ဗွီအိုအေရဲ့ အင်္ဂလိပ်စာလေ့လာမယ်အစီအစဉ်မှာ ဒီတပတ်တော့ နိုင်ငံတကာ အစားအသောက်ရောင်းတဲ့ ကားတွေမှာ နေ့လယ်စာဝယ်စားရင်း “Lunch Time” နေ့လယ်စာ စားချိန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်အသုံးအနှုန်းတွေကို ရှင်းပြထားပါတယ်။
တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား သက်တော် ၈၉ နှစ်ထဲ ဝင်ရောက်လာခြင်းနဲ့အတူ မအောင်မြင်ခဲ့တဲ့ တရုတ်နိုင်ငံဆန့်ကျင်ရေးလူထုအုံကြွမှု အတိတ်သမိုင်းကြောင်းနောက်ခံရှိခဲ့တဲ့ တိဘက်ပြည်သူတွေအတွက် အနာဂါတ်ရေး စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး မမြသဇင်အောင်ပြောပြပေးပါမယ်။
အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက အစ္စရေး တသောင်းကျော်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျေရုဆလင်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးစင်တာအသစ်တခုမှာ ဒဏ်ရာရ စစ်သားတွေနဲ့ အရပ်သားတွေကို နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုကုသပေးနေတဲ့အကြောင်း မမြသဇင်အောင်ပြောပြပေးပါမယ်။
သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့ ပြန်တွေ့ကြမယ့် ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ။ မြန်မာ့နိုင်ငံရေးကိုရော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
နယ်သာလန်နိုင်ငံ Amsterdam မြို့ မှာ အသစ်ဖွင့်လှစ်တဲ့ Holocaust ပြတိုက်က ဒုတိယကမ္ဘာစစ်အတွင်း နယ်သာလန်မှာရှိတဲ့ ဂျူးလူမျိုးတွေ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာ၊ လေးပုံသုံးပုံလောက်ကို နေရပ်ပြန်ပို့ခံရတာနဲ့ အသတ်ခံခဲ့ရတဲ့ အကြောင်းတွေကို ပြသဖို့ရည်ရွယ်ပါတယ်။ အေပီသတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား သဘောတူညီမှုတရပ်ကို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ပေမဲ့ သဘောတူညီမှုရရှိကြောင်း၊ စေ့စပ်ပေးတဲ့ တရုတ်ကို ကျေးဇူးတင်ကြောင်းစသဖြင့် ပြောကြားထားပါတယ်။
မကြာသေးမီက ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား သဘောတူညီမှုတရပ်ကို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ပေမဲ့ သဘောတူညီမှုရရှိကြောင်း၊ စေ့စပ်ပေးတဲ့ တရုတ်ကို ကျေးဇူးတင်ကြောင်းစသဖြင့် ပြောကြားထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာSuper Tuesdayလို့ခေါ်တဲ့ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေ ဒီနေ့ အင်္ဂါနေ့ ကျင်းပနေပါတယ်။ပြည်နယ် ၁၅ပြည်နယ်နဲ့ အမေရိကန်ပြည်ထောင်စု နယ်နမိတ်Samoaကျွန်းတွေမှာရွေးကောက်ပွဲကျင်းပတာပါ။ဒီရွေးကောက်ပွဲအခြေအနေသတင်းသွားယူတဲ့ မအင်ကြင်းနိုင်ကို မမြသဇင်အောင်ဆက်သွယ်ပြီးမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ကလေးငယ် ၄၀၀ လောက် ရုတ်တရက်သေဆုံးတဲ့ ပြဿနာနဲ့ ကြုံကြရပါတယ်။ ဒီလို ကလေးငယ်တွေ ရုတ်တရက်သေဆုံးရတဲ့ ရှားပါးဆိုးရွားဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ New York တက္ကသိုလ်က လေ့လာသုတေသနပြုလုပ်နေတဲ့ အကြောင်း Aron Ranen က New York မြို့ကနေသတင်းပေးပို့တာကို မမြသဇင်အောင် ပြောပြပေးထားပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်စစ်က ချစ်ခင်သူတွေ၊ မိသားစုတွေကို ဝေးကွာစေပါတယ်။ အမျိုးသားတွေက ရှေ့တန်းထွက်၊ အမျိုးသမီးတွေနဲ့ ကလေးတွေက နေရပ်ပြောင်းရွှေ့ထွက်ပြေးနေရတာပါ။ အမေရိကန်ကို ပြောင်းရွှေ့အခြေချလာသူ ယူကရိန်းဒုက္ခသည်မိခင်တဦးကို VOA သတင်းထောက် Iryna Shynkarenko က တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။
