COVID-19 နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အခမဲ့ မေးမြန်းနိုင်တဲ့ National Call Center အနေနဲ့ ဝန်ဆောင်မှုတွေ ထပ်ပြီးတိုးပေးဖို့ စီစဉ်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက အရှိန်မြင့် ဆောင်ရွက်နေချိန်မှာပဲ ပြည်တွင်းဈေးကွက်မှာ ရောဂါပိုးစစ်တဲ့ ပစ္စည်းတွေ ရောင်းချနေတဲ့ အန္တရာယ်ကိုလည်း သတိပေးနေတဲ့အကြောင်း တင်ပြချင်ပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုတွေ အဓိက ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ရောဂါကူးစက်သူတွေနဲ့ စောင့်ကြည့်စစ်ဆေးမယ့် နေရာတွေ တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။
တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေထဲက ဖမ်းဆီးခံရသူတွေကို ဒီကနေ့ မန္တလေးမြို့မှာ ရုံးတင်တရားစွဲဆိုခဲ့တာပါ။
COVID-19 ရောဂါ ရှိမရှိ နာရီဝက်အတွင်း စစ်ဆေးသိရှိနိုင်မယ့် စမ်းသပ်ပစ္စည်းနဲ့ မကြာခင်မှာ စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကို ထိန်းချုပ်နိုင်ဖို့် ဒီသီတင်းပတ်ကစပြီး ရန်ကုန်တိုင်းတခုလုံးနီးပါး အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တာကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း သိသိသာသာ ထိခိုက်ကုန်ပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နေအိမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ လက်ပစ်ဗုံး ၂ လုံးကို တရက်စီခြား တွေ့ရှိခဲ့ပြီးနောက်၊ ဘယ်သူ့လက်ချက်ဆိုတ သိနိုင်ဖို့ စုံစမ်းနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၁ လကျော်သာ လိုတော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေတဲ့အတွက် မဲပေးနိုင်မယ့် အခြေအနေတွေအပေါ် စိုးရိမ်တဲ့ သဘောထားတွေလည်း တိုးလာနေပါတယ်။
မြန်မာပြည်မှာ ကိုဗစ် ရောဂါ ကူးစက် သေဆုံးမှုမြင့်တက်လာတဲ့အပေါ်မှာ အစိုးရကျင့်သုံးနေတဲ့လက်ရှိ ကုသရေးလုပ်ငန်းတွေထိရောက်မှု ရှိပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိကျင့် သုံးနေတဲ့ နည်းနာတွေအလုပ်ဖြစ်ရဲ့လား၊ ပြောင်းလဲကျင့်သုံးဖို့ လိုအပ်နေပါပြီလား ဆေးပညာရှင်တွေရဲ့ အမြင်တွေကို
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေရတဲ့အထဲက သတင်းမီဒီယာနဲ့ အနုပညာလုပ်ငန်း တွေကိုပါ အရေးပေါ် ငွေထုတ်ချေးဖို့ အစိုးရက စီစဉ်နေပါတယ်။
မြန်မာနိုင်ငံတွင်း Fever Clinic တွေမှာပါ ကိုဗစ်ရောဂါစစ်ဆေးရေး ဓာတ်ခွဲနမူနာယူဖို့ စဉ်းစားနေတာ ရှိပေမဲ့လည်း တကယ်တမ်း လုပ်ဆောင်နိုင်မလားဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောပြပါမယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကုသရေးလုပ်ငန်းတွေမှာ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေရဲ့ အင်အားကိုပါယူပြီး အစိုးရ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေက တောင်းဆိုကြပါတယ်။
ကိုဗစ် ကပ်ရောဂါကူးစက်မှုမြင့်နေဆဲမို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပိုင်းတွေမှာ အွန်လိုင်းမီဒီယာကို အားကိုး လာရတဲ့ ပါတီတွေအတွက် တိကျတဲ့ထုတ်ပြန်မှု မရှိတာမို့ ပါတီတခုနဲ့တခုကြား ပြိုင်ဆိုင်မှုမှာ မညီမျှမှုတွေ၊ အသုံးစရိတ်ကွာခြားမှုတွေဖြစ်လာနိုင်ပါတယ်။
ရွေးကောက်ပွဲနီးလာချိန် အင်တာနက်အွန်လိုင်းပေါ်က သတင်းတု သတင်းမှားတွေ များစွာထွက်လာတာကို အစိုးရက ထိန်းချုပ်ကိုင်တွယ်မယ်လို့ဆိုနေပပေမယ့် တလကို အနည်းဆုံး သတင်းအမှားတွေတင်တဲ့ Facebook ပို့စ်ပေါင်း ၂၀၀ လောက် ရှိနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ဗွီအိုအေကိုပြောပါတယ်။
အဓိကအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။
COVID-19 ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားချိန် ဘာသာရေးအခမ်းအနားပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရတဲ့ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကို ဒီနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံး ကနေ ထောင်ဒဏ် သုံး လ စီရင်ချက် ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ရာမှာ အချက်အလက် လွဲမှားမှုတွေ ရှိနေတာကို ပြင်ဆင်နိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့အကြောင်းကို ပြောပြပေးပါမယ်။
နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်တွေယှဉ်ပြိုင်မှုတွေ တိုးလာမယ်လို့ ခန့်မှန်းနေသလို အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရရေးကြိုးပမ်းနေကြပါတယ်။
ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ နာမည်ကြီး စေတီပုထိုး ၁၇ ဆူကို ဒီနေ့ကစပြီး ဝင်ရောက်ဖူးမြော်ခွင့် ပိတ်လိုက်သလို အနီးအနားက ဈေးဆိုင်တွေကိုပါ ရောင်းချခွင့်တွေ ပိတ်လိုက်ပါတယ်။
ကရင်ပြည်နယ်မှာ ဒီလထဲ ဒေသခံအမျိုးသမီး တစ် ဦးကို တပ်မတော်သား နှစ် ဦးက ပစ္စည်းလုယူ သတ်ဖြတ်ခဲ့တာ အပါအဝင် စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေကို ဒေသခံထောင်နဲ့ချီ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အကြောင်း ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်