မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက် ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို လက်ရှိအခြေအနေမှာ စစ်ဆေးဖို့မရှိဘဲ တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့အညီ ဆောင် ရွက်သွားရမှာဖြစ်တယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပသုံးနိုင်ငံနဲ့ ဗာတီကန်နန်းတော်တို့ကို သွားရောက်ခဲ့တဲ့ ၉ ရက်ကြာခရီးစဉ် အခြေအနေတွေနဲ့ သုံးသပ်ချက်တွေကို ဒီသီတင်းပတ် သတင်းထောက်မှတ်စု အစီအစဉ်ကနေ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးထားပါတယ်။
အရင် ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်း လက်ထက်က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေဟာ အစိုးရ ရန်ပုံငွေ မဟုတ်တဲ့အတွက် အသစ်ပြန်ဖွဲ့စည်းထားတဲ့ ဖောင်ဒေးရှင်းကို လွှဲပြောင်းပေး လှူလိုက်တာသာ ဖြစ်ပြီး ဒီကိစ္စမှာ မမှန်မကန်လုပ်ထားတာ ဘာမှမရှိဘူးလို့ အရင် အစိုးရလက်ထက် ဝန်ကြီးတဦးက ဗွီအို အေကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရဟောင်းက လက်ရှိ အစိုးရထံကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းဖို့ ပျက်ကွက်မှုအပေါ် စတင် စစ်ဆေးနေပြီး အရေးယူဆောင်ရွက်ဖို့ လုပ်သွားမယ်လို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။
ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာ မရရှိတာအပါအဝင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေ နဲ့အတူ ဥပဒေရဲ့ အကာအကွယ် မရတာတွေဟာ လက်ရှိ အလုပ်သမားတွေ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲ တွေဖြစ်တယ်လို့ အလုပ်သမား အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးစီးလုပ်ဆောင်တဲ့ YBS - အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် စတင်တာ ၃ လ ကျော် ကြာလာတဲ့အထိ ခရီးသွားတွေအတွက် အဆင်မပြေသေးပါဘူး။ လူထုက မျှော်လင့်သလို YBS စနစ် ဘာကြောင့် မအောင်မြင်တာပါလဲ၊ သတင်းထောက်မှတ်စု အစီအစဉ်မှာ မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။
YBS ဘတ်စကားနဲ့ အကြပ်အတည်း
လာမယ့် မေလ ၄ရက်နေ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက် ရောက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်(YBS)အပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်မှု လျော့နည်းနေပြီး YBS နဲ့ ပတ် သက်လို့ ရန်ကုန်တိုင်း အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတယ်လို့ ဒီကနေ့(တနင်္ဂလာနေ့)မှာ ကျင်းပတဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်အများ အပြားက ဝေဖန်လိုက်ပါ တယ်။
ဦးဝီရသူနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)တို့အပေါ် မဆီမလျော် ပြောဆိုတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရာဇသတ်ကြီး ဥပဒေ အရ အရေးယူပေးဖို့ တိုင်ကြားထားမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၂၁ရက်နေ့ သော ကြာနေ့မှာ ပလပ်လိုက်ပါတယ်။
မြန်မာပြည်ရဲ့ အထင်ကရ မန္တလေးသင်္ကြန်ကို အခုနှစ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ဖော်ပြ ရာရောက်အောင်၊ ခေတ်နဲ့အညီ လူငယ်တွေလည်း ပျော်ရွှင်နိုင်အောင် အသွင်သစ်နဲ့ ကျင်းပသွားမယ် လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အစိုးရလက်ထက် မကွေးတိုင်းထဲက ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီကနေ ဒေသဖွံ့ဖြိုးရေးအတွက် ကောက်ယူထားခဲ့တဲ့ ကျပ်ငွေ သန်း ၇ ထောင်ကျော် ပျောက်ဆုံးမှုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆို အမှုဖွင့်ခံထားရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်တွေကို ဒီကနေ့ (ဧပြီလ ၅ရက်နေ့) ရက်စွဲနဲ့ အကြောင်းပြန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် ဧပြီ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲလာပေးတဲ့ မဲဆန္ဒရှင် ဦးရေ သိသိသာသာ နည်းလွန်းတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ လစ်လပ် လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ မဲဆန္ဒနယ်တွေထဲ ရန်ကုန်တိုင်း အတွင်း အကျိတ်အနယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတဲ့ မဲဆန္ဒနယ်သုံးခုကို ကျမတို့ရဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက ဝိုင်းတော်သားတွေ နေရာခွဲပြီး ကိုယ်တိုင်သွားပြီးတော့ ကြည့်ရှု လေ့လာ တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ကြပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ လေ့လာဆန်းစစ်ချက်တွေအရ ဧပြီ ၁ ရက်၊ စနေနေ့မှာ ကျင်းပမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ပါဝင် မဲပေးလိုစိတ် နည်းပါးတာတွေ့ရတာမို့ ဆန္ဒမဲပေးသူဦးရေ နည်းမှာကို စိုးရိမ်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးအဖွဲ့ တွေက ပြောလိုက်ပါတယ်။
NLD အစိုးရသစ်လက်ထက် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ် ဦးဆောင်ကျင်းပမယ့် ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ရာနှုန်းပြည့်နီးပါး လွတ်လပ်ပြီး တရားမ ျှ တမှုမယ်လို့ ယုံကြည်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တဦးက ကြားဖြတ် ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်ပဲလိုတော့တဲ့အချိန်မှာ ပြောဆိုလိုက်ပါတယ်။
လာမယ့် ၂ ရက် အတွင်း ကျင်းပတော့မယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၁၈ နေရာလုံး နိုင်မယ့်အလားအလာ ရှိတယ်လို့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၁၈ နေရာလုံး နိုင်မယ့်အလားအလာရှိတယ်လို့ ပါတီခေါင်းဆောင်တဦးကပြောပါတယ်။ ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးပါတီတွေလည်း မဲဆွယ်စည်းရုံးရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အမ်း မဲဆန္ဒနယ်နဲ့ ရှမ်းပြည်နယ်က မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေမှာ နိုင်ငံရေးပါတီတွေအကြား အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေပါ တယ်။
နောက်ထပ်ကြည့်ရှုရန်