ပဲခူးမြို့ ဆန္ဒပြသပိတ်တွေကို မနေ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် ၆၀ ကျော် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပဲခူးမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
ပဲခူးမြို့က ပင်မသပိတ်စစ်ကြောင်း ဒီနေ့ ဖြိုခွဲခံရတဲ့အတွက် ၄ ဦးထက်မနည်း သေဆုံးပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ပဲခူးမြို့က နောက်ဆုံးအခြေအနေအပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြထားပါတယ်။
ဒီသီတင်းပတ် အားကစားကဏ္ဍမှာတော့ အင်္ဂလန် ပရီမီယားလိခ် ဘောလုံးပွဲသတင်းတွေနဲ့ မိုင်ယမ်မီ Open Tennis ပြိုင်ပွဲတွေအကြောင်း သတင်းတွေ၊ ပြင်သစ် Open Tennis ပြိုင်ပွဲ သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်းက တချို့မြို့တွေမှာ မနေ့ညပိုင်းက ညသပိတ်တွေဆင်နွဲခဲ့ကြပြီးတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်တာတွေကြောင့် ၁ ယောက်ထက် မနည်း သေဆုံးပြီး၊ အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။
နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့မှာ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။
စစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ခေတ္တပိတ်ခဲ့တဲ့ ရန်ကုန်တိုင်းစက်မှုဇုံထဲက စက်ရုံတော်တော်များများ အခုပြန်ဖွင့်နေကြပါပြီ။ ဆန္ဒပြပွဲတွေကြောင့် ကိုယ့်နေရပ်ပြန်သွားကြတဲ့ စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှာ စိုးရိမ်နေကြပါတယ်။
ကချင်ပြည်နယ်၊ ပူတာအာမြို့က ဆန္ဒပြသူတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးနေ တာကြောင့် ရာပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီတပတ် အားကစားအစီအစဉ်မှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ခြေစစ်ပွဲတွေ ကျင်းပနေချိန်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်းနဲ့ ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံနေရတဲ့ မြန်မာနိုင်ငံက အားကစားသမားတချို့အကြောင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်းမှာ မနေ့ကလောက် ကြီးကြီးမားမား မရှိခဲ့ပေမယ့်လည်း ဒီနေ့မှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် သေဆုံးမှုတချို့ ရှိခဲ့ပါတယ်။
ဖတ်ဆစ်တော်လှန်ရေးနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် ရန်ကုန်အတွင်း အင်းစိန်မြို့နယ်တခုတည်းမှာပဲ ၅ ဦးထက်မနည်းရှိပြီး စုစုပေါင်း ရန်ကုန်မှာသေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပါတယ်။
ဒီသတင်းပတ် အားကစားကဏ္ဍမှာ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံတကာက ပရိတ်သတ်တွေကို လက်ခံဖိတ်ကြားမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီက ဆုံးဖြတ်လိုက်တဲ့အကြောင်းနဲ့ ဒီဆုံးဖြတ်ချက်အပေါ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီရဲ့ တုန့်ပြန်မှုတွေအကြောင်း ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လုံခြုံရေးတွေက အကြမ်းဖက်ဖြိုခွဲတာတွေကြောင့် မုံရွာမြို့မှာ ဆန္ဒပြတဲ့သူ ၁ ယောက်နဲ့ မန္တလေးမှာလည်း ၁ ယောက် စုစုပေါင်း ၂ ယောက် သေဆုံးသွားပါတယ်။
မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ နဲ့ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကို စစ်ကောင်စီဘက်က အရှိန်အဟုန်မြှင့် နှိမ်နှင်းနေတယ်လို့ မန္တလေးဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲမှုအတွင်း သီးခြားမြို့နယ် ၄ ခုမှာ စုစုပေါင်း ၄ ယောက် သေဆုံးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လမ်းဘေးရပ်ထားတဲ့ကားတွေကိုလည်း ဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးခဲ့လို့ ကားအစီး ၄၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံကြားမှာ အထင်လွဲမှားအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ကိုထင်လင်းအောင် က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲ လုံခြုံရေးတွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတဲ့သူ ၇ ယောက်အပါအဝင် နိုင်ငံတဝန်းမှာ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ မနေ့ညနဲ့ ဒီနေ့ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်က အင်အားသုံး နှိမ်နင်းတာကြောင့် ၃ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပြီး အတော်များများလည်း ဒဏ်ရာရခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ညဘက်အင်တာနက်လိုင်းတွေကိုပိတ်ပစ်တာမျိုးဟာ ကမ္ဘာတဝန်းမှာရှိတဲ့ အစိုးရတွေ အတော်များများ ပြသနာအကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ လုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာတရပ် ဖြစ်လာနေပါတယ်။ ဗီအိုအေ သတင်းထောက် Michelle Quinn သတင်းပေးပို့ ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ မှာတော့ တနင်္ဂနွေ မနေ့ညက နေရာအတော်များများမှာ လုံခြုံရေးတွေက ပစ်ခတ်နှိမ်နှင်းတာတွေ အတော်လေးဖြစ်ပွားခဲ့ပြီး၊ ရန်ကုန်မြို့ဟာ စစ်မြေပြင်တခုလိုဖြစ်နေတယ်လို့ မြိုခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ နေရာအတော်များများမှာတော့ စနေနေ့ညက စစ်တပ် ၊ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက နေအိမ်တွေ အတော်များများကို ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အတော်များများကို ဖမ်းဆီးသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်