းဟာ အာဖရိကဖလား ၁၁ ကြိမ်မှာ ၉ ကြိမ်ဗိုလ်စွဲပြီး အာဖရိကတိုက်မှာ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ ကိုရန်နိုင် ပြောပြပေးမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဘဇား (Cox’ Bazar) ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကုလသမဂ္ဂက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ၃ လအတွင်း ဒုတိယအကြိမ် ထပ်မံ လျော့ချလိုက်တာကြောင့် စားဝတ်နေရေး ပိုပြီး ခက်ခဲလာတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံး ၂ ရုံးကို ဒေသခံ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ မနေ့က တရက်တည်း မှာတင် ၃ နေရာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွှေကူရဲစခန်း ကတော့ ဒီလအတွင်း တတိယ အကြိမ်မြောက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
အမေရိကန် အင်တာမိုင်ယာမီအသင်းက လီယိုနယ်မက်ဆီကို သူတို့ကစားသမားအဖြစ်နဲ့ တရားဝင်ကြေညာလိုက်ပါတယ်။ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ကြာသပတေးနေ့မှာ စတင်မှာဖြစ်ပြီး ဘယ်အသင်းတွေ ဗိုလ်စွဲဖို့ရေပန်းစားနေပါသလဲ။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်တင်ပြထားပါတယ်။
အမေရိကန်အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး Rapinoe ဘောလုံးသမားဘဝကနေ အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းနဲ့ အတူ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲဘက်ကသတင်းတွေ နဲ့ ဥရောပဘောလုံးသမား အပြောင်းအရွှေတွေဘက်က နောက်ဆုံးအခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်းပြထားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာ သမ္မတဖြစ်လာတာ ၁ နှစ် နီးပါး ရှိလာချိန်မှာပဲ၊ သူဟာ ပြည်တွင်းပြည်မှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင် နေရပြီး၊ သူ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကဲခတ်တွေကြားမှာလည်း သဘောထားအမြင်တွေ အမျိုးမျိုးကွဲ နေကြပါတယ်။ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အမေရိကန်အိုးပင်း ဂေါက်သီးပြိုင်ပွဲမှာတော့ အမေရိကန်က Wyndham Clark အနိုင်ရပြီး ပထမဆုံးမေဂျာဖလားကို ရသွားခဲ့ပါတယ်။ ဘရာဇီးအသင်းက ဥရောပရဲ့ ထိပ်တန်းနည်းပြတယောက်ကို ရှေ့နှစ်မှာ နည်းပြခန့်ဖို့ သဘောတူညီမှုရထားပြီလို့ ကြေညာလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဥရောပချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာတော့ မန်ချက်စတာစီးတီးအသင်း ဗိုလ်စွဲပြီး တနှစ်အတွင်း ဖလား ၃ လုံး ရသွားတဲ့သတင်းအပါအဝင် တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။ နယ်မြေရှင်းလင်းနေတဲ့ နေရာတွေမှာ စစ်တပ်က အင်အားတိုးချဲ့နေတယ်လို့လည်း ပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားရီးယဲလ်အသင်းကထွက်ပြီးလစာငွေ ယူရိုသန်း ၁၀၀ကျော် နဲ့အသင်းပြောင်း၊ကမ္ဘာကျော်ဘောလုံးသမားမက်ဆီ PSGနဲ့ စာချုပ်သက်တမ်းပြည့်လို့ အသင်းနဲ့လမ်းခွဲ၊လာမယ့်စနေနေ့မှာမန်စီးတီးနဲ့အင်တာမီလန်တို့ ချန်ပီယံလိဂ်ဖိုင်နယ်ဗိုလ်လုမယ့်သတင်းစတဲ့ အားကစားသတင်းတွေကို ကိုရန်နိုင်ကစုစည်းတင်ပြထားပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလ အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက ကျောင်းသူကျောင်းသားတွေအတွက် ပညာသင်ကြားရေးတွေ နောက်ကျနေခဲ့ပါတယ်။ အထက်တန်း ကျောင်းပြီးပြီး တက္ကသိုလ်တက်ရတော့မယ့် သူတွေကတော့ ကျောင်း မတက်လိုက်ရတဲ့အချိန်တွေကြောင့် တချို့ဘာသာရပ်တွေမှာ နောက်ကျ ကျန်နေတယ်လို့ ပြောပါတယ်။ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်