COVID-19 ကပ်ဘေးကြောင့် လူစုလူဝေးလုပ်တာတားမြစ်ထားချိန် ဘာသာရေးအခမ်းအနား တစ်ခုလုပ်လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လားကို ဒီနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာ ပြောပြပေးပါမယ်။
ဘာသာရေးအကဲဆပ်တဲ့ မိတ္တီလာမြို့မှာတော့ လူမှုကွန်ယက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ဆဲဆိုသူ တဦးကို အရေးယူပေးဖို့ တောင်းဆိုရာကနေ လူစုလူဝေးနဲ့ ထိန်းရခက်တဲ့ အခြေအနေဖြစ်ခဲ့တာကို ပြောပြချင်ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ပြန်စတဲ့ ဒီကနေ့မှာတော့ COVID-19 ကပ်ရောဂါပြန့်ပွားမှု တားဆီးရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက်လျာထားသုံးစွဲမှုတွေနဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်းတွေကို တင်သွင်းခဲ့တယ်ဆိုတဲ့ သတင်းကို ပြောပြပါမယ်။
ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အစိုးရက ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ လုပ်ငန်းကြီးတွေသာ အများစုရပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်အများစုက ချေးငွေ မရဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။
COVID-19 ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုပိုင်းမှာ ဘယ်လောက် ထိခိုက်ဆုံးရှုံးနေလဲဆိုတဲ့ ဆန်းစစ်မှု Impact Assessment ကို မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်က ကောက်ယူနေတယ်ဆိုတာကို ပြောပြပါမယ်။
ကပ်ဘေးအလွန်စီးပွားရေးကုစားမှု အစီအစဉ်အဖြစ်နဲ့ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေလျာထားပြီး အစိုးရက ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ လတ်တလောမှာ ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာထား သတ်မှတ်သုံးစွဲနေတာပါ။ ချေးငွေကို တနှစ်ကို အတိုးနှှုန်း ၁ ရာခိုင်နှုန်းနဲ့ တနှစ်သတ်မှတ် ထုတ်ချေးတာပါ။
ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကြီးကြီးမားမားရှိခဲ့တဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ အစိုးရက ကူညီထောက်ပံ့ရေးအစီအစဉ်လုပ်ပေမယ့်၊ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် အကျိုးသက်ရောက်မှုမရှိသေးဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တွေဘက်က ယူဆပါတယ်။
NLD အစိုးရလက်ထက်မှာ ငွေကြေးခဝါချမှုတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ မြန်မာနိုင်ငံတွင်း ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေက ပုံစံမျိုးစုံနဲ့တော့ ရှိနေသေးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို မြန်မာအစိုးရကိုင်တွယ်မှုမှာ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားတာပါ။
လက်ရှိ အခြေအနေမှာ ရောဂါမပြန့်ပွားရေးအတွက် လူစုလူဝေး လုပ်ဖို့ တားဆီးထားတာတွေနဲ့ တခြားကန့်သတ်ချက်တွေ ရှိတာကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ မသေချာမရေရာတွေ ဖြစ်လာရတာပါ။ ဒီအပေါ် ကော်မရှင်ဘက်ကတော့ ဘာမှ တိတိကျကျ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
COVID-19 ရောဂါထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံကဆောင်ရွက်နေတဲ့ Quarantine ခေါ်တဲ့ သီးခြားခွဲစောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ လိုအပ်ချက်တွေရှိနေပါတယ်။
COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့လို့ ပုဂ္ဂလိကဆေးခန်းက ဆရာဝန်အချို့ကို သီးခြားစောင့်ကြည့်နေရတဲ့ အခြေအနေတွေဖြစ်ခဲ့တဲ့နောက် ဆေးခန်းငယ်အတော်များများ စိုးရိမ်မှုရှိပြီး ပိတ်လိုက်ကြပါတယ်။ ဒါကြောင့် သာမန်နေမကောင်းတာမျိုးနဲ့ အခြားရောဂါသည်တွေအတွက်လည်း ဆရာဝန်နဲ့ တွေ့ဆုံဖို့ အခက်တွေ့နေပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဒွါန်ဥပုသ်လ ဝင်ရောက်လာပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ COVID-19 ကပ်ရောဂါပျံ့နှံ့မှု တားဆီးရေးအခြေအနေကြောင့် ဗလီတွေမှာ စုပေါင်း ဝါဖြေတာ စုပေါင်းဝတ်ပြုတာတွေ မလုပ်နိုင်ကြပါဘူး။
ဧပြီလ ၂၀ ရက်ကစလို့ ဘဏ်နဲ့ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းအတော်များများ ပြန်လည် လည်ပတ်ပြီး ဝန်ထမ်းတွေ ပြန်အလုပ်လုပ်ကိုင်နေကြရာမှာ၊ အဲဒီဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေး အစီအစဉ်တွေ ဘာတွေများလုပ်ထားပါသလဲ။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုခံထားရတဲ့ လူနာ ဦးရေ ပမာဏမြင့်တက်နေသလို ပိုးတွေ့သူ အများစုက ရန်ကုန်က ဖြစ်နေတာမို့ ရန်ကုန်က ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်လို ဖြစ်လာမှာကိုလည်း စိုးရိမ်ကြပါတယ်။
မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူထုစိတ်နှလုံးအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအရဆိုပြီး အကျဉ်းသူ၊ အကျဉ်းသား ၂သောင်းခွဲလောက် ကို သမ္မတက လွတ်ငြိမ်းခွင့်ပေးတာမှာ၊ အခုအချိန်လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ပါဝင်တာမို့ ဝေဖန်မှုတွေရှိနေပါတယ်။
COVID-19 ရောဂါနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေဘက်က သတင်းထုတ်ပြန်မှုပိုင်းက အားရကျေနပ်စရာ မရှိသေးတာမို့ သတင်းထုတ်ပြန်မှုပိုင်း ပိုမိုပွင့်လင်းလာဖို့ မီဒီယာသမားတွေက လိုလားနေကြပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ COVID-19 ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက်ဆိုပြီး ခရစ္စယာန်တရားဟောဆရာအချို့နဲ့ လူစုလူဝေးလုပ်ဆောင်သူတွေကို တိုင်းအစိုးရကနေ အမှုဖွင့်အရေးယူထားပါတယ်။ ဒီရောဂါမကူးစက်နိုင်ဖို့အတွက် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် ကန့်သတ်အရေးယူမှုတွေ တိုးလုပ်လိုက်ပါတယ်။
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်တို့ အနီးကပ် ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်ပေးဖို့ မသန်စွမ်းသူတွေက လိုလားကြပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို ဧပြီ ၉ရက်နေ့ ညပိုင်းမှာ အကျဉ်းထောင်က နေပြန်လည် လွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်