မဘသ မရှိသင့်ဟူသောစကားမှာအစိုးရ၏ မူဝါဒ မဟုတ်ဘဲ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သဘော ထား မှတ်ချက်သာ ဖြစ်တဲ့အတွက် မဘသ အဖွဲ့ဝင်များအနေဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ် ရန် မဘသ ဗဟိုကနေ ဒီကနေ့ဘဲ ညွှန်ကြား ချက် ထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ယာယီအစ္စလမ်ဘာသာဝတ်ပြုကျောင်း အဆောက်အဦးကို ဖျက်ဆီးခဲ့တယ်လို့ သံသယရှိသူ ၆ဦး ကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေပါတယ်။
"ရေက မိုးရွာတာနဲ့ လယ်ကွက်တွေ ဘာတွေတော့ မြုပ်နေပြီလေ။ မိုးကလည်း တိတ်လိုက်၊ ရွာလိုက်နဲ့ပဲ။ ခန့်မှန်းလို့တော့ မရဘူးဖြစ်နေတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်းကတော့ အရမ်းကို အားနည်းပါတယ်။"
“၂၁ ရာစု ပင်လုံ စာချုပ်၊ ပင်လုံ ညီလာခံမှာ လေ့လာသူအနေနဲ့ ဖြစ်စေ ပါဝင်ပြီး တက်ရောက် မှာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးမှုမှာတော့ ပါဝင်မှာ မဟုတ်ဘူး။ ဒေသဖွံ့ဖြိုးရေး ဒေသ အေးချမ်းရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။" နာဂအဖွဲ့ ခေါင်းဆောင် ဦးအန်ကန့်
အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ် မထိုးထားရသေးတဲ့ ဘယ်အဖွဲ့ကိုမဆို နိုင်ငံရေး မူဘောင်ရေးဆွဲရေး လုပ်ငန်းစဉ်ရေးဆွဲတာနဲ့ ၂၁-ရာစုပင်လုံ ညီလာခံမှာပါဝင်လာဖို့ ဖိတ်ခေါ်သွားမယ်လို့ တပ်မတော်က ပြောဆိုလိုက်ပါတယ်။
နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်တွေကို ရက် ၁၀၀စီမံချက်ကာလအတွင်း အပြီးမပြတ်ပါက နောက်ထပ် သက်တမ်းတိုး လုပ်ဆောင်သွားဖို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စီစဉ်နေပါတယ်။
စီးပွားရေးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုကို လက်မခံပဲ၊ လူတိုင်း မျှမျှတတ အခွင့်အရေးရစေဖို့အတွက် မြန်မာ့စီးပွားရေးမူဝါဒသစ်မှာ ဦးစားပေးဆောင်ရွက်သွားမယ်လို့ စီမံ ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောဆိုပါတယ်။
လူ့အခွင့်ရေးဆိုင်ရာ ဘာသာရပ်ကို လာမယ့် စာသင်နှစ်ကနေစပြီး အဆင့်မြင့်ပညာရေးမှာ ဘာသာရပ်တခုအနေနဲ့ သင်ကြားသွားဖို့ စီစဉ်ထားတယ်လို့ ပညာရေး ဝန်ကြီးကပြောလိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင်ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်ပေမဲ့ အချိန်ကာလ သတ်မှတ်ချက်ကို တိကျစွာ မပြောပဲ နိုင်ငံရေးအရ အချိန်ကိုက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေ ကျောက်မျက် လုပ်ငန်းရှင်တွေကို စစ်ဆေးခဲ့ပြီး တဲ့နောက် ကျောက်မျက်ရောင်းချတဲ့ အခွန်ငွေထဲက သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်း တို့ ငွေအလွဲသုံးစားမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရဘူး လို့ စစ်ဆေးရေးအဖွဲ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်း ရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ သန်း၉၀ ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦး နဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူ ကျောက်မျက်အသင်း အမှုဆောင်တွေအပြင် တိုင်ကြားခံရသူတွေကိုပါ ခေါ်ယူစစ်ဆေးလျက်ရှိပါတယ်။
လာမယ့်ရွေးကောက်ပွဲတွေမှာမဲပေးနိုင်တဲ့ လူဦးရေ မဲစာရင်းကို တိကျစွာပြုစုနိုင်ဖို့ အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ ကော်မရှင် က ပြောဆိုလိုက်ပါတယ်။
၇၇၈၂ဦး ရှိရမယ့် နေရာမှာ လက်ရှိ အင်အား ၅၇၈၀ ဦး ရှိတဲ့အတွက် ရဲနဲ့ ပြည်သူအချိုးဟာ ၁ အချိုး ၁၂၇၄ ဦးကို တာဝန် ထမ်းဆောင်နေတာ တွေ့ ရပါမယ်။ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေနဲ့ လူဦးရေ အချိုးနဲ့ ဆိုရင် သုံးဆနီးပါး တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။
လဝကရဲ့ရက် ၁၀၀ စီမံချက်မှာ ဦးစားပေး လုပ်ငန်းတစ်ခုအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နဲ့အညီ နိုင်ငံသားစီစစ်ရေး လုပ်ငန်းကို ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန်ကြီးဌါနက လွှတ်တော်မှာ ပြော။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အတွက် ဝန်ကြီးဌာနသစ်တခု ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ က ပြည်ထောင်စု လွှတ်တော် ကို ဒီကနေ့ သဝဏ်လွှာပေးပို့ အကြောင်းကြားပါတယ်။
ခွင့်ပြုချက် တောင်းခံရန် မလိုဘဲ သက်ဆိုင်ရာကို အသိပေးရုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်းစွာ စုဝေးခြင်း နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အမြန်ရပ်စဲရေးအတွက် လွှတ်တော်တွင်းအရေးကြီးအဆိုကို မှတ်တမ်းအနေနဲ့သာထားဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
ပါတီကနေ ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် မကြာမီ ကျင်းပမယ့်ပါတီညီလာခံဆုံးဖြတ်ချက်အဖြေကို လက်ခံကာရှေ့ဆက်မယ့် လမ်းစဉ်တွေကို စဉ်းစား သွားမယ်လို့ သူရဦးရွှေမန်းကပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်