MPC ကို ပြင်ဆင်ဖွဲ့စည်းပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံ တရပ်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမယ်လို့ JMC နဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောကြားချက်အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေ ပါဝင်တယ်လို့ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ပြီး သူ့အစိုးရလက်ထက်ဝန်ကြီးဟောင်းအချို့နဲ့အတူ ဖွံဖြိုးရေးစင်တာတခု ထူထောင်မယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံထားမယ့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်အတွင်း အတည်ပြုရေးဆွေးနွေးကြရာမှာတော့ ဥပဒေကြမ်းပါ အချက်အတော်များများကို တပ်မတော်သားကိုယ်စားလှယ်တွေရော စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ကြံခိုင်ရေးပါတီကပါ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရဖွဲ့စည်းဖို့ ဒီကနေ့ပဲ လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ ဝန်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှာ အရင်တုန်းက အစိုးရဝန်ထမ်းဟောင်းတွေ ပါဝင်နေတဲ့ အတွက်လည်း NLD အစိုးရသစ် အနေနဲ့ မျှော်လင့်ထားသလောက် အုပ်ချုပ်ရေးမှာ ထိရောက်နိုင်ပါ့မလား စိုးရိမ်သူတွေလည်း ရှိနေပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်မှု ရှိတယ်ဆိုပြီး ကန့်ကွက်တဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ထားမယ့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ အများစုမဲနဲ့ အတည်ပြုလိုက်ပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ်အဖြစ် ထားရှိမယ့် ဥပဒေကြမ်းတရပ်ကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
"ကျနော်တို့ ပြန်လည်ဖွဲ့စည်းရေးလုပ်မှာပါ။ ဒါပေမဲ့ လက်ရှိကတော့ အတွင်းရေးမှူး ၅ ဦးက ဦးဆောင်မှာ။"
တိုင်းနဲ့ ပြည်နယ် ၁၄ နေရာအတွက် ဝန်ကြီးချုပ်တွေကို ဒီကနေ့ သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှာ ခန့်အပ်ဖို့ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က အဆိုပြုလိုက်ပါပြီ။
သမ္မတသစ်နဲ့ လွှတ်တော် ဥက္ကဋ္ဌတွေက အမည်စာရင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အချို့ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်က မဲခွဲအဆုံးဖြတ် အတည်ပြုလိုက်ပါပြီ။
"တပ်မတော်အနေနဲ့ နိုင်ငံတော် နဲ့ ပြည်သူလူထုအကျိုးစီးပွား ဖြစ်ထွန်း အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း"
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၀ နဲ့အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို ဖဲ့ွစည်းနိုင်ဖို့ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၉ ဦးရဲ့ အမည်စာရင်းကို သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အစိုးရသစ်လက်ထပ်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးစာရင်းတွေကို ဒီကနေ့မှာ လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ်မှာ ဝန်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းမယ့် အစီအစဉ်ကို ဒီကနေ့ပဲ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
"ပေါင်းစပ်ဖွဲ့စည်းတဲ့အတွက် လုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ ထိရောက်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် ကြာမြင့် တဲ့ အချိန်ကာလကို လျှော့ချနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်။"
မကြာခင်တာဝန်လွှဲပြောင်းယူတော့မယ့် သမ္မတသစ် ဦးထင်ကျော်က သူဖွဲ့စည်းမယ့် အစိုးရသစ်လက်ထပ်မှာ ဝန်ကြီးဌာန ၂၁ခုသာ ထားရှိမယ်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာတင်ပြသွားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တဲ့အပေါ် ဝေဖန်ပြောဆိုတာတွေထွက်နေပြီး၊ သူ့မိသားစုဝင်တချို့ရဲ့နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်းထွက်နေပါတယ်။
လွှတ်တော် ၂ရပ် ဒုသမ္မတတွေကို မဲပေးရွေးချယ်ရာ NLD က အဆိုပြုထားသူနှစ်ဦးပဲ အပြတ်အသတ်အနိုင်ရပြီး တပ်မတော်အစုအဖွဲ့ဘက်က လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် ရွေးချယ်တာကြောင့် ဒု သမ္မတ သုံးဦး ထွက်ပေါ်လာပါပြီ။
အဲ့ဒီ့ဒုတိယ သမ္မတလောင်း သုံးယောက် ထဲကမှ ပြည်ထောင်စု လွှတ်တော်မှာ မဲပေးပြီးတော့ ရွေးရမယ်။ မဲအများဆုံးလူ ကတော့ သမ္မတဖြစ်မယ်။ ဒုတိယ မဲအများဆုံးက ဒုတိယသမ္မတ (၁) ဖြစ်မယ်။ တတိယမဲအများဆုံးသူက ဒုတိယသမ္မတ(၂) ဖြစ်မယ်။
ဒီသီတင်းပတ်ထဲ ဒု သမ္မတ ရာထူးအတွက် အမည်စာရင်း တင်သွင်းရာမှာ တပ်မတော်သားတွေကို ကိုယ်စားပြုရွေးချယ်ခံရမယ်ဆိုရင် အမျိုးသား နိုင်ငံရေးအတွက် ဆောင်ရွက် မှာ ဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်းတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်