အီတလီနိုင်ငံသား Jannik Sinner သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ဂရန်းစလမ်းချန်ပီယံဆုကို ပထမဆုံးအကြိမ်ရသွားပါတယ်။ လီဗာပူးနည်းပြ Jurgen Klopp ဒီဘောလုံးရာသီအကုန်မှာ လီဗာပူးအသင်းကနေ ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်တွေကို မီဇိုရမ်ပြည်နယ်ထဲကို ရွှေ့ပြောင်းဖို့နဲ့ နယ်စပ်ခြံစည်းရိုးတွေခတ်ဖို့ အပါအဝင် တောင်းဆိုချက်တချို့ကို မဏိပူရ် (ကသည်း) လက်နက်ကိုင်အဖွဲ့က ပြည်နယ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။
Globe Soccer ရဲ့ တနှစ်တာအကောင်းဆုံးဆုပေးပွဲကို UAE နိုင်ငံ ဒူဘိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဆောင်းရာသီလူငယ်အိုလံပစ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ အလျှင်အမြန် ဖွံ့ဖြိုးလာနေပေမယ့်လည်း၊ တိုင်းပြည်ရဲ့ အလွန်များပြားတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ လုံလောက်အောင် မဖန်တီးနိုင်သေးဘဲဖြစ်နေပါတယ်။
FIFA ရဲ့ တနှစ်တာ အကောင်းဆုံးဆုပေးပွဲကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီးတော့ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီကရသွားခဲ့ပါတယ်။ ရိုမားအသင်းက မိုရင်ညိုကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ ကာတာမှာကျင်းပနေတဲ့ အာရှဖလားဘောလုံးပွဲမှာတော့ ပထမဆုံး အမျိုးသမီး ကွင်းလယ်ဒိုင်တဦး ထွက်ပေါ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံက ဟောင်ကောင်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်လာတာနဲ့အမျှ၊ ဟောင်ကောင်ဒေသခံထောင်ပေါင်းများစွာဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ထွက်ပြေးလာနေကြပြီး တချို့တွေကတော့ ထိုင်ဝမ်နိုင်ငံရေးထဲကို ဝင်ခဲ့ကြပါတယ်။ ထိုင်ဝမ်ရဲ့ဒီမိုကရေစီစနစ်နဲ့ ဟောင်ကောင်သားတွေအကြောင်း ကိုရန်နိုင်တင်ပြထားပါတယ်။
ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ဗိုလ်စွဲဖူးတဲ့ ဘက်ကင်ဘော်ဝါ နဲ့ မာရီယိုဇာဂါလိုတို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ စပိန်နိုင်ငံသား နဒါးလ်ကတော့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဝင်မကစားနိုင်တော့ပါဘူး။
အခုတပတ် အားကစားကဏ္ဍမှာတော့ အီဂျစ်နိုင်ငံက Empower အမျိုးသမီး ဘောလုံးအကယ်ဒမီနဲ့ ဘောလုံးအကယ်ဒမီတည်ထောင်သူ Farida Salem အကြောင်းကို ကိုရန်နိုင် ပြောပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း အားကစားပြိုင်ပွဲတွေဘက်က ထူးခြားတဲ့ အောင်မြင်မှုတွေ နဲ့ အဖြစ်အပျက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့မှာ ဒေသခံတော်တော်များများ ပြန်လည်ဝင်ရောက် နေထိုင်နေပြီလို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တနှစ်တာအကောင်းဆုံးဆုတွေအတွက် နောက်ဆုံးဆန်ခါတင် စာရင်းထွက်လာ၊ WTT အမျိုးသမီးကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွေမှာတော့ တရုတ်နိုင်ငံက ကမ္ဘာ့အဆင့် ၁ Sun Yingsha က အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွား၊ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ့်စွန်ခွာ ထွက်ပြေးနေရသူ တသိန်း သုံးသောင်းကျော် အထိရှိလာနေပြီး စားဝတ် နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ပြည်အရေးပေါ် ကူညီကယ် ဆယ်ရေး ပူးပေါင်းအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေကို ဝင်ခွင့်ပေး မပေးဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီဘက်က ဆုံးဖြတ်၊ ၂၀၂၄ ကိုပါအမေရိကဖလားဘောလုံးပွဲ အုပ်စုပွဲစဉ်တွေ မဲနှိုက်၊ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဝတ်ဆင်ခဲ့တဲ့ အာဂျင်တီးနားအသင်းအင်္ကျီ ၆ ထည်ကို လေလံတင်လိုက်ပါပြီ။ စပိန်နိုင်ငံက ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမားဟောင်း နဒါးလ်က လာမယ့်နှစ်မှာ တင်းနစ်ပြန်ကစားမယ်လို့ ကြေညာလိုက်ပါတယ်။
AFC ဖလား ဘောလုံးပွဲမှာတော့ မြန်မာနေရှင်နယ်လိဂ်က ရှမ်းယူနိုက်တက်အသင်းကို သြစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ် လိုက်ပါတယ်။ အာဂျင်တီးနားအသင်းနိုင်ငံတကာဘောလုံးပြိုင်ပွဲ ဗိုလ်စွဲတဲ့ ဖိုင်နယ်ပွဲတွေမှာ ဂိုးတွေသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး လာမယ့် ကိုပါအမေရိကဖလားအပြီးမှာ အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၂၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်သလို မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ကမ္ဘာ့အဆင့် ၁ နိုဘက်ဂျိုကိုဗစ်ချ်ကတော့ ATP တင်းနစ်ပြိုင်ပွဲကို ဗိုလ်စွဲပြီး နောက်ထပ် စံချိန်သစ်တွေတင်၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီရဲ့ ကမ္ဘာ့ဖလားမှာကစားခဲ့တဲ့ အင်္ကျီတွေကို လေလံပစ်သွားမယ်လို့ ကမ္ဘာကျော်လေလံကုမ္ပဏီကပြော၊ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ကရင်နီတော်လှန်ရေး အင်အားစုတွေက လွိုင်ကော်မြို့ကို သိမ်းပိုက်ဖို့ လုပ်နေပြီမို့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အချိန်ရှိတုန်း လက်နက်ချပြီး လာရောက်ပူးပေါင်းဖို့ လည်း ကရင်နီဗဟိုပြန်ကြားရေးက ကြေညာပါတယ်။
အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ဘောလုံးသမားကြီး ဆာဘော်ဘီချာလ်တန်ရဲ့ ဈာပနကို တနင်္လာနေ့က ဗြိတိန်မှာ ပြုလုပ်ခဲ့ပါတယ်။ နိုဘက် ဂျိုကိုဗစ်ချ်ကတော့ ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမားအဖြစ် နဲ့ ၈ နှစ်မြောက် စံချိန်တင်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၄ရက်မြောက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ သံချပ်ကာကား ၃စီး နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ၊ MDY PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး သံချပ်ကာကားတစီးကို ဖျက်ဆီးခဲ့တယ်လို့ TNLA က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်