ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သတ်မှတ်ရက်ထက် စောကျင်းပမယ်ဆိုတဲ့ အကြောင်း၊ ဒီနှစ်အတွက် ရွှေဘောလုံးဆု ဘယ်သူရသင့်ပါသလဲ။ သုံးသပ်ချက်တွေနဲ့ အမေရိကန် ကမ္ဘာကျော် တင်းနစ်ကစားမယ် Serena Williams အနားယူတော့မယ့်အကြောင်း သတင်းတွေကို ဒီသီတင်းပတ် အားကစားအစီအစဉ်မှာ ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံဟာ လုပ်သားအင်အား လိုအပ်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ အဲဒီလို လုပ်သားအင်အား လိုအပ်ချက်တွေ ဟာ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ ၊အတွက် အရေးပါတဲ့ အခွင့်အလမ်းတွေ ဖြစ်လာခဲ့ပါတယ်။ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ အင်္ဂလန်ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အတူ တပတ်အတွင်း ဥရောပဘောလုံးသမားအပြောင်းအရွှေ့ အခြေအနေတွေနဲ့ လာမယ့် ၂၀၂၄ ပဲရစ် မသန်စွမ်းအိုလံပစ်မှာ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ ဝင်ပြိုင်ဖို့အလားအလာဘယ်လိုရှိသလဲ ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ ၅ လကျော်လာပြီးတဲ့နောက် ကမ္ဘာကြီးက ဒီစစ်ပွဲအပေါ် အာရုံစိုက်မှုတွေ လျော့ကျ လာနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ဒါကြောင့် ယူကရိန်း နဲ့ ပိုလန်နိုင်ငံက နာမည်ကြီး တင်းနစ် ကစားသမား တွေပေါင်းပြီး ရန်ပုံငွေ ကောက်တာတွေ လုပ်ဆောင်နေပါတယ်။ ကိုရန်နိုင် ပြောပြပေးပါမယ်။
အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းကတော့ ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား ဘောလုံးပွဲ ကို ဗိုလ်စွဲပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထဆုံးအကြိမ် ချန်ပီယံဖြစ်သွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုရန်နိုင်က အခုတပတ်ရဲ့ အားကစားကဏ္ဍမှာ တင်ပြထားပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ အာဖရိကတိုက် အကောင်းဆုံးဘောလုံးသမားဆုကို ဆီနီဂေါ တိုက်စစ်မှူးရသွားပြီး စင်ကာပူနိုင်ငံမှာကျင်းပတဲ့ MMA One Championship မစ်ဒယ်လ် ဝိတ်တန်း ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဆက်အနိုင်ရသွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်းထိပ်တန်းရောက် အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
“ကသာခရိုင် PDF တပ်ရင်း ၂ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်တွေလို့ ဆိုတာပဲ။ အင်အားကတော့ ၂၀၀ လောက်ရှိမယ်ခင်ဗျ။ အင်းတော်နဲ့ဆိုရင် ၁၀ မိုင်လောက်အကွာပေါ့နော်။ မံထုံနဲ့ မင်းကုန်းကြားမှာ။ မနေ့က ညနေပိုင်းမှာ အကြီးအကျယ်ဖြစ်တာပေါ့နော်။ သူတို့ ၃၀ လောက်တော့ ကျမယ်ထင်တယ်ခင်ဗျ။” (ဒေသခံ)
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံပူးတွဲကျင်းပမယ် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို လက်ခံကျင်းပမယ့် မြို့ ၁၆ မြို့ ကို FIFA ကမ္ဘာဘောလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်ပါတယ်။အဓိကကျတဲ့မြို့ကြီးတွေ အတော်များများပါပေမယ့် အမေရိကန်နိုင်ငံရဲ့မြို့တော်ဝါရှင်တန်ဒီစီတော့ မပါပါဘူး။ ကိုရန်နိုင်က တင်ပြပေးမှာပါ။
“မနေ့က ညနေ ၂ နာရီကျော်လောက်မှာ မယက ရုံးရှေ့ မှာ စစ်သားတစ်ယောက်ကို AA ကဖမ်းခေါ်သွားတော့ နောက်ပိုင်း သေနတ်ပစ်သံတွေ ထွက်လာတယ်၊ အဲဒီနောက်ပိုင်း ကျနော်တို့လည်း အပြင်ထွက်လို့မရတော့ဘူး၊ ညနေ ကိုးနာရီဆယ်နာရီလောက်မှ ဖမ်းသွားတယ် ကြားသလောက်ကတော့ ဆယ်ယောက်လောက်လို့တော့ပြောတယ်။” (ပုဏ္ဏားကျွန်းဒေသခံ)
အခုတပတ် အားကစားကဏ္ဍမှာတော့ ဥရောပကေ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
“ဓားထိုးခံရတဲ့ နေရာက အမှတ် (၅) ရပ်ကွက်၊ ဓားထိုးခံရသူကလည်း အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးပေါ့နော်၊ စစ်မှူးထမ်းဟောင်းရုံးနဲ့ သူ့အိမ်ကြားမှာ ထိုးခံရတာဖြစ်တယ်။ ရှေ့ကတယောက်၊ နောက်က တယောက်ထိုးတယ်ပေါ့နော်။ ဓားထိုးခံရတဲ့နေရာက အမ်းမြို့မရဲစခန်းနဲ့လည်း မဝေးဘူး။”(ကိုမျိုးလွင်-အမ်းတက်ကြွလှုပ်ရှားသူ)
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား နဒါးလ် ၁၄ ကြိမ်မြောက်ဗိုလ်စွဲပြီး စံချိန်သစ်တင်လိုက်ပါတယ်။ အမေရိကန်ဘောလုံးအသင်း အပါအဝင် အားကစားအသင်းတချို့က လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းကြပ်ဖို့ လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ ကိုရန်နိုင်က အခုတပတ် အားကစားကဏ္ဍမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။
စပိန်နိုင်ငံက ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဥရောပချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ် မြောက် ရရှိသွားပြီး၊ ထိုက်ထိုက်တန်တန် အနိုင်ရတာဖြစ်တယ်လို့ ရီးယဲ့လ်နည်းပြ အန်ချလော့တီက ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။၊
ချန်ပီယံလိဂ်ဖိုင်နယ် ပွဲကြိုခန့်မှန်းချက် အပါအဝင် ဥရောပ ဘောလုံးသတင်းတွေ၊ တောင်ကိုရီးယား တိုက်စစ်မှူး Son တနှစ်တာ အာရှအကောင်းဆုံးဘောလုံးသမားဆု ရသွားတာနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၃၁ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဘက်က အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကမ္ဘာတဝန်းမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကနေ ကူးစက်တဲ့ ကျောက်ရောဂါတွေ ပိုပြီးတော့ အဖြစ်များလာလိမ့်မယ်လို့ ခန့်မှန်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက ထိပ်တန်းသတင်း ရုပ်သံလိုင်းတွေက အမျိုးသမီးသတင်း တင်ဆက်သူတွေဟာ၊ ဒီနေ့ တနင်္ဂနွေနေ့မှာတော့ သူတို့ရဲ့ မျက်နှာတွေကို ဖုံးပြီးတော့ သတင်းတင်ဆက်ခဲ့ကြပါတယ်။
၃၁ ကြိမ်မြောက် ဆီးဂိမ်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာ ယူ-၂၃ အသင်းဟာ ၂ ပွဲစလုံး အနိုင်ရထားပြီး ၊ မန်ချက်စတာစီးတီးအသင်းကတော့ ဒေါ့မန်မှာ ကစားနေတဲ့ နော်ဝေးတိုက်စစ်မှူး ဟာလန်ကို ဝယ်လိုက်ပြီဖြစ်ပါတယ်။ ဒီလို တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် တင်ဆက်ပေးပါလိမ့်မယ်။
စပိန်နိုင်ငံမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက လာလီဂါအမှတ်ပေးချန်ပီယံဆုကို ၃၅ ကြိမ်မြောက် ဗိုလ်စွဲသွားခဲ့ပြီး၊ ရီးယဲလ်နည်းပြ အန်ချလော့တီဟာလည်း ဥရောပထိပ်တန်းအမှတ်ပေးပြိုင်ပွဲ ၅ ခု စလုံးကို ပထမဆုံး ဗိုလ်စွဲတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
Asian Tour ဂေါက်သီးပြိုင်ပွဲကို ကမ္ဘာ့အဆင့်မှီပြိုင်ပွဲတွေဖြစ်အောင်လုပ်ဖို့ ရည်မှန်းထားပြီးမကြာခင်အချိန်အတွင်း European Tour ပြိုင်ပွဲတွေကိုမီလာနိုင်တယ်လို့ Asian Tour ပြိုင်ပွဲတွေရဲ့ အမှုဆောင် အရာရှိချုပ် ကိုချိုမင်းသန့်ကပြောပါတယ်။ ကိုရန်နိုင်ကကိုချိုမင်းသန့် နဲ့ မေးမြန်းချက်အပိုင်း ၂ တင်ဆက်ထားပါတယ်
နောက်ထပ်ကြည့်ရှုရန်