တပိုင်တနိုင်လုပ်ပိုင်ခွင့်ပေးမယ့် ကျောက်မျက်ဥပဒေကြမ်းကို မကြာသေးခင်က အမျိုးသားလွတ်တော်မှာ ဆွေးနွေးအတည်ပြုလိုက်ပြီး ဒီဥပဒေဟာ လက်တွေ့လုပ်ကိုင်စားသောက်နေသူတွေအတွက် ဘယ်လိုအကျိုးရလဒ်တွေနဲ့ ဘယ်လိုအခက်အခဲတွေ ရရှိစေမှာပါလဲ။ မမေခက သတင်းထောက်မှတ်စုအစီအစဉ်မှာ တင်ပြပေးထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ကို စွဲချက်မတင်ဘဲ ပလပ်ဖို့ လျှောက်ထားခဲ့တာကို တရားသူကြီးက ဒီကနေ့ ပယ်ချလိုက်ပြီး သူတို့အမှုကို ဆက်လက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ တရားရုံးမှာ ကိုယ်တိုင် သတင်းယူခဲ့တဲ့ မေခက တင်ပြပေးပါမယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ကို စွဲချက်မတင်ဘဲ ပလပ်ဖို့ လျှောက်ထားခဲ့တာကို တရားသူကြီးက ဒီကနေ့ ပယ်ချလိုက်ပြီး သူတို့အမှုကို ဆက်လက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စကို အဓိကထား ဆွေးနွေးသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ၂ရက် ကြာမယ့် ဒီခရီးစဉ်အတွင်း Cox’s Bazar မှာ ရှိနေတဲ့ ဒုက္ခသည်တွေကိုပါ တွေ့ဆုံမှာ ဖြစ်တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံ အဆင့်မြင့် အရာရှိတဦးအနေနဲ့ ဘင်္ဂလားဒေရှ့်မှာ ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေကို ပထမဆုံးအကြိမ် သွားရောက် တာလည်း ဖြစ်ပါတယ်။
ဧပြီ ၈၊ ၂၀၁၈ - ဒီနေ့ မိုးကုတ်မြို့ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေနဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ ဘယ်လို ရှိပါလဲ။ VOA ဝိုင်းတော်သူ မမေခ က မိုးကုတ်မြို့အကြောင်းကို အထူးအစီအစဉ်အနေနဲ့ တင်ဆက်ထားပါတယ်။
မိုးကုတ်မြို့ဟာ ကမ္ဘာကျော်စေတဲ့ ပတ္တမြားနဲ့ တခြား တွင်းထွက်ရတနာတွေ တူးဖော်ခွင့် အစိုးရက ဆယ်စုနှစ်နဲ့ချီ ပိတ်ပင်ထားခဲ့တာကြောင့် ဖွံ့ဖြိုးမှုမရှိသလောက်ဖြစ်နေတာပါ။ မိုးကုတ်မြို့ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေနဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေဘယ်လို ရှိပါလဲ။ မမေခ အထူးအစီအစဉ် တင်ဆက်ထားပါတယ်။
ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦး အမှုကို ဒီကနေ့ ရန်ကုန်မြို့က တရားရုံးမှာ ဆက်လက်စစ်ဆေးရာမှာ ၂ ဘက် ရှေ့နေတွေ ဦးတိုက်လျှောက်လဲခဲ့ကြပါတယ်။ နိုင်ငံတော်လျို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကိုတော့ နိုင်ငံတကာကပါ အာရုံစိုက်လာစေဖို့ ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Amal Clooney ပါဝင်ကူညီနိုင်အောင် စီစဉ်နေကြောင်းလည်း ဒီကနေ့ တရားခွင်ကို ရောက်လာကြတဲ့ အကျိုးဆောင် ရှေ့နေတွေကပြောပါတယ်။
ကမ္ဘာကျော်တဲ့ မိုးကုတ်မြေဖွံ့ဖြိုးတိုးတက်နိုင်ဖို့ကို နိုင်ငံခြားခရီးသွားတွေလာရောက်လည်ပတ်နိုင်ခွင့်ပြုပေးနိုင်ဖို့ မန္တလေးတိုင်း အစိုးရဘက်ကတော့ ပြင်ဆင်နေပြီ လို့ဆိုပါတယ်။ မိုးကုတ်မြို့မှာ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ဗွီအိုအေ သတင်းထောက်မေခက သတင်းပေးပို့ထားပါတယ်။
မိုးကုတ်ဒေသမှာ ခရီးသွားလုပ်ငန်းနဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထားလုပ်ဆောင်ပေးသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြာလိုက်ပါတယ်။ မိုးကုတ်ဒေသကို ဘက်စုံ ဖွံ ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ် ကျင်းပတဲ့ မိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းကို တက်ရောက်လာတဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဲဒီလို ပြောကြားလိုက်တာပါ။
ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးဖို့နဲ့ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထားလုပ်ဆောင်ပေးသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဆိုပါတယ်။မိုးကုတ်မြို့ နှစ် ၈၀၀ပြည့်ပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ VOA သတင်းထောက် မမေခ က သတင်းပေးပို့ထားတာပါ။
သီတင်းပတ်အတွင်း ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြုထားတဲ့ အခွန်ဥပဒေသစ်မူကြမ်းမှာ အခွန်သက်သာခွင့် ပြင်ဆင်ချက်ပါအပိုဒ်ကို ဖယ်ရှားပြီး ပြည်ထောင်စုအခွန်အကောက် ဥပဒေကို ပြဌာန်းလိုက်လို့ ထောက်ခံသူ ကန့်ကွက်သူတို့ရဲ့ အမြင်မျိုးစုံ ထွက်ပေါ်နေပါတယ်။ ဒီတပါတ် သတင်းထောက် မှတ်စုမှာ မမေခက စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုအမျိုးသမီး စွမ်းဆောင်ရွင်ဆု ဆိုပြီး အမေရိကန်သံရုံးက ဆုချီးမြင့်တာမှာ တိုင်းရင်းသား အမျိုးသမီးတစ်ဖွဲ့၊ မသန်စွမ်း အရေးဆောင် ရွက်နေသူတစ်ဦး၊ ကျန်းမာရေး အဆင့်မြင့်တင်ရေး ဆောင်ရွက်နေသူ တစ်ဦးတို့ကို ပေးအပ်ခဲ့ပါတယ်။
တာဝန်က အနားယူသွားတဲ့ သမ္မတဦးထင်ကျော်ဟာ ရုပ်သေးဂုဏ်ထူးဆောင်သမ္မတလို့ သတ်မှတ်မှုတွေရှိပေမယ့်၊ သမ္မတကြီးဟာ သမ္မတရာထူးဆိုတဲ့ အရှိန်အဝါနဲ့ ထိုက်တန်ခဲ့သူဆိုတာကိုတော့ အများစုက လက်ခံခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မြန်မာ့ တပ်မတော်က တိုင်းမှူးတဦးကို အရေးယူထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ဒီကနေ့ နေ့လည်က နေပြည်တော်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည် စိစစ်ရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြားလိုက်တာပါ။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး တရားခံလို့ သံသရရှိသူ ၄၀၀နီးပါးကိုလည်း ဖမ်းဆီး အရေးယူနေတယ်လို ပြောပါတယ်။
မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာသံရုံးတွေကို နှစ် ၉၀ ကြာမြေနေရာဌားရမ်းမှုနဲ့ နေပြည်တော်သံတမန် ဇုံမှာဌားရမ်းသွားဖို့ရှိပါတယ်။ အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က မြေကွက် ၅ကွက် အထိ ရယူထားပြီး မလေးရှား၊ ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်းတို့လို အာဆီယံနိုင်ငံတွေလည်း မြေနေရာ ရယူထားနေပြီလို့ နိုင်ငံ့ခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကဆိုပါတယ်။
မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား ပြနိုင်ပြီး စိစစ်နိုင်ခဲ့တဲ့ လူ ၃၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကို ပြန်ပို့ထားပြီး သူတို့ဘက်က အကြောင်းပြန်တာကို စောင့်နေတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ပြင်ဆင်ဥပဒေကြမ်းကို ကန့်ကွက်မှုတွေကြားက အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာကြောင့် ဝေဖန်မှုတွေပိုတိုးလာပါတယ်။ ဒီဥပဒေကို ပြည်သူ့လွှတ်တော်မှာ ဆက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မေခ တင်ပြထားပါတယ်။
အငြင်းပွားဖွယ် ပြင်ဆင်မှုတွေကြောင့် ကန့်ကွက်တွေ့ ရှိနေတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးဖို့ ဒီကနေ့လွှတ်တော်မှာ တင်ပြလာပါတယ်။
အငြင်းပွားဖွယ် ပြင်ဆင်မှုတွေကြောင့် ကန့်ကွက်မှုများ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါပြီ။
ဘင်္ဂလားဒေရှ်က မြန်မာနိုင်ငံဘက်ကို ပေးပို့လာတဲ့ လူစာရင်းဟာ ၂နိုင်ငံသဘောတူထားတဲ့ အချက်အလက်တွေ မပါဝင်တာကြောင့် ပြန်လည်တောင်းခံထား တာမှာ ခုချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည် အကြောင်းပြန်လာတာ မရှိသေးဘူးလို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်