အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟားမတ်စ်တွေတိုက်ခိုက်မှုအပြီး အမေရိကန်ပြည်ထောင်စုမှာ ဂျူးလူမှုအသိုက်အဝန်းတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာနေသလို ဂျူးဆန့်ကျင်တဲ့အမြင်တွေပိုများလာတာကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်း သေနတ်ပစ်အသင်းတခုက ဂျူးအမေရိကန်တွေကို အသင်းဝင်ကြဖို့ တိုက်တွန်းလာပါတယ်။
ကရင်နီဒေသမှာ ပြီးခဲ့တဲ့လကစခဲ့တဲ့ တိုက်ပွဲတွေဟာ သီတင်း ၃ ပတ်လောက် ရှိလာချိန်အထိ ဆက်လက် ပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နှေးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတာပါ။
တိုက်ပွဲကြောင့် မြို့ခံအများစုက အသက်ဘေးလွတ်အောင် ရုတ်တရက် ထွက်ပြေးသွားကြရတာကြောင့် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း မသယ်နိုင်ကြပါဘူး။ တချို့စစ်ရှောင်တွေဟာ ချေးငှားစားသောက်နေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ယူကရိန်းနိုင်ငံ Zaporizhzhia ဒေသ ရှေ့တန်းစစ်မျက်နှာနားမှာ ကလေးငယ်တွေနဲ့ မိသားစုတွေဆက်ပြီးနေထိုင်နေကြပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်နေပေမဲ့ သူတို့က ရွှေ့ပြောင်းဖို့ ငြင်းဆန်နေကြတာပါ။ Eva Myronova သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး (၁) လပြည့်တဲ့နေ့မှာပဲ ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ဆင်ရေး နောက်တဆင့်တိုးချဲ့မယ်လို့ ကြေညာပါတယ်။ တချိန်ထဲမှာပဲ တရုတ်ကလည်း နယ်စပ်ဒေသ အပစ်ရပ်ဖို့ တိုက်တွန်းတောင်းဆိုနေ။ စစ်ဆင်ရေး ကျယ်ပြန့်လာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ဘာလုပ်နိုင်ပါမလဲ။ ရှေ့ဆက်တိုက်ပွဲတွေအခြေအနေ ဘယ်လို ဖြစ်လာနိုင်ပါမလဲ။
ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်တယ်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ တိုးမြှင့်ပေးအပ်ကြဖို့ နဲ့ စစ်ဘေးရှောင်တွေ မှာ စားနပ်ရိက္ခာအပြင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဘေးအန္တရာယ် အကာအကွယ်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ မြန်မာစစ်ရေးပဋိပက္ခတွေ ပြေလည်မှုရရှိရေး အလှမ်းဝေးနေချိန် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စာနာမှုပြဿနာတွေ ကြီးထွားလာတာက အဓိက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
လက်ရှိ မြန်မာစစ်ရေးပဋိပက္ခတွေ ပြေလည်မှုရရှိရေး အလှမ်းဝေးနေချိန် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စာနာမှုပြဿနာတွေ ကြီးထွားလာတာက အဓိက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ဒီပြဿနာ ပြေလည်နိုင်မယ့် အခြေအနေ ရှိပါသလား။
ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ကရင်နီတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေဆဲပါ။ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ လွိုင်ကော်မြို့ခံတွေ မြို့ကို စွန့်ခွာ ထွက်သွားနေကြသလို တိုက်ပွဲကြားမှာ ပိတ်မိနေသူလည်း ကျန်နေပါသေးတယ်။
ယေရှုခရစ်တော် မွေးဖွားရာဇာတိအဖြစ် အများသိကြတဲ့ ပါလက်စတိုင်း Bethlehem မြို့က အဓိကဘုရားကျောင်းတွေမှာ ဂါဇာစစ်ပွဲကို ကန့်ကွက်တဲ့ အနေနဲ့ ဒီနှစ် ခရစ္စမတ် ပွဲတော်ကို မဆင်နွဲကြဘဲ ဘာသာရေးအရ ဆုတောင်းပွဲတွေပဲလုပ်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ Yan Boechat သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ Facebook နဲ့ Instagram လို ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွေကို အလွန်အကျွံအသုံးပြုလာတဲ့အပေါ် စိတ်ကျန်းမာရေးထိခိုက်နိုင်ခြေ၊ မိဘအုပ်ထိန်းသူတွေကို အသိပညာပေးမှုနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာကို ဘယ်လိုအကျိုးကျိုးရှိရှိ အသုံးပြုသင့်သလဲ။
တိုက်ပွဲတွေဖြစ်နေတဲ့ နယ်ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလောမှာ ရန်ကုန်မှာတောင် လိုသလောက်ဝယ်မရပဲ ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ စနေနေ့ကနေ ဒီကနေ့ နိုဝင်ဘာ ၁၃ရက်နေ့အထိ လွိုင်ကော်မြို့ အပါအဝင် နေရာအတော်များများမှာ ၃ ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ ဖေ့ဘုတ်၊ အင်စတာဂရမ်လိုလူမှုကွန်ယက်တွေ အလွန်အကျွံ အသုံးပြုရင် သူတို့ရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိတ်ပညာရှင်တွေ သတိပေးပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စိတ်ပညာ အငြိမ်းစားတွဲဘက်ပါမောက္ခ ဒေါ်သက်ထားဝင်းကို မမြသဇင်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ ၊ အထူးသဖြင့် MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ရှမ်းမြောက်မှာ ထိုးစစ်စတင်ခဲ့တဲ့ လတ်တလော ရည်မှန်းချက်ဟာ သက်ဆိုင်ရာနယ်မြေတချို့ သိမ်းပိုက်ရေးဖြစ်နိုင်ပေမဲ့ လက်ရှိမှာတော့ နိုင်ငံအနှံ့ စစ်ကောင်စီဆန့်ကျင်ရေး တိုက်ပွဲတွေကို အရှိန်မြှင့်လာစေပါတယ်။
NLD အစိုးရသမ္မတ ဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက အတည်ပြုပါတယ်။ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ပြောပါတယ်။
ဟာမတ်စ်စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် သူတို့ ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းတွေ ဖော်ထုတ်နိုင်ဖို့ စောင့်ရတဲ့နာကြင်မှုတွေက မပြီးဆုံးသေးပါဘူး။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတယောက်ရဲ့ မိသားစုဝင်တွေကို VOA သတင်းထောက် Natasha Mozgovaya က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
စစ်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းတွေဆီသွားတဲ့ လမ်းပိုင်းတွေအားလုံး လက်တလောမှာ သွားလာလို့မရတော့ဘဲ တရုတ်-မြန်မာနှစ်ဘက် ကုန်စည်ပို့ဆောင်ရေး အားလုံး ရပ်နားလိုက်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်