ရုရှားကျူးကျော်မှုကို ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ဆင်နေချိန်မှာပဲ ရုရှားတို့က နယ်မြေတွေ သိမ်းပိုက်အောင်ပွဲခံနေပါတယ်။ ဒါဟာ အမေရိကန် နဲ့ မဟာမိတ်တို့ရဲ့ အကူအညီ မရနိုင်ခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပအကူအညီ အထူးသဖြင့် အမေရိကန်အကူအညီဟာ ယူကရိန်းအတွက် ဘယ်လောက် အရေးကြီးသလဲ။
ရုရှားကျူးကျော်မှုကို ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ဆင်နေချိန်မှာပဲ ရုရှားတို့က နယ်မြေတွေ သိမ်းပိုက်အောင်ပွဲခံနေပါတယ်။ ဒါဟာ အမေရိကန် နဲ့ မဟာမိတ်တို့ရဲ့ အကူအညီ မရနိုင်ခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပအကူအညီ အထူးသဖြင့် အမေရိကန်အကူအညီဟာ ယူကရိန်းအတွက် ဘယ်လောက် အရေးကြီးသလဲ။ ရှေ့ဆက်ဘာဖြစ်လာနိုင်သလဲ။
ဆေးပညာဆိုင်ရာ ရောဂါရှာဖွေဖော်ထုတ်ဖို့နဲ့ ကုသမှုတွေမှာ AI ဉာဏ်ရည်တုကို ပိုအသုံးပြုလာကြတာနဲ့ တချိန်ထဲမှာပဲ ဒီနည်းပညာတွေကို ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့အညီ ဘယ်လိုအသုံးချသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိလာပါတယ်။ Julie Taboh သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
မကြာသေးခင်က ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny သေဆုံးခဲ့တဲ့အတွက် ယူကရိန်းကို ပိုပြီးကူညီထောက်ပံ့ဖို့ဟာ အမေရိကန်လွှတ်တော်တွင်း အာရုံစိုက်စရာအကြောင်းအရင်းတခု ဖြစ်လာပါတယ်။
AI ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး ဖန်တီးထားတဲ့ အနုပညာတွေကနေတဆင့် သဘာဝလောကကြီးကို ပိုမိုနားလည်ခံစားနိုင်သလို သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့လည်းလုပ်ဆောင်နိုင်တဲ့အကြောင်း အေပီသတင်းဆောင်းပါးကို မမြသဇင်အောင်ပြောပြပေးပါမယ်။
ရုရှား ကျူးကျော်စစ်ကြောင့် အီတလီနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်တဲ့ ယူကရိန်း လက်မှုအနုပညာရှင်တဦးက ပွဲတော်သုံး ရိုးရာမျက်နှာဖုံးတွေကို ဖန်တီးပြုလုပ်နေတဲ့ အကြောင်း AP သတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက အာယုတောင်ကျေးရွာအနီးအနားမှာ ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက်တပ်တွေလည်း လက်နက်ကြီး တောက်လျှောက်ပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
အရှိန်မြင့်လာနေတဲ့ ရခိုင်တိုက်ပွဲကို အခုအချိန်ထိ တရုတ်က ကြားဝင်စေ့စပ်နိုင်ခြင် းမရှိသေးပါဘူး။ ရှမ်းမြောက်မှာလို အောင်အောင်မြင်မြင် စေ့စပ်ပေးနိုင်ဖို့အတွက် ဘယ်လို အခက်အခဲတွေရှိပါသလဲ။
အရှိန်မြင့်လာနေတဲ့ ရခိုင်တိုက်ပွဲ ကို အခုအချိန်ထိ တရုတ်က ကြားဝင်စေ့စပ်နိုင်ခြင်းမရှိသေးပါဘူး။ ရှမ်းမြောက်မှာလို အောင်အောင်မြင်မြင် စေ့စပ်ပေးနိုင်ဖို့အတွက် ဘယ်လိုအခက်အခဲတွေရှိပါသလဲ။ ရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်ပါသလဲဆိုတာ အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွေ ကျင်းပဖို့ အာဏာပိုင်တွေ စီစဉ်နေကြပေမဲ့ ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်