အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ကျေးရွာသား အချို့ဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ခွာသွားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။ ဒီကျေးရွာသားတွေမထွက်ခွာကြဖို့ တာဝန်ရှိသူတွေဖက်က ဖျောင်းဖျရှင်းလင်းခဲ့ပေမယ့်၊ ဒီရက်ပိုင်းအတွင်းမှာတင် ခန့်မှန်းချေ နှစ်သောင်းလောက် တဖက်နိုင်ငံကို သူတို့ဆန္ဒနဲ့သူတို့ ထွက်ခွာသွားကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အစိုးရဘက်ပိုင်းက ဒီလိုထွက်ခွာမယ့်သူတွေကို သူတို့တောင်းဆိုတဲ့ စားဝတ်နေရေးအခက်အခဲ ၊ လုံခြုံမှု အခက်အခဲတွေ ဖြေရှင်းပေးမယ်ဆိုကာ အမျိုးမျိုးဖြောင်းဖျပြောဆိုခဲ့ပေမယ့် တဖက်နိုင်ငံကိုသာ ကိုယ့် သဘောနဲ့ သွားရောက်လိုတယ်လို့ ဆိုတာကြောင့် အာဏာပိုင်တွေဘက်က ခွင့်ပြုခဲ့ရတယ်။
အကြမ်းဖက် မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းကို ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန် တွေကို သွားရောက် လေ့လာနိုင် ဖို့အစိုးရ တာဝန်ရှိသူတွေ က စီစဉ်နေပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အကြမ်းဖက်မှုတွေဖြစ်နေတဲ့ ရခိုင်ဒေသမှာ နိုင်ငံတကာက ပြောဆိုဝေဖန် နေသလို လုမျိုးတုံးသတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ စုံစမ်းဖို့သွားရောက်နေပါတယ်။ ကနဦးတွေ့ချက်အရ နိုင်ငံတကာစွပ်စွဲပြောဆိုနေတဲ့ လုမျိုးတုံးသတ်ဖြတ်မှုကို အမှန်တကယ်ကျူးလွန်သူတွေဟာ အစွန်းရောက် ARSA အကြမ်းဖက်သမားတွေသာဖြစ်ကြောင်း တွေ့ရတယ်လို့ပြောပါတယ်။
စစ်တွေ၊ ဘူးသီးတောင်အပါအဝင် တည်ငြိမ်မှုမရှိသေးတဲ့ ရခိုင်ပြည်နယ်တွင်း နေရာတော်တော်များများမှာ လုံခြုံရေးတိုးမြှင့်ချထားပေမယ့် ဒီကနေ့ ဘူးသီးတောင်မြို့နယ် မီးကျောင်းခေါင်းဆွဲ ကျေးရွာက ဗလီတခုအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
တပ်မတော် အနေနဲ့ရခိုင်ဒေသအတွင်း အကြမ်းဖက်သမားတွေကို စစ်ဆင်ရေးလုပ် ဆောင်တာမှာ နိုင်ငံတကာက စွပ်စွဲတဲ့အတိုင်း ဒေသခံတွေအပါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
မကွေးတိုင်း တောင်တွင်းကြီးမြို့နဲ့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်တွေဟာ ဘာသာရေး လူမျိုးရေးလှုံဆော်မှုတွေအဖြစ် တနိုင်ငံလုံးကို ပြန့်နှံကူးစက်နိုင်တဲ့ အရေးတကြီးအခြေအနေ မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့သမ္မတရုံး ပြန်ကြားရေးတာဝန်ခံ ကပြောဆိုလိုက်ပါတယ်။
တောင်တွင်းကြီးမြို့မှာရှိတဲ့ မွတ်ဆလင်ဗလီတခုအနီးမှာ ဆိုင်အချို့ကို ဖျက်ဆီးခဲ့တဲ့သူတွေလို့ သံသယရှိသူ ပေါင်း ၅ဦးကို စစ်ဆေးမေးမြန်းပြီး ကွင်းဆက် တရားခံတွေကို ဆက်လက်ဖော်ထုတ်ဖို့ လုပ်နေတယ်လို့ အစိုးရဘက်ကတာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မောင်တောအခြေအနေကို ကိုင်တွယ်နိုင်ဖို့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး အမြန်ဆုံးခေါ်ယူဖို့ကို တပ်မတော်က အစိုးရကို တိုက် တွန်းလိုက်ပါတယ်။ တပ်မတော်အနေ နဲ့ မောင်တောဒေသကို ကိုင်တွယ်တာမှာ အစိုးရရဲ့အဆုံးအဖြတ်နဲ့ ကိုင်တွယ်နေ တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး၊ ဂျနီဖာကွန်ဖန်းရှင်းကချမှတ်ထားတဲ့ အချက်တွေအပြင် ပြည်တွင်းဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်လျက်ရှိ တယ်လို့ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီကနေ့တရက်ထဲ တင် မိုင်း ၁၄လုံးပေါက်ကွဲ ခဲ့ပါတယ်။ မောင်တောမြို့ပေါ်က ဇောတိကာရုံ ပရဟိတ ဘုန်းတော်ကြီး ကျောင်းဝင်းအနီးမှာ လက်နက်ငယ် ဖြင့်ပစ်ခတ်ခဲ့တဲ့ အတွက် တဦးသေဆုံး ပြီး တဦး ဒဏ်ရာရသွားတယ်လို့ အဲဒီဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်က ပြောပါတယ်။
