ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ ရှုံးနိမ့်သွားပါပြီ။ အစိုးရအနေနဲ့ ကော်မရှင်ဟာ တည်ဆဲ ဥပဒေကိုကျော်လွန်လုပ်ဆောင်ကာဖွဲ့စည်းထားတယ်လို့ စွပ်စွဲမှုတွေရှိခဲ့သလို မူဆလင်အချို့ကလည်း ရခိုင်အရေးကို ခုလိုလုပ်ဆောင်တာဟာ မသင့်တော်တဲ့လုပ်ရပ်တခုဖြစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
“နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လို့ အချုပ်အခြာအာဏာကို လုံးဝ ထိခိုက်ခံမှာမဟုတ်ပါဘူး။"
အာဏာရှင်အစိုးရအဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာ လက်ကိုင် တုတ် တခုသဖွယ် အသုံးပြုခဲ့တဲ့ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်ဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။
သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ကြံခိုင်ရးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် အတော်များများ ပါတီခေါင်းဆောင်ပိုင်းကနေ အနားယူလိုက်ကြပါတယ်။
အစိုးရသစ်အနေနဲ့ အဂတိလိုက်စားမှုကိုမတိုက်ဖျက်နိုင်သေးသမျှ မူခင်းကျဆင်းဖို့လုပ်ဆောင်မှုဟာ ထိရောက် နိုင်မှာ မဟုတ်တာကြောင့် ထိရောက်စွာကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆပ်ရန်ပြည်ပချေးငွေ လက်ကျန်ငွေမှာ ကန်ဒေါ်လာသန်း ၉၀၀၀ကျော်ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
မပြီးပြတ်သေးတဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ နယ်နမိတ်တိုင်းတာမှုကို ဒီနှစ်အတွင်းမှာ အပြီးသတ်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။
"ဆွေးနွေးတာအားလုံးက နံပါတ် (၁) ကတော့ အားလုံးပါဝင်ရေးကို အစိုးရဘက်က ဆက်ပြီး ဆွဲကိုင်ပြီးတော့ ဒီနည်းလမ်းအတိုင်း ဆက်ပြီး ညှိနှိုင်းနေတာရှိတယ်။ တိုးတက်မှုတွေလည်း အများကြီးရှိသလို ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့ ကျန်တာတွေလည်း ရှိပါတယ်။" (ဦးလှမောင်ရွှေ)
"ဘတ်ဂျက်တွေကို ဘူဖေးစားသလို မကုန်နိုင်မခန်းနိုင်ယူထား၊ ကုန်အောင်မသုံးနိုင်ရင် ပြန်အပ်မယ်။ တကယ်လိုတဲ့လုပ်ငန်းတွေကျတော့ ငွေမရခဲ့ဘူး။ မသုံးနိုင်ခဲ့ပါဘူး။.." (ဦးအောင်မင်း-ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်အနေနဲ့ အဂတိ လိုက်စားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လိုအပ်နေပြီလို့ ပြည်သူ့လွှတ်တော်မှာ လွှတ် တော်ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။
သြဂုတ် ၈ရက်နေ့ကို “မြန်မာနိုင်ငံ ဒီမိုကရေစီနေ့” အဖြစ်သတ်မှတ်ပေးဖို့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားသူတွေကတညီတညွှတ်ထဲ တောင်း ဆို လိုက်ပါတယ်။
လူမျိုးကိုအခြေခံပြီး အမျိုးသားပြည်နယ်တွေနဲ့ စုဖွဲ့တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံမူကြမ်းအတွက် အခြေခံမူတွေကို ဒီကနေ့မိုင်ဂျာယန် ညီလာခံမှာ ဆွေးနွေး သဘောတူညီလိုက်ပါတယ်။
“အပစ်ရပ်၊ အပစ်မရပ်အဖွဲ့ဆိုတဲ့ ကန့်သတ်ချက်တွေဟာ မိမိတို့တိုင်းရင်းသားတွေကြားမှာမရှိသင့်ပါဘူး။”
သန်းခေါင်စာရင်းကောက်ယူမှုမှာ ကိုးကွယ်မှုဘာသာအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဒီကနေ့ တရားဝင် ထုတ်ပြန်လိုက်ပေမဲ့လည်း ပြည်နယ်အချို့မှာ သန်းခေါင်စာရင်းကောက်ခံမှု အခက်အခဲတွေရှိခဲ့တဲ့ အတွက် ဒီကိန်းဂဏန်းဟာ တိတိကျကျမှန်ကန်မှု ရှိနိုင်မှာမဟုတ်ဘူးလို့ လူဝင်မှုကြီးကြပ်ရေးကပြောပါတယ်။
"မတူညီတဲ့အဖွဲ့အစည်းကြားထဲမှာ သဘောထားအားလုံးကူညီဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အလုပ်ပါ။ အဲဒီလိုအခက်အခဲတွေရှိလာမယ်ဆိုရင် ငြိမ်းချမ်းရေးညီလာခံမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တက်နိုင်သမျှ မိုင်ဂျာယိုင်အစည်းအဝေးကို မလုပ်စေချင်ဘူး။"
၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေးမူဘောင်ရေးဆွဲရာမှာ အားလုံးတန်းတူမပါဝင်နိုင်ဘူးဆိုရင် ကျင်းပမယ့် ညီလာခံဟာ အောင်မြင်ဖို့ ခက်ခဲမယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ VOA သတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။
“အားလုံး တန်းတူညီမျှပါဝင်နိုင်ခြင်း မရှိရင် အားလုံးက လက်ခံသဘောတူထားတဲ့ Framework ဖြစ်မလာဘူးဆိုရင် ညီလာခံကို ကျင်းပတဲ့အခါမှာ ကျနော်တို့ကိုယ်စားလှယ် အနေအထားနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့အခါမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။”
“အခွင့်အရေးကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်သမားရေးရာ ဥပဒေတွေ အတိုင်း ကျွန်တော်တို့ အခွင့်အရေး အပြည့်ပေးမှာ ဖြစ်ပါတယ်။သူတို့ နိုင်ငံမှာ ဒီဥပဒေ ရှိလို့ ဒီစံနှုန်းရှိလို့ အဲဒီဟာကို ခံစားခွင့်၊ အသုံးပြုခွင့်တွေတော့ ကျွန်တော်တို့ ပေးမှာ မဟုတ်ပါဘူး။ ”
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ် တာကြောင့် နောက်ပိုင်း တစုံတရာသော ပြဿနာအရှုပ်အရှင်းရှိလာမယ်ဆို ရင် ကျူးလွန်တဲ့ အတိုင်း တည်ဆဲဥပဒေ ပုဒ်မနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာန က ပြောဆို လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်