မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်က သီးသန့်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပါတယ်။
“လက်ရှိအခြေအနေကတော့ သံဖို ရန်ကြီးအောင်စတဲ့ ကျေးရွာတွေကတော့ စစ်ဘေးရှောင်နေရတဲ့ အနေအထား ပေါ့ ခင်ဗျ။ လူပမာဏအားဖြင့်တော့ ခန့်မှန်းရခက်ပေမယ့် အိမ်ခြေပေါင်း (၇၀၀) (၈၀၀) ထိအောင် စစ်ဘေးရှောင်နေရပါတယ်။ ထောင်ဂဏန်းကျော်မှာပါ ခင်ဗျ။” (CDF-KKG ပြန် ကြားရေးတာဝန်ရှိသူ)
ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် မြန်မာ့အရေးကိစ္စအပေါ် ကမ္ဘာက အာရုံစိုက်မှုတွေ ပိုပြီးလျော့ကျ လာနိုင်ဖွယ်ရှိတယ်လို့ မြန်မာပြည်သူတချို့က ရှုမြင် သုံးသပ်နေကြပါတယ်။ ဒီစစ်ပွဲကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေနေဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့အာရုံစိုက်မှု လျော့ကျလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားခဲ့တဲ့ တချိန်က အာရှရဲ့ အဆင့် ၁ ဂေါက်သီးသမား နဲ့ Asian Tour ဂေါက်သီးပြိုင်ပွဲတွေရဲ့ ဥက္ကဋ္ဌ ကြည်လှဟန်ရဲ့ အကြောင်းတွေကို ဒီတပတ်ရဲ့အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်ခင်ဗျာ။
“၇၀ ဆိုတာက စစ်တွေတက္ကသလိုလ်မှာ အများဖြစ်လိုက်တာကို အဲဒီကနေ ၅၀ လောက်ထွက်တာပေါ့။ တခြား လေယာဉ်စီးခရီးသည်တွေ ဘာတွေနဲ့ဆိုရင် ၇၀ ကျော်သွားတာပေါ့၊ တယောက်စစ်လို့ positive ထွက်ရင် အဲဒီလူနဲ့ ထိတွေ့သူတွေကို ထပ်စစ်တယ်။ အဲလိုနဲ့ များများဖြစ်တာကြောင့် များများ တွေ့တာလည်းဖြစ်နိုင်ပါတယ်။” (ဒေါက်တာစိုးဝင်းပိုင်)
ဒီတပတ် အားကစားကဏ္ဍမှာတော့ UAE နိုင်ငံမှာကျင်းပတဲ့ FIFA ကမ္ဘာ့ကလပ်ချန်ပီယံများဖလား နဲ့ အမေရိကန်မှာကျင်းပတဲ့ အမေရိကန်အမျိုးသားဘောလုံး Super Bowl ဖိုင်နယ်ပွဲ အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
“မုဿာရွာက တောထဲကတဲတွေကော အိမ်တွေကော အိမ်ခြေက ၂ ရွာပေါင်းဆိုရင် ၃၀၀ ကျော်တယ်ခင်ဗျ။ စနဗျင်းမှာ ပျူစောထီးတွေနဲ့ သူတို့အပေါင်းအပါတွေက တပ်ထိုင်ထားတယ်။ မုဿာနဲ့ မောက်တက်ကို တညလုံး လက်နက်ကြီးတွေနဲ့ပစ်ပြီး မနက် ၃ နာရီလောက်မှာ ဝင်စီးတာ။ မုဿာရွာကတလုံးမှကို မကျန်ဘူးဗျ။” (ဒေသခံ)
အခုတပတ် အားကစားကဏ္ဍမှာတော့ တရုတ်နိုင်ငံဘေဂျင်းမြို့မှာကျင်းပနေတဲ့ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ နဲ့ အာဖရိကနိုင်ငံများ ဖလားဘောလုံးပွဲ ချန်ပီယံအသစ်ထွက်လာတဲ့အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အမြင့်ဆုံးအဆင့်မှာရှိတဲ့နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။ နေ့စဉ်လိုလို အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး ၁၀၀ ကျော်ရှိပြီး၊ အမျိုးသမီးတွေ အသတ်ခံရမှုကလည်း ၃ နာရီမှာ ၁ ယောက်ရှိတယ်လို့ တရားဝင်စာရင်းတွေက ဆိုပါတယ်။ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေ့စ်ဘုတ်အသုံးပြုတာနဲ့ အင်တာနက် ဆက်သွယ်ရေးကို ကန့််သတ် ပိတ်ပင်ထားတာကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးပိုင်းတွေမှာ ဆုံးရှုှုံးနစ်နာခဲ့ရတယ်လို့ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်ကြတာပါ။
