“ဘန့်ဘွေးထန်းဇင်နဲ့ ဘန့်ဘွေးမြောက်ရွာ နှစ်ရွာ စုစုပေါင်း နေအိမ် ၂၃ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်ပေါ့ဗျာ။ အဲ့လိုမီးရှို့ဖျက်ဆီးခံလိုက်ရတာ ကြောင့် မို့လို့ နေအိမ်မှာရှိတဲ့ ဝက်တွေ နွားတွေ ကျွဲတွေ မြင်းတွေက စပြီးတော့ တိရစ္ဆာန်တော်တော် များများ မီးထဲပါပြီး သေသွားကြတယ်ပေါ့ဗျာ။” (လက်ပန်ရွာဒေသခံ)
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအပေါ် ရှုတ်ချပြီး ပိတ်ဆို့ အရေးယူ ဒဏ်ခတ် တဲ့အထဲမှာ အာရှ နိုင်ငံတချို့လည်း ပါဝင်လာပေမဲ့ ကန့်ကွက်ကြောင်း ထုတ်ဖေါ်မပြောဆိုတဲ့ နိုင်ငံတွေ၊ ရုရှားကို ထောက်ခံတဲ့ နိုင်ငံ တချို့လည်း ရှိနေပါတယ်။ မမြသဇင်အောင် တင်ပြထားပါတယ်။
မြန်မာပြည်သူတွေအကြား ကိုဗစ် 19 အားဖြည့် ကာကွယ်ဆေး ထိုးတဲ့ အခါ စိုးရိမ်လွန်ပြီး အထပ်ထပ်ထိုးနေတာမျိုးထက် ကျန်းမာရေးဌာန စည်းမျဉ်းတွေအရ ထိုးသင့်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ဝင်ဟောင်းပညာရှင်တဦးက သတိပေးပါတယ်။ မမြသဇင်အောင် မေးမြန်းထားပါတယ်။
အာဖဂန်မှာ ပြီးခဲ့တဲ့ သြဂုတ်လ တာလီဘန်တွေအာဏာသိမ်းယူပြီးတဲ့နောက် နိုင်ငံစီးပွါးရေး ကျဆင်းနေသလို အထူးသဖြင့် အမျိုးသမီးကျောင်းသူတွေ ကျောင်းပြန်မတက်နိုင်တော့တဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ရိုက်တာသတင်း တပုဒ်ကို မမြသဇင်အောင်က ပြောပြပါ့မယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်စတုတ္ထလှိုင်းကာလ ခုရက်ပိုင်းမှာ ရှမ်းပြည်နယ်ဟာ ရောဂါပိုးရှိတယ်လို့ ဓါတ်ခွဲအတည်ပြုသူအများဆုံးဖြစ်နေပြီး တောင်ကြီးမြို့မှာ ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံရသူတွေရှိနေသလို ဝ အုပ်ချုပ်ခွင့်ရ ပန်ဆန်းမြို့မှုလည်း ဓါတ်ခွဲအတည်ပြုလူနာတွေ့တာကြောင့် မြို့အဝင်အထွက်တွေကို ကန့်သတ်လိုက်ပါတယ်။
“ကျနော်တို့မှာ ရုံးဖွင့်ထားတာရှိတယ်။ စာရင်းဇယား အမှန်အကန်ရှိတယ်။ လိုအပ်ရင်ရုံးကိုလာစစ်ဆေးပါ။ သူတို့ဆင့်ခေါ်မှုအရ ဘယ်နေရာမှာ သွားအစစ်ခံပါဆိုတာမျိုး လက်သင့်ခံမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ဆင့်ခေါ်ရင်လာရမယ်။ အစစ်ဆေးခံရမယ်ဆိုတာမျိုး ရေးထားတာမတွေ့ပါဘူး။ (စိုင်းလိတ် SNLD)
အမေရိကန်နဲ့ တရုတ်တို့ကြား တောင်တရုတ်ပင်လယ်အတွင်း အချေအတင်အငြင်းပွါးနေတဲ့ တချိန်ထဲမှာပဲ ဒေသတွင်း အင်အားကြီး အင်ဒိုနီးရှားက တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုမှာ နှုတ်ဆိတ်နေပေမဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အကြောင်း VOA သတင်းထောက် Yuni Salim သတင်းပေးပို့ထားတာကို မမြသဇင်အောင် က ပြောပြပေးပါမယ်
အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးမှာ ပလပ်စတစ်နဲ့ တခြားစွန့်ပစ် အပိုင်းအစတွေကို စားမိတဲ့ လိပ်အများအပြားသေဆုံးနေရပါတယ်။ ယူအေအီး နဲ့ ကမ္ဘာတစ်ဝှမ်းမှာ စွန့်ပစ်ပလပ်စ တစ်တွေကို စားမိလို့ လိပ်တွေသေဆုံးနေရတာကို လေ့လာမှုအသစ်တခုက တွေ့ခဲ့တဲ့ အကြောင်း အေပီသတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
ရုရှားနဲ့ ယူကရိန်းကြား တင်းမာမှုတွေ လျော့ပါးအောင် ကြိုးစားနေတဲ့ အချိန်မှာ နယ်စပ်တလျှောက်မှာရှိတဲ့ အရပ်သားတွေကတော့ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ရင် ဘယ်လိုလုပ်မလဲ ပြင်ဆင်နေကြပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
“မနေ့မနက်ပိုင်းက သေနတ် ၄ ချက် ဖောက်ပြီးဝင်တာပဲ။ စကြားတုန်းက ၆ ယောက်၊ ခုတော့ ၄ ယောက်ဖြစ်သွားပြီ။ ရိုက်နှက်ပြီးဖမ်းတာတွေရော သေနတ်ဖောက်ပြီးတော့။ နေ့ခင်းကတောင် ဒီ ၃၄ လမ်း၊ ၈၆ လမ်းဘက်က ကျောင်းတကျောင်းမှာ သံဃာ့သမဂ္ဂက ဆရာတော်တပါးကိုလည်း ဝင်ဆွဲသွားတယ်လို့ ထပ်ကြားတယ်။” (ဒေသခံ)
လန်ဒန်မြို့ Kew Gardens တော်ဝင် ရုက္ခဗေဒဥယျာဉ်ရဲ့ ဒီဖေဖော်ဝါရီလဆန်းမှာ စတဲ့ သစ်ခွပွဲတော်မှာ သစ်ခွအမျိုးပေါင်း ၅၀၀၀ ကျော်ကို ပြသဖို့ စီစဉ်ထားပါတယ်။ အမေရိကတိုက် အလယ်ပိုင်း၊ Costa Rica နိုင်ငံက သစ်ခွတွေ မျိုးကွဲပေါင်းစုံနဲ့ အလှဆင်ပြသထားတဲ့ အကြောင်း AP သတင်းကို အခြေခံပြီး မြသဇင်အောင် ပြောပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဂယက်ကြောင့် ကုန်ပစ္စည်းတင်ပို့မှု နှောင့်နှေးနေရတဲ့ တရုတ်နိုင်ငံမှာ အခုလတ်တလော အိုမီခရွန် ကိုဗစ် မျိုးကွဲကူးစက်မှုတွေရှိလာတာကြောင့် အမေရိကန်ကို နေ့စဉ်သုံး ပစ္စည်းတွေ တင်ပို့ရာမှာလည်း ပိုပြီးကြန့်ကြာနေပါတယ်။ Elizabeth Lee သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီ ကျဆင်းမှုတွေအကြား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ တုံ့ဆိုင်းသွားတယ်လို့ ကမ္ဘာတဝှမ်း အကျင့်ပျက်လဘ်စားမှုတွေကို စစ်တမ်းကောက်ယူတဲ့ Transparency International အဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖေါ်ပြပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားတဲ့ အဝေးသင်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သိပ္ပံအထူးပြု ဘာသာရပ်တွေနဲ့ ဝိဇ္ဇာအထူးပြုဘာသာရပ်တွေကို ပြန်ဖွင့်နေပါပြီ။ ၂ နှစ်လောက် ပညာသင်ကြားမှု ကြန့်ကြာရပ်ဆိုင်းနေခဲ့တာကြောင့် ဘွဲ့ရဖို့မျှော်လင့်နေသူတွေကတော့ တက္ကသိုလ်ပြန်တက်ဖို့ ပြင်ဆင်နေကြပါတယ်။
လေယာဉ်ငှားရမ်းမှုကိစ္စ၊ သစ်လုပ်ငန်းပါမစ်လေ ျှာက်ထားမှုကိစ္စတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီထပ်ပြီးတရားစွဲထားတဲ့ အဂတိလိုက်စားမှု ၅ မှုကို နေပြည်တော်အထူးတရားရုံးမှာ ကြားနာဖို့ ဒီနေ့ စတင်ဆောင်ရွက်
အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်ပြီးသူတိုင်း တနှစ်မှာ တခါ ၂ ခါလောက်တော့ သာမန်တုပ်ကွေးဖြစ်ပြီး ဖျားတတ်ပါတယ်။ သာမန်တုပ်ကွေးဗိုင်းရပ်စ်က ဒီထက်ပိုပြီး အန္တရာယ်များတဲ့ ဗိုင်းရပ်စ်ပိုးရန်ကနေ ကာကွယ်နိုင်မယ်လို့ သုတေသနအသစ်တခုမှာ တွေ့ရှိထားပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် ပြောပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြား အမေရိကန်တွေ ဆောင်းရာသီမှာဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးကို မေ့ထားသလိုဖြစ်နေပါတယ်။ အခုလို တုပ်ကွေးရာသီမှာ တချို့ကတော့ ကံဆိုးစွာပဲ ကိုဗစ်ရော တုပ်ကွေးပါ နှစ်မျိုးလုံးကူးစက်ခံရသူတွေလည်း ရှိနေတာပါ။ Angelina Bagdasaryan သတင်း ပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
ကိုဗစ်မျိုးကွဲ Omicron ကူးစက်မှုတွေကြား အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေကိုပါ အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ပြုဖို့ ကျန်းမာရေးအရာရှိတွေက အတည်ပြုထားပါတယ်။ AFP သတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ကူညီထောက်ပံ့ပေးနေတဲ့ လုပ်သားတွေ ထပ်ပြီးတိုက်ခိုက်မခံရအောင် ကုလနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ ၁၄ ဖွဲ့က တောင်းဆိုထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်နေတာ ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ ၄ ရက် ဆက်တိုက်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်