ရှမ်းပြည်နယ်မှာ ဒေသခံ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနေအိမ် ပစ်ခတ်ခံခဲ့ရပြီး လုံခြုံရေးတိုးမြှင့်ထားပါသည်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နေအိမ်ကို နိုဝင်ဘာ ၁၄ ရက်ညက သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
ရွေးကောက်ပွဲမှာ အားနည်းချက်တွေ၊ မသမာမှုတွေ ရှိတယ်ဆိုပြီး အတိုက်အခံ နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိတဲ့ စွပ်စွဲချက်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူတွေကြားမှာတော့ ရွေးကောက်ပွဲ အပေါ် သုံးသပ်ဝေဖန်ချက်တွေ အမျိုးမျိုး ရှိနေပါတယ်။ ဒါတွေကို စုစည်းတင်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ စိန်ခေါ်မှုတွေ ကြားမှာပဲ မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရနဲ့ လွှတ်တော်သစ်အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို တင်ပြပါမယ်။
ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ သို့သော်လည်းပဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေတာလည်း အထင်အရှားပါ။... (ဒေါက်တာရန်မျိုးသိန်း)
မရမ်းကုန်းမြို့နယ်တွင်းက မဲရုံနံပါတ် ၁၀ မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာ မှားယွင်းမဲကောက်ယူမိခဲ့တဲ့အတွက် အယောက် ၈၀ ကျော် မဲပြန်ပေးဖို့ လုပ်ဆောင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ သက်ကြီးပိုင်း ကြိုတင်မဲတွေအားလုံးရဲ့ ထက်ဝက်ကျော် ကောက်ခံပြီးစီးသွားပြီလို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပါမယ်။
မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်မတော်က ဝေဖန်လိုက်တဲ့အပေါ် အစိုးရတာဝန်ရှိသူက ဒီနေ့ပဲ တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကို တနှစ်ကျော်ကြာတိမ်းရှောင်နေရာက အာဏာပိုင်တွေထံ အဖမ်းခံဖို့ ထွက်ပေါ်လာတဲ့ ဦးဝီရသူကို သာသနာရေး ဝန်ကြီးဌာနက အရေးယူကိုင်တွယ်မယ့် အစီအစဉ်ကို ပြောပြပါမယ်။
ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲနေ့မှာ မဲမပေးနိုင်တဲ့သူတွေအတွက် ကြိုတင်မဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစ ကောက်ယူရာမှာ အခက်အခဲတွေ၊ လွဲမှားမှုတွေနဲ့ မသမာမှုသတင်းတွေနဲ့အတူ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်သူတွေ အပါအဝင် နိုင်ငံအဝန်း ကြိုတင်မဲတွေ စပေးနေရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ဟာလည်း မဲဆန္ဒနယ်ပြင်ပမှာ ရောက်ရှိနေသူတွေအဖြစ် နေပြည်တော်မှာ မဲပေးခဲ့ကြတာပါ။
ရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်ကျော်လောက်သာ လိုတော့တဲ့ အချိန်မှာ မဲဆန္ဒနယ်မြေ အပြောင်းအလဲတွေ အပါအဝင် ပြင်ဆင်မှုတွေအပေါ် အကဲခတ်တွေက စိုးရိမ်မှုတွေ ရှိနေတဲ့အေကြာင်း ပြောျပပါမယ်။
ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရတာကြောင့် ဒီနှစ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ့်သူတွေအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အစီအစဉ်သစ်တွေကို ပြင်ဆင်နေတာပါ။
မြန်မာနိုင်ငံဆိုင်ရာ သံရုံးမရှိတဲ့ နိုင်ငံတွေမှာ ရောက်နေကြသူတွေ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့် ပိုရလာတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တာပါ။
ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ကြေညာထားတဲ့ မဲဆန္ဒနယ်မြေတွေအထဲက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက အခြေအနေတွေကို ပြန်လည်သုံးသပ် ထုတ်ပြန်ပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတာကြောင့် တိုင်းရင်းသား ဒေသတွေက မဲပေးမယ့်လုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့အခြေအနေကို ပြောပြပါမယ်။
ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ကြီးပိုင်းမဲဆန္ဒရှင်တွေ အိမ်မှာနေရင်း ကြိုတင်မဲပေးနိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကိုယ့်ဒေသမပြန်နိုင်ဘဲ ဖြစ်နေတဲ့သူတွေ ရောက်ရာအရပ်မှာ ကြိုတင်မဲပေးခွင့်ပြုမှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တာကို တင်ပြပါမယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၁ လသာ ကျန်တော့တဲ့ အချိန်မှာပဲ တိုင်းရင်းသားဒေသတွေက နိုင်ငံရေးပါတီတွေ အခက်အခဲပေါင်းစုံ ကြုံနေရတဲ့ အခြေအနေကို ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်