“ခြိမ်းခြောက်တာ တော်တော်ကြီးများတယ်ဗျ။ “ဘယ်လိုလုပ်ပစ်မယ်၊ ငါတို့က မလုပ်ချင်သေးလို့ထားတာ။ မဖမ်းချင်သေးလို့...” (အဲလို) စကားတွေ ခဏခဏ ထွက်လာတဲ့အခါမှာ မြို့နေလူထုက စိတ်မချမ်းသာတော့ဘူး။ အဲ့လိုဆိုရင် ကျနော်တို့က လုံးဝလက်မခံနိုင်တော့ဘူး။ ”( ဆော PDF တာဝန်ရှိသူ)
ဒီတပတ် အားကစားကဏ္ဍမှာတော့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပခဲ့တဲ့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ အကြောင်းကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာဖိအားတွေ ပိုပြီပေးကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။ VOA သတင်းထောက် Lisa Schlein ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာ Premier League ဘောလုံးပွဲ နောက်ဆုံးသတင်းတွေ၊ ကမ္ဘာကျော် ဘောလုံးသမားကြီး ပီလီရဲ့ ကျန်းမာရေး အခြေအနေနဲ့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနံမည်နဲ့ ထုတ်တဲ့ မက်ဆီဘာဂါ အကြောင်း သတင်းတွေအပြင် သြစတေးလျ အိုးပင်း တန်းနစ်ပြိုင်ပွဲ သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
စစ်တပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ဒေသခံခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ တည်ဆောက်လာနေကြသလို သူတို့ဟာ စစ်ကောင်စီထက် ပိုပြီး သာလွန်ကောင်းမွန်သူတွေဖြစ်တယ်ဆိုပြီး အနိမ့်ဆုံးတော့ မွတ်စလင်တချို့ကို ဆွဲဆောင်စည်းရုံးနေကြပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တနှစ်တာဆုပေးပွဲ နဲ့ ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမား နိုဘက်ဂျိုကိုဗစ်ချ် ပြည်ဝင်ခွင့် ဗီဇာပြဿနာကြောင့် ပြိုင်ပွဲနဲ့လွဲချော်သွားခဲ့တဲ့ အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်
ဇန်နဝါရီ ၁၄ ရက် နေ့လည်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းအရှေ့ခြမ်းက ညောင်လှ ဝဲကြီး ကုန်းကြီး ယဉ်ကျေး စတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ပြီး နယ်မြေရှင်းလင်း တာတွေလုပ်နေပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ ကမ္ဘာကျော်တင်းနစ် ကစားသမား နိုဘက်ဂျိုကိုဗစ်ချ် နဲ့ သြစတြေးလျအစိုးရကြားက ပြည်ဝင်ခွင့် ဗီဇာပြဿနာ နဲ့ FIFA တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် ရွေးချယ်လိုက်တဲ့အကြောင်းတွေကို ကိုရန်နိုင်က တင်ပြသွားမှာဖြစ်ပါတယ်။
“ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးပြီး လူ့အခွင့်အရေးတွေ ပြန်ရနိုင်အောင် ကြိုပမ်းနေကြတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကိုလည်း လျှော့တွက်ရာရောက်ပါတယ်။ ဒါတင်မက အာဆီယံအသိုင်းအဝိုင်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်လေးစားခံရမှုကိုလည်း ထိခိုက်စေပါတယ်။” (ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya)
ဒီသီတင်းပတ် အားကစားကဏ္ဍမှာ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ကိုဗစ် 19 ရောဂါ ကူးစက်တဲ့အကြောင်းနဲ့ LaLiga ဘောလုံးပွဲစဉ်တွေ အကြောင်း သတင်းတွေအပြင် စင်္ကာပူမှာကျင်းပတဲ့ အာဆီယံ Suzuki ဖလား ဘောလုံးပွဲ သတင်းတွေကို ကိုရန်နိုင် စုစည်း တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်