သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးကူညီမယ့် စီးပွားလုပ်ငန်းရှင်များအဖွဲ့ဖွဲ့


ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၇၇,၀၀၀)လှူဒန်းစဉ် (အောက်တိုဘာ ၂၀-၂၀၁၇)
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၇၇,၀၀၀)လှူဒန်းစဉ် (အောက်တိုဘာ ၂၀-၂၀၁၇)

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီး အဖွဲ့၉ ဖွဲ့ကာထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်သွားဖို့ ဖွဲ့စည်းလိုက်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ကိုစတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ လုံခြုံရေးပိုင်းအာမခံချက် ရရင်လုပ်ငန်းတွေကိုစတင်လုပ်ကိုင်တော့မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်ကဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မေခက ပေးပို့ထားပါတယ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD အတွက် စီးပွားရေးလုပ် ငန်းရှင်တွေပါဝင်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ကတောင်းဆိုထားတာမှာ အခုလိုပါဝင်ဖို့ လုပ်ဆောင်လာတာဖြစ်ပါ တယ်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRDကို အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ငန်းရှင်တွေစုပေါင်းကာသက်ဆိုင်ရာကျွမ်းကျင်မှု အခန်းကဏ္ဍတွေအလိုက် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ကိုဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရဲ့ အတွင်းရေးမှုး ဦးအောင်ကြည်စိုး ကပြောပါတယ်။ ရခိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ရည်ရွယ်ထားတာနဲ့ပတ်သတ်လို့ ဦးအောင်ကြည်စိုးက ခုလိုပြောပြပါ တယ်။

“UEHRD အနေနဲ့ကတော့ သူတို့က လက်ရှိ ဟိုဘက်ကလာတဲ့ သူတို့တွေကို လက်ခံဖို့ပေါ့ ၊ နောက် Resettlement လုပ်ဖို့ပေါ့ ဒီဧရိယာတွေကို လောလောဆယ်မှာ Focus လုပ်ထားတယ်လို့ သိရပါတယ်ခင်ဗျ။ အခုဒီဟာကိုတော့ ညှိနှိုင်းရေးမှူးချုပ်ကဦးဆောင်ပြီးတော့ Private Sector တွေရဲ့ ပါဝင်မှုနဲ့ အဲလိုမျိုးသွား နေတဲ့သဘောပါပဲ သို့သော် Government မပါတာတော့ မဟုတ်ပါဘူး။”

ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တွေက အခြေခံအဆောက်အအုံ တည်ဆောက်ရေးအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးအဖွဲ့၊ စီးပွားရေးဇုန်ဖွံ့ ဖြိုးရေးအဖွဲ့၊ ပြန်ကြားရေးအဖွဲ့၊ အလုပ်အကိုင်ဖန်တီးရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ အသေးစားငွေကြေး ထောက်ပံ့ရေးအဖွဲ့၊ ဘဏ္ဍာငွေစုဆောင်းရေးအဖွဲ့၊ ခရီးသွားလုပ်ငန်းအဖွဲ့ စတာတွေဖြစ်ပါတယ်။

ဒီလိုဖွဲ့စည်းလိုက်တဲ့အဖွဲ့တွေဟာ လာမယ့် အောက်တိုဘာလကုန်မှာ အသီးသီး ရခိုင်ပြည်နယ်ဘက်ကို သွားကာ စစ်တမ်းတွေကောက်ယူ သွားဖို့ရှိတယ်လို့ ဦးအောင်ကြည်စိုးကပြောပါတယ်။ စတင်လုပ်ဆောင်တော့မယ့် လုပ်ငန်း တွေနဲ့ပတ်သတ်လို့ သူက

“ကျနော်တို့လက်ရှိပေါ့လေ လမ်းဖောက်မယ် ၊ အဆောက်အဦးဆောက်တာရှိမယ် တပြိုင်နက်တည်းမှာလဲ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကတော့ သက်ဆိုင်ရာ ကျနော်တို့ ဒေသကိုသွားပြီးတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိစ္စကိုတော့ Task Force တွေသွားကြပါမယ်။ သွားပြီးတော့ အဲဒီအပေါ်မှာ လိုအပ်သလို ဆောက်လုပ်ရေးအစီအစဉ်တွေဆွဲသွားမယ်လို့ သိရပါတယ်။ အဲဒီလိုပဲ Myanmar rice federation ကဦးစီးပြီးတော့ ရိပ်သိမ်းတာတွေ တချို့ရွာတွေကိုတော့ လုပ်နေပါပြီ ဒါကတော့ ရိပ်သိမ်းတဲ့အပိုင်းပေါ့နော် ၊ မွေးမြူရေးအပိုင်းကလည်း မွေးမြူလို့ရနိုင်တဲ့အပိုင်းတွေကို သေချာ ဆာဗေးဆင်းပြီးတော့ ဆက်ဆောင်ရွက်သွားဖို့လို့ သိရပါတယ်။”

ဒါပေမယ့်လက်ရှိမှာ ဖွံ့ဖြိုးရေးပိုင်းလုပ်မယ့်နေရာတွေက နယ်မြေလုံခြုံရေးပိုင်း အားနည်းတာတွေရှိနေဆဲပါ။ ဒါတွေက ဖွံ့ဖြိုးရေးလုပ်မယ့် လုပ်ငန်းရှင်တွေအတွက်တော့ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဦးအောင် ကြည်စိုးကတော့ အစိုးရနဲ့ဆက်လက်ဆွေးနွေးဖို့ရှိနေပြီး လုံခြုံရေးပိုင်းအာမခံချက်ရရင်လုပ်ငန်းတိုင်းကို စတင်လို့ ရနိုင်တယ်လို့ပြောပါတယ်။

“ဒါကတော့ အဲဒီဒေသပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအတိုင်းပေါ့ ၊ ဒါတွေကတော့ ရှိနေမှာပဲပေါ့လေ။ ဒါကိုလည်း ကျနော်တို့ ညှိနှိုင်းရေးမှူးချုပ် ကနေပြီးတော့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်လို့ ယနေ့သိရပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၇၇,၀၀၀) အမေရိကန် ဒေါ်လာ ၁၃ သန်းခွဲ လှုဒါန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG