ယူကရိန်းကို အကူအညီပေးရေး အမေရိကန် မေရီလန်းပြည်နယ်ကအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Larry Hogan ကျန်းမာရေးဌာနအပြင် ရဲဌာနကလည်း ဆေးဘက်ဆိုင်ရာပစ္စည်းတွေ နဲ့ ရောဂါ အကာအကွယ်ဝတ်စုံ PPE တွေကို ယူကရိန်း ဆေးရုံတွေကိုပေးပို့လှုဒါန်းခဲ့ကြတာပါ။ မမြသဇင်အောင်ကတင်ပြပေးပါမယ်။
အမေရိကန်မှာ ၁၉၇၃ ခုနှစ်ကကိုယ်ဝန်ဖျက်ချခွင့်ရှိကြောင်းပြည်ထောင်စုတရားရုံးချုပ်ရဲ့ စီရင်ထုံးကို ပယ်ဖျက်ဖို့ စီစဉ်နေတဲ့ သဘောထားမှတ်ချက် မူကြမ်းတွေ အပြင်ကို ပေါက်ကြားခဲ့ပါတယ်။ ဒီကိစ္စအပေါ် ထောက်ခံသူတွေရော ကန့်ကွက်သူတွေပါရှိနေပြီး အမေရိကန် နိုင်ငံရေးမှာ အငြင်းပွားစရာကိစ္စတခုပါ။ မြသဇင်အောင်က တင်ပြထားပါတယ်။
“ကျနော်တို့ ချင်းပြည်နယ်ထဲမှာ တကယ်လို့ အဲ့လိုမျိုးအကူအညီပေးနိုင်မယ့် အဖွဲ့ အစည်းတွေ ရောက်လာလို့ရှိရင်တော့ လုံခြုံရေးကတော့ ကျနော်တို့ ဒီ CDF ကာ ကွယ်ရေးတပ်ဖွဲ့ကပေါ့နော် အပြည့်အဝ တာဝန်ယူပြီးခါမှ အဲ့ဒီစစ်ဘေးရှောင်တွေ ရှိတဲ့နေရာတွေကို လိုက်ပြလိုက်ပို့လို့ရပါတယ်ခင်ဗျ ဟုတ်ကဲ့။” (ကန်ပက်လက် CDF တာဝန်ရှိသူ)
အာဆီယံခေါင်းဆောင်တွေကို မနေ့ညကသမ္မတ Joe Biden ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဒီသမိုင်းဝင် ထိပ်သီးအစည်းအဝေးဟာ အမေရိကန်အနေနဲ့ အာရှ နိုင်ငံတွေအပေါ် ထားတဲ့ ကတိတွေ ခိုင်မာတယ်ဆိုတာပြသလိုက်တာလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ မခင်ဖြူထွေးနဲ့ မမြသဇင်အောင်တို့ VOA Studio ထဲမှာ ဆွေးနွေးထားပါတယ်။
ဒီနေ့ စတင်ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲဟာ အမေရိကန်နဲ့ အာဆီယံ အကြား ဆက်ဆံရေး အတွက် အရေးကြီးသလို အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင်လာရောက်တဲ့ သမိုင်းဝင် အစည်းအဝေးအဖြစ် အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေး အခု သမ္မတအိမ်ဖြူတော်မှာ ရောက်ရှိနေပါတယ်။
ယူကရိန်းစစ်တပ် တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးစစ်သည်တွေနဲ့ အရာရှိတွေ ဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းကစလို့ ယူကရိန်းမှာ စစ်ပြန်စစ်မှုထမ်းဟောင်း ယူကရိန်းအမျိုးသမီး သုံးသောင်းကျော်လောက် ရှိပါတယ်။ မမြသဇင်အောင်က တင်ပြပေးပါ့မယ်
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲက တချက်ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရေးမှာ မြန်မာစစ်ကောင်စီဘက် က လက်ခံမယ်လို့ သဘောတူညီချက်ရခဲ့ပြီး အကူအညီတွေပေါ် အခွန်ကင်းလွတ်ခွင့်ပေးဖို့ကိုလည်း သဘောတူခဲ့ကြောင်းနဲ့ ကရင်၊ ကယား၊ စစ်ကိုင်းအပါအဝင် ဒေသ ၅ ခုကို ပေးဖို့ ကနဦး လျာထားကြောင်း သိရပါတယ်။
ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီး စည်းဝေးပွဲဟာ အရှေ့တောင်အာရှ ခေါင်းဆောင်တွေ အိမ်ဖြူတော်မှာ ပထမဆုံး အကြိမ် စုဝေးကြတဲ့ ပွဲဖြစ်ပါတယ်။ ဒီစည်းဝေးပွဲကို ဖိလစ်ပိုင်နဲ့ မြန်မာခေါင်းဆောင်တွေ တက်ရောက်မှာမဟုတ်ပါဘူး။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ဆီးရီးယား နိုင်ငံမှာ အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တဲ့ IS စစ်သွေးကြွအဖွဲ့ဝင်တယောက်ကို အမေရိကန်ပြည်ထောင်စု တရားရုံးတခုကနေ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
“ဦးတို့ သိသလောက်တော့ ၇ ယောက်လောက်တော့ အဖမ်းခံရတယ်။ ရွာမှာတော့ ၇ ယောက်လောက်ပေါ့၊ အပြင်မှာ အဖမ်းခံရတာတော့ မသိဘူး။ အဲ့ကလေးတယောက်က ဟိုဘက်ကမ်းကနေ မိလာပြီးတော့ အိမ်ကိုလိုက်ပြတာ အတိအကျတွေချည်းပဲ။ နေရာအတိအကျတွေနဲ့ အဲ့ဒါကြောင့် ဗုံးတွေပါ မိကုန်တာပေါ့။ နောက် ၂ ယောက်ကတော့ သက်ကြီးပိုင်းတွေ။” (ဒေသခံတဦး)
နယူးယောက်နှင့် နယူးဂျာစီပြည်နယ်မှာရှိတဲ့ မီးသတ်သမားများတွေက မီးသတ်ဝတ်စုံတွေ၊ ဦးထုပ်တွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝယ်ယူပြီး ယူကရိန်းမှာရှိတဲ့ မီးသတ်သမားတွေဆီကို ပို့ပေးနေကြပါတယ်။ မမြသဇင်အောင် ပြောပြပေးပါမယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန် ရွာသွန်းမှုကြောင့် စစ်ပြေးဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ စခန်း ၃၀ လောက်ထိခိုက်ပျက်စီးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေထဲ နိုင်ငံရပ်ခြား အလုပ်လုပ်ဖို့ထွက်ခွာသူတွေ ပိုများလာနေတယ်လို့ ပြည်တွင်း ဆရာဝန်အသိုင်းအဝိုင်းက ပြောပါတယ်။ နိုင်ငံရပ်ခြား ပြောင်းရွှေ့ အလုပ်လုပ်ကြတဲ့ လူငယ်ဆရာဝန်တချို့ကို မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ယူကရိန်းနိုင်ငံတွင်းနဲ့ ပြင်ပရောက် ဒုက္ခသည်တွေကို ကူညီဖို့အတွက် လူသားချင်းစာနာ ထောက်ကူမှု အဖွဲ့အစည်းတွေနဲ့ အတူ စေတနာ့ဝန်ထမ်းတွေကလည်း ကူညီဆောင်ရွက်ပေးနေကြပါတယ်။ VOA သတင်းထောက် Celia Mendoza ပိုလန်ကနေသတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြပေးပါ့မယ်။
ဥရောပမှာဖြစ်နေတဲ့ စစ်ပွဲအကြောင်းကို ကမ္ဘာတဝန်း လူငယ်တွေ လူမှုကွန်ရက်တွေပေါ်မှာ အဓိက စိတ်ဝင်စား ရှာဖွေလာကြပါတယ်။ လူမှုကွန်ရက် သုံးစွဲသူ လူငယ်တွေရဲ့ အမြင်တွေကို VOA သတင်းထောက် Veronica Balderas မေးမြန်းထားကို မမြသဇင်အောင်က တင်ပြထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် မစခင်ဖေဖော်ဝါရီလထဲ ယူကရိန်းမှာနေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားအားလုံး ချက်ချင်းထွက်ခွါကြဖို့အမေရိကန်သမ္မတ Joe Biden က တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတချို့ယူကရိန်းကနေထွက်ခွာခဲ့ကြပေမဲ့ကျန်နေခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေလည်း ရှိပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားနေပေမဲ့ ယူကရိန်းဂီတပညာရှင် Valeriya Sholokhova နဲ့ ရုရှားဂီတပညာရှင် Nikita Morozovတို့နှစ်ဦးရဲ့ ရင်းနှီးမှုကတော့ ခိုင်ခိုင်မာမာ ဆက်ရှိနေပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ထိုင်းနိုင်ငံမှာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေသစ်တရပ် ပြဌာန်းဖို့ပြင်ဆင်နေတဲ့အပေါ် အမေရိကန် အထက်လွှတ်တော်အမတ်တချို့က ကန့်ကွက်ထားပါတယ်။ ဒီဥပဒေသစ်ကြောင့်အသင်းအဖွဲ့တွေအနေနဲ့ အခက်အခဲတွေရှိလာနိုင်တယ်လို့ လည်း ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
“တပ်မတော်အခန်းကဏ္ဍ ပိုမြင့်စေချင်လို့ PR စနစ်ကို ကျင့်သုံးတယ်လို့ မြင်တယ်။ PR စနစ်ကလည်း အမျိုးမျိုးရှိတဲ့အခါကျတော့ ကိုက်ညီတဲ့ပုံစံမျိုး သေချာချပြီး နိုင်ငံရေးပါတီတွေကော၊ အရပ်ဘက်အဖွဲ့တွေကော၊ တတ်သိပညာရှင်တွေကော ဆွေးနွေးပြီးမှလုပ်သင့်တယ်မြင်တယ်။ မိုင်းအုဏ်းခိုင် - တအာန်း(ပလောင်))
“လောလောဆယ်တော့ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက်ကြောင့် အမိုးအကာတွေပေါ့နော်၊ အရင်က တာလပတ်နဲ့မိုးထားတာဖြစ်တဲ့အတွက် အခုက အဲဒီတာလပတ်ကို လေတိုက်တော့ လွင့်ထွက်သွားတယ်လေ။ အောက်မှာက မိုးရွာတော့ ရေဝင်တာလည်းရှိတော့ အဲဒီမှာ အခင်းလိုမယ်။ ပြီးရင် အဲဒီ အမိုးတွေအတွက် လိုမယ်ပေါ့နော်။” (ကူညီနေသူတဦး)
နောက်ထပ်ကြည့်ရှုရန်