မြန်မာနိုင်ငံရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ ဗုဒ္ဓဘာသာဆရာတော်ကြီးတွေ တွေ့ဆုံပွဲမှာတော့ ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားပြီး၊ ဘာသာရေးမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံသွားကြဖို့ နှစ်ဖက် ဘာသာရေးခေါင်းဆောင်တွေ ကမိန့်ကြားခဲ့ကြပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနသစ်၂ခုအတွက် ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပါအဖွဲ့ဝင်တို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ် ဒီလိုဝန်ကြီးဌာန အသစ်တွေနဲ့ ကော်မရှင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ကြာသပတေးနေ့က ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြုလိုက် တာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေထွက်သွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး အစီအမံတွေနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် ၂ နိုင်ငံကြား ဒီကနေ့ကြာသပတေးနေ့မှာ သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။
ရခိုင်အရေးကိစ္စနဲ့ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ မြန်မာအစိုးရအနေနဲ့ ဝန်ကြီးဌာန အသစ်နှစ်ခုကို တိုးချဲ့ဖွဲ့စည်းပြီး၊ ဝါရင့်သံတမန်တွေကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှု နှေးကွေးနေသလို ရင်းနှီးမြှုပ်နှံမှုတွေ တံ့ နေတယ်လို့ နိုင်ငံတကာစစ်တမ်းတချို့မှာ ဖော်ပြကြပါတယ်။ ဒီအပေါ် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သုံးသပ်ချက်က ဘယ်လိုရှိပါလဲ။ ဒီတပါတ်သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခက တင်ဆက်ပေးထားပါတယ်။
တပ်မတော်နဲ့ AA ရခိုင်တပ်တို့ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်အပြစ်မဲ့ပြည်သူများ အနည်းဆုံး ၃၀၀ကျော် စစ်ဘေးသင့်နေရတယ်လို့ ချင်းပြည်နယ် အစိုးရဘက် ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိသလိုပဲ၊ တပ်မတော်ဖက်မှာလည်း အထိအခိုက်ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမေခက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။
မြန်မာ အစိုးရရဲ့အားထုတ်ကြိုးပမ်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လစ်လျူရှုထားတဲ့ အတွက် မြန်မာ အစိုးရဘက်က စိတ်မသက်မသာ ဖြစ်စေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူဘက်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ရခိုင် အရေးနဲ့ပတ်သတ်ပြီး နိုင်ငံတကာမီဒီယာတွေအနေနဲ့ ဘက်တဖက်ထဲကအသံတွေကိုဘဲ ထုတ်ဖော်ရေးသား တာမျိုးမလုပ်ဘဲ ၂ဖက်မ ျှတအောင်ရေးဖို့ တိုက် တွန်းလိုက်ပါသေးတယ်။
အာရှခရီးစဉ် အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အနေနဲ့ ရခိုင်ပြဿနာတခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းမှာ အရေးတကြီးဖြေရှင်းဖို့လိုတဲ့ ကိစ္စတွေကို လည်း ဦးစားပေးဆွေးနွေးဖို့ မြန်မာ့အရေးဆောင်ရွက်နေသူတွေက တိုက်တွန်း လိုက်ပါတယ်။
နိုဝင်ဘာ ၂ ရက် ကြာသပတေးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် ကို ကြိုတင်ကြေညာ ထားခြင်းမရှိဘဲ မောင်တောနဲ့ ဘင်္ဂလားဒေရ်ှ့နယ်စပ် ကုန်သွယ်ရေးဇုန်အထိ နေ့ချင်းပြန်သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အကြမ်းဖက်ခံခဲ့ရအပြီး ပျက်ဆီးခဲ့တဲ့ မောင်တောဒေသမှာရှိတဲ့ ကျေးရွာတွေကို လိုက်လံကြည့်ရှုခဲ့သလို အကြမ်းဖက်ခံရတဲ့ နေရာက မတူညီတဲ့ လူမျိုးစုတွေကို လည်း တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းနေပေမဲ့ နှောင့်နှေးမှာကို စိုးရိမ်တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ ပြန်လည်လက်ခံရေးပိုင်းမှာ မြန်မာ အစိုးရဘက်က အသင့်ရှိနေပေမယ့် ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ သဘောတူညီမှု မရသေးတာကြောင့် ဒုက္ခသည်တွေ ကို ပြန်လည်လက်မခံနိုင်သေးတာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ရခိုင်ပြည်နယ၊် မောင်တောမြို့ ၊ မြို့မမြောက်ရပ်ကွက် မြောင်းကူးတံတားအောက်ကနေ လက်လုပ်ဗုံး ၄၀လုံးကို တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးကိုမျက်ခြေမပြတ်ကြည့်နေတယ် လို့ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ် ။ ရခိုင်ပြည်နယ် မောင်တော နယ်မြေတွေကနေ တပ်မတော်စစ်ကြောင်း တချို့ရုပ်သိမ်းထားချိန်မှာအခုလို ဖောက်ခွဲရေးပစ္စည်း အမြောက်အမြားကို တွေ့ရှိတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကျပ်အတည်းအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ တောင်းဆိုမှုတွေနဲ့ အရေးယူမှုတွေဟာ ရခိုင်ပြဿနာကိုဖြေရှင်းရာမရောက်ဘဲ မြန်မာ့အသွင်ကူးပြောင်းရေးနဲ့ မြန်မာပြည်သူတွေအပေါ်သာ အခက်အခဲတွေပိုကြုံစေရတယ်လို့ မြန်မာဘက်က တုန့်ပြန်လိုက်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီး အဖွဲ့၉ ဖွဲ့ကာထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်သွားဖို့ ဖွဲ့စည်းလိုက်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ကိုစတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားမှာ ဘင်္ဂလားဒေ့ရှ်ဖက်ရောက်နေသူတွေကို အမြန်ဆုံးပြန်ခေါ်ဖို့နဲ့ ရခိုင်ဒေသမှာ သူတို့ကို အမြန်ဆုံးပြန်လည်နေရာချထားဖို့ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြပါတယ်။ ၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးခုလိုသဘောတူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နားလည်မှုစာချွန်လွှာ ၂ ခုကိုလည်း လက်မှတ်ထိုး ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးတဲ့အခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပြန် လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသကြားမှာ ရှိတဲ့ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့ အတူဖမ်းမိထားတဲ့ ACE ကုမ္ပဏီပိုင်ရှင် အပါအဝင် ၄ဦးကို နိုင်ငံတော် လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ ထပ်မံအမှုဖွင့်လိုက်ပါတယ်။ နောက်ထပ် ပုဒ်မ ၃ခုနဲ့ထပ်ဖွင့်လိုက်တာ ဖြစ်ပြီး အခုချိန်ထိသေနတ်တွေ လက်ဝယ်ထားရတဲ့အကြောင်းရင်းနဲ့ အမှုစစ်ဆေးရရှိမှု အသေးစိတ်ကို အာဏာပိုင်တွေဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။
နှစ်တနှစ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲမှု ဘတ်ဂျက် နှစ်ကို လာမယ့်နှစ်ကနေစတင်ပြီး ပြင်ဆင်သတ်မှတ်သွားတော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ပြန်လည်ပြောင်းလဲမယ့် နှစ်သတ်မှတ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀နီးပါးက ကျင့်သုံးခဲ့တဲ့ အောက်တိုဘာ ၁ရက်ကနေ နောက်နှစ် စက်တင်ဘာ ၃၀ရက် နေ့ထိကို နှစ်တနှစ်ရဲ့ ဘတ်ဂျက်နှစ်အဖြစ် ပြန်လည်ကျင့်သုံးမှာဖြစ်ပါတယ်။
NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့ (PPST)ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တိုနဲ့ ဒီနေ့မှာ သီးခြားစီတွေ့ဆုံပြီး NCA ပါ ငြိမ်းချမ်းရေးသဘောတူညီချက်များ အကောင်အထည်ဖော်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်မှာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပသွားတာ အဲဒီလိုလုပ်လို့ လက်တွေ့အကျိုးအမြတ်ရမှာ သေချာပါလား။ ရခိုင်ပဋိပက္ခကနေ လူမျိုးရေး၊ဘာသာရေး တင်းမာမှုတွေ ဆက်မဖြစ်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲတွေကို နိုင်ငံတဝန်းမှာ ကျင်းပနေကြတာဖြစ်ပါတယ်။ မမေခ တင်ပြပေးထားပါတယ်။
သမိုင်းဝင် အမွေအနှစ် စေတီပုထိုးတွေ မပျက်စီးဖို့နဲ့ ကားကြပ်တည်းမှုပြဿနာတွေ ပြေလည်စေဖို့ ရန်ကုန်မြစ်အတွင်းကနေ သာ ကုန်စည်တွေ သယ်နိုင်ဖို့ စီစဉ်သွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်