သြဂုတ်လ ၂၄ရက်နေ့ညက မောင်တောခရိုင်အတွင်း ရဲစခန်း နေရာ ၃၀ကို အစွန်းရောက် အကြမ်းဖက်သမား များက တပြိုင်နက်တိုက်ခိုက်လာတဲ့ အပေါ် ကုလသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မောင်တောခရိုင်မှာ အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက် မူတွေပိုမို လုပ်ဆောင်လာတဲ့ အတွက် ဥပဒေနဲ့အညီ ဒီထက်ပိုပြီး ထိထိရောက်ရောက်နှိမ်နင်းသွားမယ်လို့ ပြည်တဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီ ရင်ခံစာကို မြန်မာသမ္မတ ဦးထင်ကျော်ထံကို ပေးအပ်လိုက်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။
တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီး အရေးယူနိုင်ရေးအတွက် NLD အစိုးရဘက် စိတ်ဝင်စားမှု နည်းနေတယ်လို့ဦးကိုနီရဲ့ အကျိုးဆောင် ရှေ့နေဦးနေလက ပြောဆိုလိုက်သလို စုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့လည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ် ၃ ခု ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အကြမ်းဖက် လုပ်ဆောင်နေတဲ့ သူတွေနဲ့ အဖွဲ့တွေကို ဖော်ထုတ်ပြီး အကြမ်းဖက် ဥပဒေနဲ့ အရေးယူပေးဖို့ အမျိုးသား လွှတ်တော်မှာ လွှတ်တော်အမတ်တွေက မနေ့က တောင်းဆို လိုက်ကြပါတယ်။
ရခိုင်ပြည်နယ်တွင်းရှိ အကြမ်းဖက်သမားတွေခိုလုံနေတယ်လို့ ယူဆရတဲ့ မေယုတောင် တန်းပေါ်ကို နယ်မြေရှင်းလင်းရေးတွေ တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြည်တဲရေးဝန်ကြီး ဌာနကဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်။ ဒေသတွင်းမှာ အခြေအနေတွေတည်ငြိမ်မှု မရှိသေးပေမယ့် ဖွံ့ဖြိုးရေးကိုဆက်တိုက်လုပ်သွားမယ်လို့ ပြည်နယ် အစိုးရကပြောပါ တယ်။
ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းပေးဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေက တောင်းဆိုနေ ကြပေမယ့် ဒီပုဒ်မကို ဖျက်သိမ်းရေး အစား၊ ပြင်ဆင်ရေးကိုပဲလုပ်ဖို့ အမျိုးသားလွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။
မနေ့ညနေပိုင်းက ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းဟာ ဒီကနေ့မှာတော့ မန္တလေးတရားရုံးတခုမှာ အာမခံနဲ့ ပြန်လွတ်လာပါပြီ။
H1N1လို့ခေါ်တဲ့ ရာသီတုပ်ကွေး ရောဂါဖြစ်ပွါး ပြန့်နှံမှု ဆိုင်ရာ အန္တရာယ်နဲ့ ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေး ဌာနနဲ့ လက်တွဲလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
လွိုင်ကော်ကနေ မန္တလေးကိုသွားတဲ့ကားတစီးအပေါ်မှာ သယ်ဆောင်လာတဲ့ လက်နက်တွေကိုမနေ့ညက မန္တလေးတိုင်းဒေသကြီး သာစည်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သေနတ် ၂၂လက်အပါအဝင် လက်နက်နဲ့ငွေသားတွေကို သယ်ဆောင်လာသူနှစ်ဦးကို မိတ္ထီလာအကျဉ်းထောင်မှာဖမ်းဆီးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်