NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီညွတ်ရေးအစိုးရတရပ် ဖွဲ့စည်းမယ်ဆိုပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ကြိုးပမ်းနေပေမဲ့ အခြေအတင်ဖြစ်စရာတွေ ကြုံနေရပါတယ်။ သဘောထားကွာဟချက်တွေရှိနေတာကို ဘယ်လို ကျော်လွှားနိုင်ပါမလဲ။ သတင်းထောက်မှတ်စုမှာ မေခ တင်ပြထားပါတယ်။
ရန်ကုန်မြို့ကို တရားဝင် အထောက်အထားမရှိဘဲ ရောက်လာသူတွေအဖြစ် ရိုဟင်ဂျာ ၁၀၀ နီးပါးကို ဖမ်းဆီးမိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် ၆ ယောက်ကို စစ်ဆေးတွေ့ရှိပြီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
ရွှေပြည်သာမြို့နယ်မှာ တရားမဝင် ရောက်ရှိနေသူတွေအဖြစ် အာဏာပိုင်တွေ ဒီသီတင်းပတ်ထဲမှာပဲ ထိန်းသိမ်းလိုက်တဲ့ ရိုဟင်ဂျာ ၉၉ ယောက် အနက် ၅ ယောက်မှာ ကိုဗစ်ရောဂါကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ထိန်းသိမ်းခံရသူတွေကိုတော့ လတ်တလော ကွန်ပြူတာ တက္ကသိုလ်မှာ ထိန်းသိမ်းထားပြီး ကိုဗစ်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့နဲ့ အချက်အလက်တွေ သိရှိနိုင်အောင် စစ်ဆေးနေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြန်ကြားရေးတာဝန်ခံ ရဲမှုးကြီးဇော်မင်းဦးကပြောပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ်တရပ် မဖွဲ့စည်းခင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးပမ်းနေပေမဲ့ သဘောထားကွဲလွဲစရာတွေ ကြုံနေရတဲ့အပေါ် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးပါမယ်။
အိန္ဒိယနိုင်ငံက ဝယ်ယူမယ့် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ရှေ့လကျရင် စတင်အသုံးပြုနိုင်တော့မှာ ဖြစ်တာကြောင့် ဦးစားပေးအဖြစ် ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးနှံပေးဖို့ စီစဉ်နေတာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ လနဲ့ချီ ပိတ်ထားတဲ့ ပြည်ပလေကြောင်းခရီးစဉ်တွေကို မကြာခင်ပြန်လည် ခွင့်ပြုတဲ့အခါ နိုင်ငံ ၄ နိုင်ငံနဲ့ စတင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကူးစက်မှု တည်ငြိမ်တဲ့အနေအထား ရောက်လာပြီဖြစ်တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးနည်းစနစ်ကို ပြောင်းလဲကျင့်သုံးရေး ရှေ့ပြေးစီမံကိန်းအနေနဲ့ လုပ်ကိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်လိုက်တာနဲ့ပတ်သတ်လို့ ပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမြင်တွေကို ဗွီအိုအေ သတင်းထောက် မမေခ ကစုစည်းတင်ပြထားပါတယ်။
နိုင်ငံတကာနဲ့အွန်လိုင်းကနေ ဈေးရောင်းဝယ်တာ၊ ဖေ့ဘုတ် လူမှုကွန်ယက်မီဒီယာမှာ ဈေးရောင်းချတာစတာတွေနဲ့ပတ်သတ်လို့ လိုက်နာရမယ့် e-Commerce Guidelines တခုကို ဒီနှစ်မကုန်ခင်ထုတ်ပြန်မှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို ဒီတပတ်ထဲ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပေမဲ့ အများပြည်သူအသုံးပြုနေကြတဲ့ မီးရထားတွေနဲ့ အဝေးပြေးကား လုပ်ငန်းတွေကိုတော့ ကန့်သတ်ထားဦးမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ရွေးကောက်ပွဲမှာ နောက်တကြိမ် အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုတိုးတက်လာဖို့ မီဒီယာအသိုင်းအဝန်းက မျှော်လင့်နေတဲ့အကြောင်း ပြောပြပါမယ်။
တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့နေရာတွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ်ဖို့ တပ်မတော်က အချက်အလက်တွေ တောင်းခံနေတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လိုက်တဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရဆေးရုံတွေမှာ သာမက ပုဂ္ဂလိက ဆေးရုံတွေမှာပါ လူနာတွေကို ကုသမှုပေးဖို့ မကြာခင် ခွင့်ပြုတော့မှာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသား အထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ မိသားစုတွေ မဲဆန္ဒပေးခဲ့ကြတဲ့ နယ်မြေတွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တပ်မတော်က ပြန်လည်စိစစ်ရာမှာ ရွေးကောက်ပွဲကော်မရှင်က ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ပြောပြပါမယ်။
အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမဲ့လည်း တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြန်စိစစ်မယ်လို့ တပ်မတော်တာဝန်ရှိသူ တစ်ယောက်က ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကဲခတ်တွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းကျင်းပခဲ့ပေမဲ့ မသမာမူတွေ၊ မမျှတမှုတွေ ရှိခဲ့တယ်ဆိုပြီး ဆက်လက်ထွက်ပေါ်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်