အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ ဒီနေ့ ထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ မိုးမိတ်၊ မန်တုံနဲ့ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီစခန်း ၄ကို TNLA က သိမ်းယူလိုက်ကြောင်း TNLA ကသတင်းထုတ်ပြန်ပါတယ်။
“ ဒီအချိန်မှာတော့ ကျနော်တို့ အစိုးရရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့ နေရာတွေ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖေါင်းဆိုင်ရယ်၊ ကျနော်တို့ ကြူကုတ်ရယ် ဒီ ၃ ခုတော့ ရှိပါတယ်။” - စစ်ကောင်စီပြောခွင့်ရ
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ Ballon d’Or ရွှေဘောလုံးဆုကို မက်ဆီက ၈ ကြိမ်မြောက် ရရှိသွားပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း Luis Rubiales ကို ဖီဖာ စည်းကမ်းထိမ်းသိမ်ရေးကော်မတီက အရေးယူလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဆင်ရေးကာလ ၃ရက်အတွင်းမှာ စစ်စခန်း ၆၀နီးပါး သိမ်းဆည်းခဲ့ကြောင်း MNDAA ကိုးကန့်တပ်က ပြောပါတယ်။
ချင်းရွှေဟော်နဲ့ လားရှိုးဘက် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာရှိကြောင်း ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ချင်းရွှေဟော်မြို့ကို ကိုးကန့် MNDAA က သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်တဲ့ ၆၃ နှစ်ပြည့် မြောက်တဲ့ ကာလအတွင်းမှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာပါ။
၁၉၆၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ဆာဘော်ဘီချာလ်တန် ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးလောကအတွင်း အမှတ်တရ ဂုဏ်ပြုပြောဆိုထားတာတွေကို အခုတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး နေအိမ်မီးအရှို့ခံရတာ၊ မိုင်းထိသေဆုံးတာတွေ နဲ့ အတူ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၇ ထောင်လောက် လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြရပါတယ်။
မြန်မာနိုင်ငံရဲ့ ရိုးရာပွဲတော်တွေထဲမှာ အကြီးဆုံးပွဲတော်တခုဖြစ်တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ဒီနှစ်မှာ ပြန်လည် ကျင်းပခဲပါတယ်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပြီး လူတွေ ထောင်၊ သောင်းချီ ပါဝင် ဆင်နွှဲခဲ့ကြပေမဲ့ ဆင်နွှဲသူတွေအနေနဲ့ အပြည့်အ၀ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေကြပါတယ်။
“သူတို့အတွက်လည်း ကုသိုလ်တွေအတူတူလုပ်ထားတော့ အားလုံးအတွက် ဆုတောင်းပေးပါတယ်လို့။ အမြန်ဆုံး သူတို့ငြိမ်းချမ်းပြီးတော့ ကိုယ်တွေလိုပဲ ဒီလို ပျော်ရွှင်နိုင်ဖို့ပေါ့။ ကုသိုလ်တရားတွေနဲ့ပျော်နိုင်ဖို့အတွက် ဆုတောင်းပေးနေတယ်လို့။” (ဒေါ်သန်းညွန့်-အင်းလေးဒေသခံ)
ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလုပ်လာတဲ့ မြန်မာစစ်ကောင်စီကို အရေးယူပေးဖို့ လူထုအခြေပြု အဖွဲ့အစည်း ၄၀၀ ကျော်က နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ပါတယ်။
တိုက်ပွဲဟာ မနက် ၇ နာရီလောက်က စတင်ခဲ့ပြီး ညနေ ၅နာရီ အချိန်ထိ တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်တာတွေရှိနေသလို စစ်ကောင်စီ ဘက်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ကပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့ပါဝင်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်း အက်ဥပဒ ၁၇/၁ နဲ့တရားစွဲခဲ့တာပါ။
၂၀၃၄ ကမ္ဘာ့ဖလား အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် အာရှ နဲ့ သမုဒ္ဒရာပိုင်းနိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်းစားနေ၊ ကာတာကမ္ဘာ့ဖလားဘောလုံးကွင်းတွေ ဆောက်လုပ်တဲ့နေရာမှာပါဝင်တဲ့ အမေရိကန် ကုမ္ပဏီကို ဆောက်လုပ်ရေးအလုပ်သမားတွေ တရားစွဲ၊ ရာဖဲလ် နဒါးလ် တင်းနစ် ပြန်ကစားနိုင်တော့မယ်၊ စတဲ့ သတင်းများ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၂ ( MICC 2) မှာ ဒီကနေ့မနက် ၉နာရီမှာ စတင်ကျင်းပခဲ့တာပါ။
ယူရို ၂၀၂၈ နဲ့ ၂၀၃၂ ဥရောပဖလား ဘောလုံးပွဲအတွက် အိမ်ရှင်နိုင်ငံတွေကို ဥရောပဘောလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်ပါတယ်။ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ Hangzhou မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး Eden Hazard ဘောလုံးသမားဘဝကနေ အနားယူလိုက်ပါပြီ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အတင်းအကျပ် စစ်သားစုဆောင်းနေတာကြောင့် ဖားကန့်ဒေသက လူငယ်တွေနဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ KIA ဘက်ကတော့ အတင်းအကျပ် စုဆောင်းရေးလုပ်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲဘက်က အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
"အင်အားကြီးပြိုင်ပွဲတွေထဲမှာ ဆုရရှိဖို့ဆိုတာ တော်တော်လေး မြန်မာအသင်းက ခက်ခက်ခဲခဲနဲ့ ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အခုလို ခက်ခဲတဲ့ပြိုင်ပွဲမှာ ဆုတံဆိပ်တခု စတင်ရရှိခဲ့တာက ကျနော်တို့အတွက် အရမ်းကို ပျော်ရွှင်စေပါတယ်။" (ဦးသောင်းထိုက်မင်း- မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ)
နောက်ထပ်ကြည့်ရှုရန်